အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန
ကြာသပတေးနေ့

၂ အောက်တိုဘာ ၂၀၁၄

၁၇:၄၆:၂၆
641907

အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) ၏ ဟဒီးစ်တော်များ

အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) ၏အခုလို ရှ ဟာ ဒသ်နေ့ အချိန်အခါ တွင် မှတ်သားလိုက်နာ ရမည့် အဖိုးတန် အေမာမ်သခင်ကြီး (အ.စ) ၏ ဟဒီးစ် တော် များ အချို့ ကို ဟွဂ်ျဂျသွလ်အစ္စလာမ် မွတ်စလင်မ်မီ အလ်ဟဂ်ျမောင်လာနာ ရောင်ရှန်အလီနဂျဖီဆပ် (ရ.ဟ) ၏ ကြိုးစားထားမှုများမှ ရိုသေလေးစား ဂုဏ်ယူ ရသည့် အဗ်နာ သတင်းဌာန ၊ ပရိတ်သတ် များ အ တွက် တစ်ချို့ ကို ဖော် ပြ လိုက် ရပါသည်။

 
အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) ၏အခုလို ရှ ဟာ ဒသ်နေ့ အချိန်အခါ တွင် မှတ်သားလိုက်နာ ရမည့် အဖိုးတန် အေမာမ်သခင်ကြီး (အ.စ) ၏ ဟဒီးစ် တော် များ အချို့ ကို  ဟွဂ်ျဂျသွလ်အစ္စလာမ် မွတ်စလင်မ်မီ အလ်ဟဂ်ျမောင်လာနာ ရောင်ရှန်အလီနဂျဖီဆပ် (ရ.ဟ) ၏ ကြိုးစားထားမှုများမှ  ရိုသေလေးစား ဂုဏ်ယူ ရသည့် အဗ်နာ သတင်းဌာန ၊ ပရိတ်သတ် များ အ တွက်  တစ်ချို့  ကို ဖော် ပြ လိုက် ရပါသည်။
အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) မိန့်တော်မူ တော် မူသည်။
مَنْ مَشَى إِلَى سُلْطَانٍ جَائِرٍ فَأَمَرَهُ بِتَقْوَى اللَّهِ وَ وَعَظَهُ وَ خَوَّفَهُ كَانَ لَهُ مِثْلُ أَجْرِ الثَّقَلَيْنِ الْجِنِّ وَ الْإِنْسِ وَ مِثْلُ أَعْمَالِهِمْ.
အဓိပ္ပာယ် (( အကြင်မည်သူ မဆို မင်းဆိုးမင်းညစ် ဘုရင်အား(အာဏာရှင် )အား သက်္ကဝါအေ အေလာဟီ (သီလသမာဓိ ရှိရန်)  နှင့် အလ္လာဟ့် ကြောက်စိတ် ရှိ ရန် အမိန့်ပေးမည် ၊ ၎င်းကို ဆုံးမစကား ဆိုမည် ဆိုလျှင် ထိုပြုလုပ်သူ အတွက် မနုဿ လူသား နှင့် ဂျင်(န) များ ရရှိမည့် အကျိုး စဝါးဗ် ပမာ ရရှိမည် ဖြစ်ပါ သည်။ ၎င်း မနုဿလူသား နှင့် ဂျင်(န) များ၏ (ကောင်းမြတ် သည့်) လုပ် ရပ်များ နှင့် နည်းတူ အကျိုးစဝါးဗ် ရရှိ မည် ဖြစ်ပါသည်။))
ဝစာအေ လွရှ်ရှီအာ ကျမ်း အတွဲ ၁၆ ၊ စာမျက်နှာ ၁၃၄ အဲဟ်လေ့ဘိုက်(သ)(အ.စ) ပုံနှိပ်တိုက် ၊၁၉၈၈ ပထမ  အကြိမ် ၊ ကွမ်းမြို့   ၊  ပြည်ထောင်စု အစ္စလာမ် မီစ် အီရန် နိုင်ငံ
……………………………………………………
အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) မိန့်တော်မူ တော် မူသည်။
بُنِيَ الْإِسْلَامُ عَلَى خَمْسٍ إِقَامِ الصَّلَاةِ وَ إِيتَاءِ الزَّكَاةِ وَ حِجِّ الْبَيْتِ وَ صَوْمِ شَهْرِ رَمَضَانَ وَ الْوَلَايَةِ لَنَا أَهْلَ الْبَيْتِ فَجُعِلَ فِي أَرْبَعٍ مِنْهَا رُخْصَةٌ وَ لَمْ يُجْعَلْ فِي الْوَلَايَةِ رُخْصَةٌ مَنْ لَمْ يَكُنْ لَهُ مَالٌ لَمْ يَكُنْ عَلَيْهِ الزَّكَاةُ وَ مَنْ لَمْ يَكُنْ عِنْدَهُ مَالٌ فَلَيْسَ عَلَيْهِ حَجٌّ وَ مَنْ كَانَ مَرِيضاً صَلَّى قَاعِداً وَ أَفْطَرَ شَهْرَ رَمَضَانَ وَ الْوَلَايَةُ صَحِيحاً كَانَ أَوْ مَرِيضاً أَوْ ذَا مَالٍ أَوْ لَا مَالَ لَهُ فَهِيَ لَازِمَةٌ وَاجِبَةٌ.
