အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmarmuslim
သောကြာနေ့

၂၁ နိုဝင်ဘာ ၂၀၁၄

၀၁:၄၉:၂၂
652741

အောင်ဇေယျတုဂျာနယ်ပါ ဘာသာရေးစော်ကားမှု ဘာသာရေးခေါင်းဆောင်များ စုပေါင်းရှုတ်ချ

အောင်ဇေယျတုဂျာနယ်ပါ ဘာသာရေးစော်ကားမှုဘာသာပေါင်းစုံလက်မခံ 2အောင်ဇေယျတုဂျာနယ်ပါ ဘာသာရေးစော်ကားမှုအရေးအသားတွေကို မြန်မာနိင်ငံမှာရှိတဲ့ ဘာသာပေါင်းစုံက ဘာသာရေး အကြီးအကဲတွေ က ရှုတ်ချကြောင်း ဘာသာကိုယ်စီ အေးချမ်းသည် ဒို့တတွေ ရှောင်ရှား အမုန်းတရားလို့ အမည်ပေးထားတဲ့ မန္တလေးမြို့ ကံတက်ကုန်း ဘုန်းကြီးကျောင်းမှာ နိုဝင်ဘာလ ၃၁ ရက်နေ့ကကျင်းပတဲ့ သာပေါင်းစုံအခမ်းအနားမှာ ဘာသာကြီး ၄ ရပ်က ခေါင်းဆောင်အသီးသီးက မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

====================
အောင်ဇေယျတုဂျာနယ်ပါ ဘာသာရေးစော်ကားမှုဘာသာပေါင်းစုံလက်မခံ 2အောင်ဇေယျတုဂျာနယ်ပါ ဘာသာရေးစော်ကားမှုအရေးအသားတွေကို မြန်မာနိင်ငံမှာရှိတဲ့ ဘာသာပေါင်းစုံက ဘာသာရေး အကြီးအကဲတွေ က ရှုတ်ချကြောင်း ဘာသာကိုယ်စီ အေးချမ်းသည် ဒို့တတွေ ရှောင်ရှား အမုန်းတရားလို့ အမည်ပေးထားတဲ့ မန္တလေးမြို့ ကံတက်ကုန်း ဘုန်းကြီးကျောင်းမှာ နိုဝင်ဘာလ ၃၁ ရက်နေ့ကကျင်းပတဲ့ သာပေါင်းစုံအခမ်းအနားမှာ ဘာသာကြီး ၄ ရပ်က ခေါင်းဆောင်အသီးသီးက မိန့်ကြားခဲ့ပါတယ်။

“အလွန်အင်မတန် ယုတ်ညံ့တဲ့ အတွေးအခေါ်နဲ့ ရေးသားထားတာတွေဟာ သက်ဆိုင်ရာ ဘာသာဝင်မပြောနဲ့ ကျွန်တော်ကိုယ်တိုင်သည်ပင် လက်မခံနိင်ပါဘူး။ ဒီလောက်တောင်မှ အသိတရားနည်းသလား ဆိုတဲ့ဒေါမနသ ကျွန်တော့စိတ်ထဲမှာဖြစ်ပါတယ်”လို့ ခရစ်ယန် အသင်းတော်များ ကောင်စီ(မန္တလေး) ဥက္ကဌ သိက္ခာတော်ရ ဆရာ ဦးကျော်ရွှေ က ဘာသာပေါင်းစုံသတင်းစာရှင်းလင်းပွဲမှာ အောင်ဇေယျတုဂျာနယ်ပါ မဟုတ်မမှန်စွပ်စွဲရေးသားချက်တွေကိုရည်ညွန်းပြီးအထက်ပါအတိုင်းသုံးသပ်ပါတယ်။

မွတ်စလင်မ်ဆန့်ကျင်ရေးဇောင်းပေးတဲ့ ဗုဒ္ဓဘာသာသာသနာပြုဂျာနယ် အောင်ဇေယျ ဂျာနယ်အမှတ် ၄၄ မှာ ကမ္ဘာ့မွတ်စလင်မ်ထု တစ်ရပ်လုံး ချစ်ခင်မြတ်နိုးတဲ့ တမန်တော်မြတ်(ဆွ)ကို ယုတ်ရင်းကြမ်းတမ်းစွာစော်ကားရေးသားထားချက်တွေကိုဖေါ်ပြခဲ့တဲ့အတွက် ဘာသာပေါင်းစုံက အခုလို ကန့်ကွက်ကြောင်း ရှုတ်ချခဲ့ကြတာဖြစ်ပါတယ်။

“မိမိစားဝတ်နေရေးတစ်ခု၊ မိမိဂျာနယ်တစ်ခုကောင်းစားရေးကိုသာကြည့်ပြီး သူတစ်ပါးတွေကိုထိခိုက်နစ်နာအောင် စာပေတွေ အရေးအသားတွေကိုတော့ မရေးသားသင့်ဘူး၊သူတော်ကောင်းတို့ အလုပ်မဟုတ်ဘူး လို့မြင်တယ်လေ”လို့ ဆရာတော် ဦးဝိသုတ က အောင်ဇေယျတုဂျာနယ်ရဲ့ အရေးအသားနဲ့ပတ်သက်လို့ Myanmar Muslim Media ရဲ့ သီးသန့် မေးမြန်းချက်တစ်ရပ်မှာ ပြန်လည် မိန့်ကြားပါတယ်။

