အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန
သောကြာနေ့

၅ ဒီဇင်ဘာ ၂၀၁၄

၀၇:၁၈:၅၆
656045

ပါကစ္စတန် နိုင်ငံတွင် ပထမဆုံး အကြိမ်ဖြင့် IS (ခ) ဒါအေရှ် သူပုန် ရောက်ရှိ

ပါကစ္စတန် နိုင်ငံတောင်ပိုင်း ရှိ ကေရ်မာန် ဒေသ တွင် သုံးရက် အလျင်က ပြန်ပြေးဆွဲခံရပြီးခေါင်း အဖြတ်ခံ ထားရသည့် ရှီအာ မိုအ်မင် အလောင်းအား မနေ့က(ဒီဇင်ဘာလ ၃ရက်နေ့) တွင် တွေ့ ရှိခဲ့ပါသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

===============


အစ္စလာမ်ခုတုံးလုပ် သူပုန်အဖွဲ့ IS (ခ) ဒါအေရှ် သူပုန် အဖွဲ့မှ  ပထမဆုံး အကြိမ် လူမဆန်သည့် ရာဇဝတ်မှု ကို ပြုလုပ်ပြီး ပါကစ္စတန် တွင် မိမိတို့ အဖွဲ့ ရှိကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါသည်။


ပါကစ္စတန် နိုင်ငံတောင်ပိုင်း ရှိ  ကေရ်မာန် ဒေသ တွင် သုံးရက် အလျင်က ပြန်ပြေးဆွဲခံရပြီး ခေါင်း အဖြတ်ခံ ထားရသည့် ရှီအာ မိုအ်မင် ဂျဗေရ် ဟိုစိုင်းအမည် ရှိ အလောင်းအား မနေ့က (ဒီဇင်ဘာလ ၃ရက်နေ့) တွင် တွေ့ ရှိခဲ့ပါသည်။


အစ္စလာမ်ခုတုံးလုပ် သူပုန်အဖွဲ့ IS (ခ) ဒါအေရှ် သူပုန် အဖွဲ့မှ   ရှီအာ မိုအ်မင် ဂျဗေရ် ဟိုစိုင်း အား လူမဆန်စွာ သတ်ဖြတ်ခဲ့မှု ကို လက်ခံ ကြေငြာခဲ့ပါသည်။ ဤ ရာဇဝတ်မှုသည်  ပါကစ္စတန် နိုင်ငံတွင် ရှီအာဆန့်ကျင်ရေးကို IS (ခ) ဒါအေရှ် သူပုန် အဖွဲ့မှ ပထမဆုံးအကြိမ် အဖြစ်   စတင်ခဲ့ခြင်း ဖြစ်ပါသည်။


ကေရ်မာန် မြို့  သည် ပါကစ္စတန် နိုင်ငံတောင်ပိုင်း ရှိ ပါရာဂျနာ နယ်မြေ တွင် တည်ရှိပြီး ရှီအာများနေထိုင်သည့် နေရာ၊ဒေသ ဖြစ်ပါသည်။


စိတ်ဝင်စားဖွယ်အရာတစ်ခုမှာ ဤနောက်ဆုံး ရက်သတ္တပတ် အတွင်း နေ့စဉ်နေ့တိုင်း နီးပါး  ပါကစ္စတန် နိုင်ငံ ရှိ ရုပ်မြင်သံကြား အဖွဲ့အစည်းအမျိုးမျိုးမှ အစ္စလာမ်ခုတုံးလုပ် သူပုန်အဖွဲ့ IS (ခ) ဒါအေရှ် သူပုန် အဖွဲ့ ပါကစ္စတန် နိုင်ငံ တွင် တည်ရှိနေပြီး ဖြစ်ကြောင်းထုတ်လွှင့်ခဲ့ကြပါသည်။


ပြီးခဲ့သည့် နောက်ဆုံး ရက်သတ္တပတ် အတွင်းအစ္စလာမ်ခုတုံးလုပ် သူပုန်အဖွဲ့ IS (ခ) ဒါအေရှ် သူပုန် အဖွဲ့ဖက်မှ  အုတ်တံတိုင်များတွင်ရေးသားခြင်း ၊ ပို့စ်တာများ ကပ်ခြင်း ၊ စာအုပ်များ ထုတ်ဝေ ဖြန့်ချိကာ သဗ်လီးက် ပြုခြင်းတို့ကို မိုလ်သန်မြို့  ၊ လာဟိုမြို့  ၊  ပန်ဂျန်ပြည်နယ် ရှိ သက်စီလန် ဒေသ၊ ဆင်ဒ်ပြည်နယ် ၏မြို့   တော် ကရာချီမြို့   ၊ ဗနူမြို့  ၊ ပေရှာဝဲရ် မြို့  များတွင် တွေ့မြင်နေရကြောင်း ပါကစ္စတန် နိုင်ငံ ရှိ ရုပ်မြင်သံကြား များမှ ထုတ်လွှင့်ခဲ့ပါသည်။



=====================================