 အဓိပ္ပာယ် (( အစ္စလာမ် သာသနာ၏ အခြေခံ အုတ် မြစ်သည် ငါးခု သော် အရာပေါ်တွင် တည် နေပါ သည်။(၁)နမာဇ် တည်ဆောက်ခြင်း (၂) ဇကာသ် ပေး ဆောင်ခြင်း ၊ (၃) ဟဂ်ျပြုခြင်း၊ (၄) ရမ်ဇာန် လမြတ် တွင် ရိုဇာ ထားခြင်း ၊ ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ်အချစ်မေတ္တာ ထားခြင်း တို့ဖြစ်ပါသည်။ ပထမ လေးခု နှင့်ပတ်သက်ပြီး (အချို့နေရာများ၊ အခြေ အနေများတွင် ) မကျင့်ဆောင်ရန်ခွင့် ပေးထား ပါသည်။ သို့သော် ကျွန်ုပ်တို့ အပေါ် အချစ်မေတ္တာ ထားမှု နှင့်ပတ်သက်ပြီး  (မည်သည့်အခါမျှ )  ရှောင့် ဖယ် ခွင့် မရှိချေ။ (ဥပမာ) ဥစ္စာပစ္စည်းမရှိသူ အတွက် ဇကာသ် ပေးဆောင်ရန် တာဝန်မရှိချေ။ (ထိုနည်းတူ) ၎င်းအတွက် ဟဂ်ျပြုရန် တာဝန်မရှိချေ။ ပြီးနောက် မကျန်းမမာသူ အတွက် ထိုင်၍ နမာဇ် တည် ဆောက် နိုင်ခွင့် ရှိပါသည်။ လမြတ်ရမ်ဇန်  ရိုဇာ မထား ခွင့်ရှိပါသည်။ သို့သော် ကျွန်ုပ်တို့ အပေါ် အချစ် မေတ္တာ ထား ခြင်းသည် အားလုံး အတွက် ဝါဂျစ်ဗ် မပြု မနေရ ဖြစ်ပါသည်။ ကျန်းမာသူဖြစ်စေ ၊မကျန်း မာသူဖြစ်စေ ၊ ဆင်းရဲသူ ဖြစ်စေ ၊ သူဌေး ဖြစ်စေ အား လုံး အပေါ် ဝါဂျစ်ဗ် မပြုမနေရ ဖြစ်ပါသည်။ ))
အဲလ်ခေဆွာ ကျမ်း အတွဲ ၁၊ စာမျက်နှာ ၂၈၇ ၊ဂျအ်မေမိုဒရေစင်  ပုံနှိပ် ၊၁၉၈၃ ပထမ  အကြိမ် ၊ ကွမ်းမြို့   ၊ ပြည်ထောင်စု အစ္စလာမ် မီစ် အီရန် နိုင်ငံ
……………………………………………………
အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) မိန့်တော်မူ တော် မူသည်။
أَوْحَى اللَّهُ إِلَى شُعَيْبٍ النَّبِيِّ ع إِنِّي لَمُعَذِّبٌ مِنْ قَوْمِكَ مِائَةَ أَلْفٍ أَرْبَعِينَ أَلْفاً مِنْ شِرَارِهِمْ وَ سِتِّينَ أَلْفاً مِنْ خِيَارِهِمْ فَقَالَ يَا رَبِّ هَؤُلَاءِ الْأَشْرَارُ فَمَا بَالُ الْأَخْيَارِ فَأَوْحَى اللَّهُ عَزَّ وَ جَلَّ إِلَيْهِ أَنَّهُمْ دَاهَنُوا أَهْلَ الْمَعَاصِي وَ لَمْ يَغْضَبُوا لِغَضَبِي.
