အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB မြန်မာ
တနင်္ဂနွေနေ့

၁၉ အောက်တိုဘာ ၂၀၁၄

၂၁:၅၄:၃၈
645461

အီဘိုလာကြောင့် လိုက်ဘေးရီးယားကလေးငယ် ရာပေါင်းများစွာ မိဘမဲ့ဘ၀ရောက်

အီဘိုလာကြောင့် သေဆုံးသူတွေထဲက ထက်ဝက်ဟာ လိုက်ဘေးရီယား နိုင်ငံသားတွေ ဖြစ်ပြီး အခုအထိ လူ ၂၅၀၀ နီးပါး သေဆုံးသွားပြီလို့ တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။ နေ့စေ့ညစေ့ ကိုယ်ဝန်ဆောင်ထားရတဲ့ မီယာတာ Miatta မှာ ကလေးမမွေးခင် ရက်ပိုင်းလေးမှာပဲ ညီမလေး သုံးယောက်ကို စောင့်ရှောက်ဖို့ တာဝန်ပိုနေပါတယ်။

အဲဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ

==================================================
    
အီဘိုလာကြောင့် သေဆုံးသူတွေထဲက ထက်ဝက်ဟာ လိုက်ဘေးရီယား နိုင်ငံသားတွေ ဖြစ်ပြီး အခုအထိ လူ ၂၅၀၀ နီးပါး သေဆုံးသွားပြီလို့ တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

နေ့စေ့ညစေ့ ကိုယ်ဝန်ဆောင်ထားရတဲ့ မီယာတာ Miatta မှာ ကလေးမမွေးခင် ရက်ပိုင်းလေးမှာပဲ  ညီမလေး သုံးယောက်ကို စောင့်ရှောက်ဖို့ တာဝန်ပိုနေပါတယ်။

မိဘတွေ အီဘိုလာ ရောဂါကြောင့် သေဆုံးခဲ့ပြီးနောက် ညီမတွေကို စောင့်ရှောက်ဖို့ သူ့မှာ တာဝန်ရှိလာတာပါ။

ဖခင်က သြဂုတ်လမှာ ဆုံးပြီး၊ မိခင်က စက်တင်ဘာလမှာ ဆုံးသွားတာလို့ ရှင်းပြပါတယ်။

တခြား မိသားစုဝင်တွေကလည်း နီးနီးနားနားမှာ မရှိတဲ့အတွက် မီယာတာကပဲ တတ်နိုင်သလောက် စောင့်ရှောက်ပေးနေရပါတယ်။

ဒါပေမယ့် အီဘိုလာ ရောဂါကြောင့် မိဘနှစ်ပါး သေဆုံးသွားတဲ့အခါ အ၀တ်အစားတွေကအစ မီးရှို့ခဲ့ရလို့ အ၀တ်အစားတောင် ချို့တဲ့နေကြပါတယ်။

“ကလေးတွေကို ကျောင်းပို့ဖို့ ငွေလိုတယ်၊ အ၀တ်အစားလိုတယ်၊ စားစရာလည်း ဘာမှ မရှိဘူး” လို့ သူက ရှင်းပြပါတယ်။

မီယာတာတို့ မောင်နှမ လေးယောက် ဇာတ်လမ်းဟာ လိုက်ဘေရီးယားမှာ အခုအထိ အတည်ပြုနိုင်တဲ့ မိဘမဲ့ ကလေး အယောက် ၅၀ ရဲU ဇာတ်လမ်းထဲက တစိတ်တပိုင်းပဲ ရှိပါသေးတယ်။

လိုက်ဘေးရီးယားမှာ အီဘိုလာ ရောဂါကြောင့် တနိုင်ငံလုံးနှစ်ပတ်ကြာအောင် အိမ်ထဲက အိမ်ပြင် မထွက်တဲ့ ရက်သတ္တပတ်ဆိုပြီး ဖြတ်သန်းခဲ့ရပါတယ်။အဲဒီကာလကို ကျော်လာခဲ့ပေမယ့် မိဘမဲ့ကလေးတွေကိုတော့  စောင့်ရှောက်မဲ့သူ မရှိပါဘူး။

မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေဟာ နဂိုကတည်းက ဆင်းရဲတာ၊ ဒါမှမဟုတ် အီဘိုလာ ရောဂါကူးစက်မှာကို အကြောက်လွန်ပြီး ကလေးတွေကို စွန်ပစ်လိုက်ကြတာဖြစ်ပါတယ်။

အခြေအနေကို အစိုးရက ကြားဝင် ထိန်းသိမ်းပေးနေရပါတယ်။

တနိုင်ငံလုံးမှာ မိဘမဲ့ ကလေးဂေဟာတွေ ရှိနေပါတယ်။ ကလေးတွေကို စောင့်ရှောက်ပေးတဲ့ လုပ်ငန်းနဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းစေဖို့ ကြိုးစားဆောင်ရွက်ပေးနေတယ်လို့ ကလေးသူငယ် ကာကွယ်ရေးအရာရှိ အဲလိစဘက် ဒိုး Elizabeth Doe က ရှင်းပြပါတယ်။

ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ခန့်မှန်းချက်အရ အခုအထိ အနောက် အာဖရိကဒေသမှာ အီဘိုလာကြောင့် မိဘနှစ်ပါးလုံး၊ ဒါမှမဟုတ် မိဘတယောက်ယောက် ဆုံးရှုံးရတဲ့ ကလေးငယ် ၃၇၀၀ ရှိတယ်လို့ ဆိုပါတယ်။

ရောဂါကို မထိန်းချုပ်နိုင်သေးရင် ဒီလို ကလေးအရေအတွက်ဟာလည်း တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။