အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန
အင်္ဂါနေ့

၁၄ အောက်တိုဘာ ၂၀၁၄

၁၉:၃၉:၅၅
644352

မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ ဟဒီးစ်တော် အချို့

ရစူလ် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) မိန့်တော် မူသည်။ قَالَ رَسُولُ اللَّهِ ص يَا عِبَادَ اللَّهِ أَنْتُمْ كَالْمَرْضَى وَ اللَّهُ رَبُّ الْعَالَمِينَ كَالطَّبِيبِ فَصَلَاحُ الْمَرْضَى فِيمَا يَعْلَمُهُ الطَّبِيبُ وَ يُدَبِّرُهُ بِهِ لَا فِيمَا يَشْتَهِيهِ الْمَرِيضُ وَ يَقْتَرِحُهُ أَلَا فَسَلِّمُوا لِلَّهِ أَمْرَهُ تَكُونُوا مِنَ الْفَائِزِين‏ ၁ ။ (( အို ... အလ္လာဟ် ဟို အရှင်မြတ်၏ ကျေးကျွန် အပေါင်းတို့ .... အသင်တို့ အားလုံးသည် ရောဂါသည်များပမာ ဖြစ်လေ၏ ။ လောကအပေါင်းကို ဖန်ဆင်း ပျိုးထောင် တော်မူသည့် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် သမားတော် (ဒေါက်တာ) ပမာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ရောဂါသည်များ ၏ အကျိုးအမြတ်(တနည်းဆိုရလျှင် ) အသင်တို့၏ အကျိုးအမြတ် သည် သမားတော် (အလ္လာဟ်)လိုလားသည့် အတိုင်း ၊ ၎င်း ပေးထားသည့် အမိန့် အတိုင်း ဆောက်ရွက်ပါလေ။ရောဂါသည်၏လိုလားသည့်အတိုင်း (အကြိုက်အတိုင်း လုပ်မည်ဆို လျှင်) ဤကဲ့သို့ လုပ်ရပ်တွင် (ရောဂါသည်(အလ္လာဟ်ကျေးကျွန်များ)အတွက်) အကျိုးအမြတ် ရှိမည် မဟုတ်ချေ။( ဤအတွက် ကြောင့်) အလ္လာဟ်ဟို အရှင်မြတ် သခင်၏ အမိန့်တော်များ အတိုင်း (တသွေမသိမ်း) လိုက်နာ ဆောက်ရွက်ပါလေ။ ထို့ မှသာ အောင်မြင်မှု ကို ဆွတ်ခူး နိုင်မည် ဖြစ်ပါသည်။ မဂ်ျမူအာသေဝရ်ရာမ် ကျမ်း အတွဲ ၂ ၊ စာမျက်နှာ ၁၁၇၊ မက်သဗာသိုလ်ဖကီးယဟ် ပုံနှိပ်တိုက် ၊၁၉၈၉ ပထမ အကြိမ် ၊ ကွမ်းမြို့ ၊ ပြည်ထောင်စု အစ္စလာမ် မီစ် အီရန် နိုင်ငံ =============== အောက်ပါအတိုင်းဆက်လက် လေ့လာကြပါစို့ ....