အဓိပ္ပာယ် (( အလ္လာဟ် ဟိုအရှင်မြတ် သခင်မှ ဟဇရသ် ရှိုအိုက်ဗ် (အ.စ) သခင်အပေါ် ဝဟီ ဗျာဒိတ် တော် ချတော်မူ၏။ ငါ (အလ္လာဟ်ဟိုအရှင်မြတ်) သည် အသင်၏ လူမျိုးစု၏ အယောက် ၁သိန်း အပေါ် အဇါဗ် ချတော်မူ မည် ၊ မကောင်းသူ  ၊ မသူတော် အယောက် လေးသောင်း နှင့် ကောင်းသူ ၊ လူသူတော် အယောက် ခြောက် သောင်း  အပေါ် ချမည် ဖြစ်ပေ သည်။  (နဘီ) ဟဇရသ် ရှိုအိုက်ဗ် (အ.စ) သခင်မှ လျှောက်တော် မူ လေ၏။ အိုမွေးမြူတော်မူသည် အရှင်  အယောက် လေးသောင်း မှာ မိမိ၏ မကောင်းမှု ဒုစရိုက်များ ကြောင့် အဇါဗ်ခံထိုက် ပေသည်။သို့သော် ဤ လူ ကောင်း အယောက် ခြောက်သောင်း သည် အ ဘယ် ကြောင့် အဇါဗ် ခံရမည်နည်း ?
အလ္လာဟ် ဟိုအရှင်မြတ် သခင်မှ ဟဇရသ် ရှိုအိုက်ဗ် (အ.စ) သခင်အပေါ် ဝဟီ ဗျာဒိတ် တော် (တဖန်) ချတော်မူ ၏။ အကြောင်းမှာ ဤ လူကောင်း လူမွန် တို့ သည် ထို မကောင်းသူ များ ကိစ္စ နှင့်ပတ်သက်ပြီး  ပျင်းရိခဲ့ အားပျော့ ခဲ့သည့်အတွက်ကြောင့် ဖြစ်ပါသည်။  ကျွန်ုပ် (အလ္လာဟ်ဟိုအရှင်မြတ် )  အမျက် ထွက် နေတာတောင် ၎င်းတို့အပေါ် စိတ်မဆိုးကြချေ။ (တနည်းဆိုရလျှင် ၎င်းမကောင်းသူများ အပေါ်ချစ်ခင် ပြီး အတူနေထိုင်ခဲ့လေသည်။ ကောင်းရာ ညွန်းကြား ၊ မကောင်းရာ တားမြစ် ခြင်း ကို မပြုခဲ့သည့် အတွက် ကြောင့် ဖြစ်ပါသည်။ ) ))
သဲဟ်ဇီးဘွလ်အဲဟ်ကာမ် (သဲဟ်ကီးက် ခိုရ်စာန် ) ကျမ်း အတွဲ ၈ ၊ စာမျက်နှာ ၁၈၁ ၊ ဒါရွလ် ကိုသူဗ်ဗေ အစ္စလာမ်မီယာ ပုံနှိပ် ၊၁၉၈၃ စတုတ္တ  အကြိမ် ၊ တီဟီရန် မြို့  ၊ ပြည်ထောင်စု အစ္စလာမ် မီစ် အီရန် နိုင်ငံ
……………………………………………………..
အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) မိန့်တော်မူ တော် မူသည်။
مَنْ أَحَبَّ لِلَّهِ  وَ أَبْغَضَ لِلَّهِ وَ أَعْطى‏ لِلَّهِ ، فَهُوَ مِمَّنْ كَمَلَ إِيمَانُه‏.
