အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna and dvb myanmar
ဗုဒ္ဓဟူးနေ့

၅ နိုဝင်ဘာ ၂၀၁၄

၁၂:၄၉:၁၉
649354

အာရှုရာ နေ့ တွင် ပစ်ခတ်မှုဖြစ်ပွား /ဆော်ဒီအာရေဗျ

ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ဘက်ခရိုင်မှာ အကြမ်းဖက် ရှီအာ မုန်းတီးရေး ဝဟာဘီ သေနတ်သမားတွေက အနည်းဆုံးရှီအာ ၅ဦးကို ပစ်သတ်ခဲ့တယ်လို့ အစိုးရသတင်းဌာန SPA မှာ ဖော်ပြထားပါတယ်။ ဒေသခံတစ်ဦး၏ ပြောပြချက်အရ ရှီအာမွတ်စလင်မ် များ ကို လည်းကောင်းတို့၏ အဇါဒါရီ အေမာမ် ဟိုစိုင်း(န) (အ.စ) ကျင်းပနေချိန် တွင် ဝဟာဘီ များမှ ဝင်ရောက် တိုက်ခိုက်ခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

........................................................................

ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ဘက်ခရိုင်မှာ အကြမ်းဖက် ရှီအာ မုန်းတီးရေး ဝဟာဘီ သေနတ်သမားတွေက အနည်းဆုံးရှီအာ ၅ဦးကို ပစ်သတ်ခဲ့တယ်လို့ အစိုးရသတင်းဌာန SPA မှာ ဖော်ပြထားပါတယ်။
 ဒေသခံတစ်ဦး၏ ပြောပြချက်အရ ရှီအာမွတ်စလင်မ် များ ကို လည်းကောင်းတို့၏ အဇါဒါရီ အေမာမ် ဟိုစိုင်း(န) (အ.စ) ကျင်းပနေချိန် တွင် ဝဟာဘီ များမှ ဝင်ရောက် တိုက်ခိုက်ခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။
 
နိုဝင်ဘာ ၃ ရက်နေ့နှောင်းပိုင်း အယ်လ်အာစာခရိုင်အတွင်း အယ်လ်ဒါဝါရွာက စီးနင်းမှုဟာ အရှေ့အလယ်ပိုင်းတလွှားဝဟာဘီ များနှင့် ရှီအာ မွတ်စလင်တွေကြား ဆက်ဆံရေးတင်းမာမှုကို ပြသနေတာတွေ့ရပါတယ်။
 
ဖြစ်ရပ်ကလည်း ရှီအာ မွတ်စလင်တွေရဲ့ နှစ်စဉ်ကျင်းပနေကျ အာရှုရာ (Ashura) နေ့ နှင့်တိုက်ဆိုင်နေခဲ့ပါတယ်။
 
ပြည်ထဲရေးဝန်ကြီး ဌာနပြောခွင့်ရကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူ ၆ ယောက်ကို ဖမ်းထားတယ်လို့ ပြောကြောင်း SPA က အစီရင်ခံပါတယ်။ အသေးစိတ်တော့မပြောပြသေးကြောင်းသိရှိရပါသည်။
 
လူ့အခွင့်အရေးလှုပ်ရှားသူ ဒေသခံတယောက်က ဆော်ဒီ လုံခြုံရေးတပ်တွေဟာ တိုက်ခိုက်သူတွေ သုံးခဲ့ပုံရပြီး အထဲမှာ အလိုအလျောက်ပစ်ခတ်တဲ့ လက်နက်တွေ ပါတဲ့ ကားတစီးကို ရှာတွေ့ခဲ့ပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်သူ တယောက်ကို ဖမ်းခဲ့တယ်လို့ ပြောပါတယ်။
 
ဆော်ဒီအစိုးရပိုင် အယ်လ်အာရေဗီးယား ဂြိုဟ်တုရုပ်သံလိုင်းကလည်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
 
အယ်လ်အာဆာခရိုင်ဟာဝဟာဘီ တွေ အုပ်ချုပ်ရာ ဆော်ဒီအာရေဗျနိုင်ငံတွင်း လူနည်းစု ရှီအာ မွတ်စလင်တွေရဲ့ အဓိက ဗဟိုဌာနတွေထဲက တခုဖြစ်ပါသည်။
 
တမန်တော်ကြီး ဟဇရသ်  မိုဟာမက်(ဆွ)ရဲ့ မြေး တော် အေမာမ် ဟိုစိုင်း(န) (အ.စ)  ရှဟဒသ် ခံယူတော်မူခဲ့သည့် မဟော်ရမ် လ(၁၀)ရက်နေ့ ကို အာရှုရာ နေ့ ဟုခေါ်ဆို ပါသည်။