ရစူလ် ကိုယ်တော်မြတ် မိုဟမ္မဒ်  (ဆွ) မိန့်တော် မူသည်။
قَالَ رَسُولُ اللَّهِ ص يَا عِبَادَ اللَّهِ أَنْتُمْ كَالْمَرْضَى وَ اللَّهُ رَبُّ الْعَالَمِينَ كَالطَّبِيبِ فَصَلَاحُ الْمَرْضَى فِيمَا يَعْلَمُهُ الطَّبِيبُ وَ يُدَبِّرُهُ بِهِ لَا فِيمَا يَشْتَهِيهِ الْمَرِيضُ وَ يَقْتَرِحُهُ أَلَا فَسَلِّمُوا لِلَّهِ أَمْرَهُ تَكُونُوا مِنَ الْفَائِزِين‏
၁ ။ (( အို ... အလ္လာဟ် ဟို အရှင်မြတ်၏ ကျေးကျွန်  အပေါင်းတို့ ....
အသင်တို့ အားလုံးသည် ရောဂါသည်များပမာ ဖြစ်လေ၏ ။ လောကအပေါင်းကို ဖန်ဆင်း ပျိုးထောင် တော်မူသည့် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် သမားတော် (ဒေါက်တာ) ပမာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ရောဂါသည်များ ၏ အကျိုးအမြတ်(တနည်းဆိုရလျှင် ) အသင်တို့၏ အကျိုးအမြတ် သည် သမားတော် (အလ္လာဟ်)လိုလားသည့် အတိုင်း ၊ ၎င်း ပေးထားသည့် အမိန့် အတိုင်း ဆောက်ရွက်ပါလေ။ရောဂါသည်၏လိုလားသည့်အတိုင်း (အကြိုက်အတိုင်း လုပ်မည်ဆို လျှင်) ဤကဲ့သို့ လုပ်ရပ်တွင် (ရောဂါသည်(အလ္လာဟ်ကျေးကျွန်များ)အတွက်) အကျိုးအမြတ် ရှိမည် မဟုတ်ချေ။( ဤအတွက် ကြောင့်) အလ္လာဟ်ဟို အရှင်မြတ် သခင်၏ အမိန့်တော်များ အတိုင်း (တသွေမသိမ်း) လိုက်နာ ဆောက်ရွက်ပါလေ။ ထို့ မှသာ အောင်မြင်မှု ကို ဆွတ်ခူး နိုင်မည် ဖြစ်ပါသည်။
မဂ်ျမူအာသေဝရ်ရာမ် ကျမ်း အတွဲ ၂ ၊ စာမျက်နှာ ၁၁၇၊ မက်သဗာသိုလ်ဖကီးယဟ် ပုံနှိပ်တိုက် ၊၁၉၈၉ ပထမ  အကြိမ် ၊ ကွမ်းမြို့   ၊  ပြည်ထောင်စု အစ္စလာမ် မီစ် အီရန် နိုင်ငံ
………………………………………..


ရစူလ် ကိုယ်တော်မြတ် မိုဟမ္မဒ်  (ဆွ) မိန့်တော် မူသည်။
مَنْ أَصْبَحَ لَا يَهْتَمُّ بِأُمُورِ الْمُسْلِمِينَ فَلَيْسَ مِنْهُمْ وَ مَنْ سَمِعَ رَجُلًا يُنَادِي يَا لَلْمُسْلِمِينَ فَلَمْ يُجِبْهُ فَلَيْسَ بِمُسْلِمٍ
၂။ အကြင်မည်သူမဆို မွတ်စလင်မ်များ၏ကိစ္စများ အတွက် (မတွေးဘဲ) မလုပ်ဆောင်ဘဲ မနက်မိုး သောက်မည် ဆိုလျှင် ထိုသူသည် မွတ်စလင်မ် မဟုတ်ချေ။ (ထိုနည်းတူစွာ) အကြင် မည်သူမဆို မွတ်စလင်မ်များအကူအညီ အဖေး အမ အတွက် မေတ္တာရပ်ခံနေသည်ကို ကြားလျက် မည်သူမဆို  မကူညီမဖေးမည်ဆိုလျှင်ထိုသူသည်(လည်း ) မွတ်စလင်မ် မဟုတ်ချေ။
အူဆူလေကာဖီ ကျမ်း အတွဲ ၂ ၊ စာမျက်နှာ ၁၆၄ ၊ဒါရိုကိုသူဗ်ဗေ အစ္စလာမ်မီယာ ပုံနှိပ်တိုက် ၊၁၉၈၆ စတုတ္တ  အကြိမ် ၊ တီဟီရန် ၊  ပြည်ထောင်စု အစ္စလာမ် မီစ် အီရန် နိုင်ငံ
……………………………………………………
ရစူလ် ကိုယ်တော်မြတ် မိုဟမ္မဒ်  (ဆွ) မိန့်တော် မူသည်။
أَنَّ النَّبِيَّ ص بَعَثَ بِسَرِيَّةٍ فَلَمَّا رَجَعُوا قَالَ مَرْحَباً بِقَوْمٍ قَضَوُا الْجِهَادَ الْأَصْغَرَ وَ بَقِيَ الْجِهَادُ الْأَكْبَرُ قِيلَ يَا رَسُولَ اللَّهِ ص وَ مَا الْجِهَادُ الْأَكْبَرُ قَالَ جِهَادُ النَّفْسِ.
၃။ ရစူလ် ကိုယ်တော်မြတ် (ဆွ) သခင်မှ စစ်တပ်ငယ်လေး တစ်ခု အား (အစ္စလာမ့်ရန်သူများနှင့် (ခုခံ)စစ်တိုက်ရန်) စေလွတ်ခဲ့လေသည်။ ထို သူများ စစ်ပွဲမှ ပြန်လာကြသည့်အခါ ရစူလ် ကိုယ်တော်မြတ် (ဆွ) သခင်မှ မိန့်တော် မူလေ၏ ။ ဂျေဟာဒ် ငယ်ကို အောင်မြင်ပြီး ပြန်လာသူများ အတွက် ဂုဏ်ယူပါတယ် ။ ပြီးနောက် ၎င်းတို့ အတွက် ဂျေဟာဒ် အကြီး (အောင်ရန်) ကျန်ပါသည်။ မေးမြန်းလျှောက် ထားကြလေ၏ ။  အို အလ္လာဟ် ဟို အရှင်မြတ်၏ မြတ် တမန်တော်(ဆွ) ဂျေဟာဒ် အကြီး ဆိုသည်မှာ အဘယ် အရာဖြစ်ပါသနည်း ?  မိန့်တော်မူလေ၏ ။ နာဖ်နှင့် ဂျေဟာဒ် ပြုခြင်း  ဖြစ်လေ၏။ (စိတ်အလိုမလိုက်ခြင်းဖြစ်လေ၏။)
အူဆူလေကာဖီ ကျမ်း အတွဲ ၅ ၊ စာမျက်နှာ ၁၂၊  ဒါရိုကိုသူဗ်ဗေ အစ္စလာမ်မီယာ ပုံနှိပ်တိုက် ၊၁၉၈၆ စတုတ္တ  အကြိမ် ၊ တီဟီရန် ၊  ပြည်ထောင်စု အစ္စလာမ် မီစ် အီရန် နိုင်ငံ
........................................................................................
ရစူလ် ကိုယ်တော်မြတ် မိုဟမ္မဒ်  (ဆွ) မိန့်တော် မူသည်။
إِذَا ظَهَرَتِ الْبِدَعُ فِي أُمَّتِي فَلْيُظْهِرِ الْعَالِمُ عِلْمَهُ فَمَنْ لَمْ يَفْعَلْ فَعَلَيْهِ لَعْنَةُ اللَّهِ.