အဓိပ္ပာယ် (( အကြင်မည်သူ မဆို အလ္လာဟ် ဟို အ ရှင်မြတ် သခင် အတွက်သာ မိတ်ဆွေ ဖွဲ့မည် ၊ ရန်ငြိုး ထား များ၊ အလ္လာဟ် ဟိုအရှင်မြတ် အတွက် သာ ပေး ကမ်းချီး မြှင့်မည်ဆိုလျှင်  ထိုသူ၏ အီမာန် သည် ပြီးပြည့်စုံမှု ကို ဖြစ်စေပါသည်။ ))
အဲလ်ကာဖီ  ကျမ်း အတွဲ ၂ ၊ စာမျက်နှာ ၁၂၄ ၊ ဒါရွလ် ကိုသူဗ်ဗေ အစ္စလာမ်မီယာ ပုံနှိပ် ၊၁၉၈၆ စတုတ္တ  အကြိမ် ၊ တီဟီရန် မြို့  ၊ ပြည်ထောင်စု အစ္စလာမ် မီစ် အီရန် နိုင်ငံ
……………………………………………………..
အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) မိန့်တော်မူ တော် မူသည်။
إِنَّ الرَّجُلَ إِذَا أَصَابَ مَالًا مِنْ حَرَامٍ لَمْ يُقْبَلْ مِنْهُ حَجٌّ، وَ لَا عُمْرَةٌ، وَ لَا صِلَةُ رَحِم .. ‏.
အဓိပ္ပာယ် ((  မုချဧကန် မနုဿ လူသားသည် ဟရာမ် ပစ္စည်း ကြောင့် သူဌေးဖြစ်လာမည်ဆိုလျှင် ၎င်း၏ ဟဂ်ျပြုမှု ၊အိုမရာ ပြုမှု ၊စေလာရေ ရဟ်မ် (ဆွေမျိုးသား ချင်း (အဖေ၊အမေ၊ ညီအစ်ကိုမောင်နှမ ….. တို့အား ကြည့် ရှု့  ပေးကမ်းမှု )  ပြုမှု များသည် ကဘူလ် ဖြစ်တော်မူမည် မဟုတ်ချေ။ ))
အမါလီ ရှိက်သူစီး (ရ.ဟ)  ကျမ်း  စာမျက်နှာ ၆၈၀ ၊ ဒါရွလ် သဲဟ်ကီးက်  ပုံနှိပ် ၊ ၁၉၉၃ ပထမ  အကြိမ် ၊ ကွမ်း မြို့  ၊ ပြည်ထောင်စု အစ္စလာမ် မီစ် အီရန် နိုင်ငံ
……………………………………………………..
အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) မိန့်တော်မူ တော် မူသည်။
أَنَّ أَشَدَّ النَّاسِ حَسْرَةً يَوْمَ الْقِيَامَةِ مَنْ وَصَفَ عَدْلًا ثُمَّ خَالَفَهُ إِلَى غَيْرِه‏.
အဓိပ္ပာယ် (( မုချဧကန် ကေယာမသ် နေ့တွင် ဝမ်းနည်း စရာ အကောင်း တကာအကောင်းဆုံး မှာထို မနုဿ လူသားအတွက် ဖြစ်ပေမည်။ ထိုပုဂ္ဂိုလ်သည် လူထုကို တရားမျှတရန်၊ကျောသားရင်သားမခွဲခြားရန် လမ်းပြခဲ့ပြီး မိမိကိုယ်တိုင် အခြားလမ်းကို လျှောက်ခဲ့ သူ ဖြစ်ပေသည်။ ))
ကိုရ်ဗေအေစ်နတ်ဒ်  ကျမ်း  စာမျက်နှာ ၃၃ ၊ အဲဟ် လေ့ဘိုက်(သ) (အ.စ) ပုံနှိပ်တိုက် ၊ ၁၉၉၂ ပထမ  အကြိမ် ၊ ကွမ်း မြို့  ၊ ပြည်ထောင်စု အစ္စလာမ် မီစ် အီရန် နိုင်ငံ
ဟွဂ်ျဂျသွလ်အစ္စလာမ် မွတ်စလင်မ်မီ အလ်ဟဂ်ျမောင်လာနာ ရောင်ရှန်အလီနဂျဖီဆပ် (ရ.ဟ)
……………………………………………………..