အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန
သောကြာနေ့

၂၆ စက်တင်ဘာ ၂၀၁၄

၁၈:၅၆:၂၃
640455

အေမာမ် ဂျဝါဒ် (အ.စ) ၏ အဖိုးတန် ဟဒီးစ်တော် ၂ပါး

အေမာမ် မိုဟမ္မဒ် သကီး (ခ) အေမာမ်ဂျဝါဒ် (အ.စ) ၏ ရှဟာဒသ် အချိန်အခါ တွင် အဗ်နာ ပရိတ်သတ်များ အတွက် သခင်ကြီး ၏ အဖိုးတန် ဟဒီးစ်တော် ၂ပါး ကိုတင်ပြ လိုက်ရပါသည်။


အေမာမ် မိုဟမ္မဒ် သကီး (ခ) အေမာမ်ဂျဝါဒ် (အ.စ) မိန့်တော်မူသည်။
“ အကြင်မည်သူမဆို အလ္လာဟ် ဟို အရှင်မြတ် သခင်အပေါ် အားကိုးယုံကြည်မှု ထားမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း ကို ပျော်ရွှင်စေတော်မူလေသည်။မည်သူမဆို အလ္လာဟ် ဟို အရှင်မြတ် အပေါ် အားထား မျှော်လင့်ချက်ထားမည်ဆိုလျှင် အလ္လာဟ် ဟိုအရှင်မြတ်သည် ၎င်း၏အလုပ်များ အားလုံး အတွက် လုံလောက်မှု ကိုပေးသနား တော်မူလေသည်။ အလ္လာဟ် ဟိုအရှင်မြတ် အပေါ် စိတ်ချ ယုံကြည်ခြင်းသည် ဤကဲ့သို့သော် ခံတပ် ဖြစ်လေ၏။ထိုခံတပ်တွင်  သစ္စာရှင်မိုမင်များမှအပ အခြားမည်သူမျှ ခိုလုံ၍ မရချေ။ အလ္လာဟ် ဟို အရှင်မြတ်အပေါ်အားထား မျှော်လင့်ချက်ထား သည် မကောင်းမှု အားလုံး မှ လွတ်မြှောက်စေပြီး ၊ ရန်သူအမျိုးစုံ၏ ရန်မှ လုံခြုံမှု ကို ဖြစ်စေပါသည်။ သာသနာသည့် သိက္ခာ ၊ ပညာသည် ရတနာ သိုက် ၊ တိတ်ဆိတ်ငြိမ် သက်ခြင်းသည် နူးရ် ဖြစ်ပါသည်။ ဇိုဒ်(လောကမမက်မောမှု) ၏ နောက်ဆုံး အဆင့်သည် က ဂိုနာ အပြစ်ဒုစရိုက်မှန်သမျှ မှ ရှောင့်ကြဉ်ခြင်း ဖြစ်ပါသည်။ ဗေဒအသ် (သာသနာအတွင်း ရှရီအသ် ခွင့်မပြုသည့် အသစ်အဆန်း ပြုလုပ်မှုများ ) များလောက် သာသနာတော်ကို ဖျက်စီးစေသည့် အရာ မရှိချေ။ လောဘရမက်လောက် မနုဿလူသား ကို ဖွာစေက် (ရှရီအသ် အမိန့်တော်များ ကို ချိုးဖောက်သူ)  စေသည့်ဘဝ ရောက်အောင် မည်သည့် အရာ မျှ မလုပ်နိုင်ချေ။  မနုဿလူသားများ အတွက် ပြုပြင်တည်းမတ် ပေးမှုဆိုသည်မှာ ၎င်းတို့၏ ခေါင်းဆောင် မှ ဆောက်ရွက်မှ ရပေသည်။ဒိုအာ များ ဖြင့် မကောင်းမှု ၊ကံဆိုးမိုးမှောင်ကျမှု များ  ဝေးကွာ နိုင်ပါသည်။ ”
အအ်ယာနွရှ်ရှီအာ ကျမ်း၊ပုံနှိပ်  အသစ် ၊ အတွဲ ၂ စာမျက်နှာ ၃၅


အေမာမ် မိုဟမ္မဒ် သကီး (ခ) အေမာမ်ဂျဝါဒ် (အ.စ) မိန့်တော်မူသည်။
“ အကြင်မည်သူ မဆို ဒုစရိုက်သမားကို မျှော်လင့်ချက် ပေးမည်ဆိုလျှင် (၎င်း၏ လိုအက်ဆန္ဒကိုဖြည့် စီးပေးမည်) ဆိုလျှင် ၎င်း အတွက် အသေးဆုံး ပြစ်ဒဏ်မှာ (နေအ်မသ်တော်များမှ ) အပယ်ခံရခြင်း ဖြစ်ပေမည် ။ ”
အဲဟ်ကာကိုလ်ဟက် ကျမ်း အတွဲ ၁၂ ၊စာမျက်နှာ ၄၃၆