၎။ကျွန်ုပ်၏ အွန်မသ်(နောက်လိုက်နောက်သားများ ) အကြား  ဗေဒအသ်များ ပေါ်ပေါက်လာလျှင်  မိမိပညာကို ပြသရမည်မှ သာသနာပညာရှင်၏ (သမိုင်းပေး)တာဝန် ဖြစ်ပါသည်။အကယ်၍ ဤ ကဲ့သို့ မပြုခဲ့လျှင် ထိုသူ(သာသနာ့ပညာရှင် )အပေါ် မြတ်အလ္လာဟ်၏ လအ်နသ် ကျရောက်ပါစေ ။
အူဆူလေကာဖီ ကျမ်း အတွဲ ၁ ၊ စာမျက်နှာ ၅၄၊  ဒါရိုကိုသူဗ်ဗေ အစ္စလာမ်မီယာ ပုံနှိပ်တိုက် ၊၁၉၈၆ စတုတ္တ  အကြိမ် ၊ တီဟီရန် ၊  ပြည်ထောင်စု အစ္စလာမ် မီစ် အီရန် နိုင်ငံ
........................................................................................
ရစူလ် ကိုယ်တော်မြတ် မိုဟမ္မဒ်  (ဆွ) မိန့်တော် မူသည်။
شَرُّ النَّاسِ مَنْ بَاعَ آخِرَتَهُ بِدُنْيَاهُ وَ شَرٌّ مِنْ ذَلِكَ مَنْ بَاعَ آخِرَتَهُ بِدُنْيَا غَيْرِه‏
၅။မကောင်းတကာ မကောင်းဆုံး ပုဂ္ဂိုလ်မှာ  မိမိ၏ လောကုတ္တရာ ကို  မိမိ၏ လောကီ အတွက် ရောင်းစား သူ ဖြစ်ပါသည်။ ၎င်းထက် ပိုပြီး မကောင်းသူ ဆိုးရွား သည့် ပုဂ္ဂိုလ်မှာ မိမိ၏ လောကုတ္တရာ ကို သူတစ်ပါး ၏ လောကီ အတွက် ရောင်းစား သူ ဖြစ်ပါသည်။
မန်လာယအ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း အတွဲ၎ ၊ စာမျက်နှာ ၃၅၃ ၊ ဂျအ်မေမိုဒရေစင်  ပုံနှိပ်၊ ၁၉၉၂  ဒုတိယ  အကြိမ် ၊ ကွမ်း မြို့  ၊ ပြည်ထောင်စု အစ္စလာမ် မီစ် အီရန် နိုင်ငံ
ဟွဂ်ျဂျသွလ်အစ္စလာမ် မွတ်စလင်မ်မီ အလ်ဟဂ်ျမောင်လာနာ ရောင်ရှန်အလီနဂျဖီဆပ်(ရ.ဟ)
………………………………………………………..