အောင်ဇေယျတုဂျာနယ် အမှတ် ၄၄ ပါ ရေးသားချက်တွေဟာနိင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ပုဒ်မခွဲ (ဃ)၊ပုဒ်မ ၃၆၂၊ ၃၆၃ ၊၃၆၄ တို့အားလည်းကောင်း သတင်းမီဒီယာ ဥပဒေပုဒ်မ ၉ ၊ပုဒ်မခွဲ(ဇ)(ဈ)နှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)တို့အားလည်းကောင်း ဖောက်ဖျက်ကျူးလွန်ရာရောက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ထံသို့ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့တွင် ပေးပို့သည့်စာတွင် ဖေါ်ပြထားပါတယ်။

“တမန်တော်မုဟမ္မဒ်ရဲ့ နာမည်ကိုတောင်အမှန်မရေးနိင်ဘူး။ နာမည်ကိုတောင်မှန်အောင်မရေးနိင်တဲ့သူက အကြောင်းအရာ ဆိုတာအဝေးကြီးပဲ”လို့ အယ်ဟာဂ်ျ မုဖ်သီဒေါက်တာမြင့်သိန်းက အထက်ပါအခမ်းအနားမှာပြောပါတယ်။ ဒါ့အပြင်အောင်ဇေယျတုဂျာနယ်ပါ တမန်တော်မြတ်(ဆွ)အကြောင်း မဟုတ်မမှန် ရေးသားထားချက်တွေဟာ လိမ်လည်မှုလည့်ဖြားမှုတွေသာ ဖြစ်တယ်လို့လည်း မုဖ်သီ ဒေါက်တာ မြင့်သိန်းက ဝေဖန်ပါတယ်။

“နိင်ငံတော်မှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ အရေးယူဖို့လိုပါတယ်။..ကိုယ့်စားဝတ်နေရေး ရေးချင်တာလျှောက်ရေးနေရင်တော့ အခုလိုဘဲ ကျွန်တော်တို့အတွက် နစ်နာမှုတွေရှိပါတယ်” လို့ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးကံကောင်းက ပြောပါတယ်။
ဒါ့အပြင် အောင်ဇေယျတုဂျာနယ် အမှတ် ၄၄ ပါ ရေးသားချက်တွေကို ရည်ညွန်းပြီး ဒီရေးသားချက်တွေဟာ “စော်ကားတဲ့သဘော ဖြစ်တဲ့အတွက် လုံးဝလက်မခံနိင်ပါဘူး”လို့လည်း ဦးကံကောင်းက မှတ်ချက်ပြုပါတယ်။

မြန်မာ့သမိုင်းဝင် ၁၃၀၀ ပြည့်အရေးတော်ပုံပေါ်ပေါက်ဖို့နီးကပ်လာချိန်မှာ လူထုကိုအာရုံလွဲဖို့အတွက် ကုလား ဗမာအထိကရုန်းကို အင်္ဂလိပ်အစိုးရက ဖန်တီးပေးဖူးတဲ့ရာဇ၀င်ရှိတဲ့အတွက် ဒီလိုလုပ်ရပ်ဟာ “ကုလားဖြူကလုပ်တဲ့ ကုလားလမ်းစဉ်”လို့ ခလီဖွှာဦးသိန်းဝင်းအောင်က သုံးသပ်ပါတယ်။

“ကျွန်တော်တို့အချင်းချင်းကိုသွေးခွဲဖို့ ဆိုတာ ကုလားဖြူညာဏ်၊ အင်္ဂလိပ်ညာဏ်။ အဲဒီတော့အခုလည်း ကုလားတွေရဲ့ ပယောဂမကင်းဘူး။ ဟိုနိင်ငံဒီနိင်ငံက ကုလားတွေက မြှောက်ပေးနေတယ်။ ကျွန်တော်တို့မွတ်စလင်မ်အချင်းချင်း ကျွန်တော်တို့မြန်မာအချင်းချင်းကို သွေးကွဲအောင်လုပ်ပေးနေတယ်”လို့ ခလီဖွှာဦးသိန်းဝင်းအောင်က အထက်ပါ စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားမှာပြောပါတယ်။

မကြာသေးမှီကာလက ကုလားနိုင်ငံတစ်ခုဖြစ်တဲ့ သီရိလင်္ကာမှာရှိတဲ့ မွတ်စလင်မ်ဆန့်ကျင်ရေး ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုဖြစ်တဲ့ BBS နဲ့ ဘာသာရေးအဓိကရုန်းမှုထောင်ထွက် ၀ီရသူသွားရောက်ခဲ့ပြီးနောက်ပိုင်း မြန်မာနိင်ငံမှာ မွတ်စလင်မ် မုန်းတီးရေးလှုပ်ရှားမှုတွေ အသက်ဆက်နေသေးတာကိုလည်း တွေ့ရပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းဆုကြည်ကတော့ နိင်ငံရေးအာရုံပြောင်းလှည့်ကွက်တွေကို ပြည်သူတွေအနေနဲ့ ဂရုပြုထားဖို့ မကြာမီကာလကပဲ တိုက်တွန်းထားပါတယ်။

အောင်အောင်(မန္တလေး)
Myanmar Muslim Media