အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ရွှေဝါရောင် Saffron ၏ fb စာမျက်နှာ မှ
သောကြာနေ့

၁၉ ဒီဇင်ဘာ ၂၀၁၄

၂၀:၁၂:၄၉
659423

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ကျော်မြင့်နှင့် နွယ်နေသည့် အမှန်တရား တစ်ခု

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ကျော်မြင့် သည် ကြံ့ဖွတ်အမာခံပါတီဝင် မွတ်ဆလင် တယောက်ဖြစ်သည်။ ပြည်ပအစ္စလာမ် အဖွဲ့ အစည်းများ၏ ထောက်ပံ့မှုအများအပြားရရှိနေသော ၄င်း၏ ကုမ္မဏီမှ ကြံ့ဖွတ်ပါတီနှင့် အာဏာရှင်ဗိုလ်ချုပ်များ ကို ငွေအားအလုံးအရင်းနှင့် ထောက်ပံ့နေသူဖြစ်သည်။ တဖက်မှလည်း ခိုးဝင်ဘင်ဂလီအဖွဲ့ အစည်းများကို လျို့ ဝှက် ထောက်ပံ့နေသူဖြစ်သည်။ ကျော်မြင့်လို ကြံ့မွတ် ကျတော့ အစွန်းရောက် မဘသ ဂိုဏ်းချုပ်တွေဖြစ်တဲ့ ဥူးဝိရသူတို့  ဥူးပါမောက္ခတို့  လက်ဖျားနဲ့ တောင် မထိရဲပါပေ။

17 Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ကျော်မြင့် သည် ကြံ့ဖွတ်အမာခံပါတီဝင် မွတ်ဆလင် တယောက်ဖြစ်သည်။ ပြည်ပအစ္စလာမ် အဖွဲ့ အစည်းများ၏ ထောက်ပံ့မှုအများအပြားရရှိနေသော ၄င်း၏ ကုမ္မဏီမှ ကြံ့ဖွတ်ပါတီနှင့် အာဏာရှင်ဗိုလ်ချုပ်များ ကို ငွေအားအလုံးအရင်းနှင့် ထောက်ပံ့နေသူဖြစ်သည်။ တဖက်မှလည်း ခိုးဝင်ဘင်ဂလီအဖွဲ့ အစည်းများကို လျို့ ဝှက် ထောက်ပံ့နေသူဖြစ်သည်။ ကျော်မြင့်လို ကြံ့မွတ် ကျတော့ အစွန်းရောက် မဘသ ဂိုဏ်းချုပ်တွေဖြစ်တဲ့ ဥူးဝိရသူတို့  ဥူးပါမောက္ခတို့  လက်ဖျားနဲ့ တောင် မထိရဲပါပေ။
*************...***************************************************
Eleven Media >>> " Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား ကျောက်တံတားတရားရုံးက ဖမ်းဝရမ်းပြန်ထုတ်ထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး"
***************************************************
Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ကျောက်တံတားတရားရုံးမှ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရုံးချိန်းလာရောက်ခြင်းမရှိသောကြောင့် ဖမ်းဝရမ်း ပြန်လည်ထုတ်ခဲ့သော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်ရဲစခန်း မှ စုံစမ်းသိရသည်။

“ကျွန်တော်တို့လည်း ဦးကျော်မြင့်ကို ဖမ်းဆီးရမိဖို့ လိုက်လံစုံစမ်းနေပါတယ်။ ဦးကျော်မြင့်ကို အာမခံပေးတဲ့ လူနှစ်ယောက်ကိုတော့ တရားရုံးကပဲ ကိုင်တွယ်ဖြေရှင်းမှာပါ” ဟု ကျောက်တံတားမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းတင်က ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ကျောက်တံတားမြို့နယ် အမှတ်(၄) ရပ်ကွက်၊ ပန်းဆိုးတန်း အလယ်ဘလောက် အမှတ် ၁၈၁/၁၈၇၊ မြေအကျယ် ၁ဝဝ×၆ဝ ပေ ပေါ်၌ မြေပိုင်ရှင်ဖြစ်သူ ဦး......နှင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ ခေတ်မီလေးခန်းတွဲ ၁၂ ထပ်ခွဲ တိုက်အား နှစ်နှစ်အတွင်းဆောက်လုပ်ပေးရန် စာချုပ်ချုပ်ဆို အပ်နှံခဲ့ကြောင်း သိရသည်။ သို့သော် မြေရှင်သဘောတူညီသည့် ပုံစံအတိုင်းမဟုတ်ဘဲ ဦးကျော်မြင့်က ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ်အတုများဖြင့် စည်ပင်မှခွင့်ပြုချက်ရယူ ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါ ၁၂ ထပ်တိုက်မှာ ၂ဝ၁၂ ခုနှစ်တွင် လူနေထိုင်ခွင့်ရမည်ဖြစ်သော်လည်း လေးနှစ်ကျော်ကြာမြင့်သည့်တိုင်အောင် ပြီးစီးအောင် ဆောက်လုပ်ပေးခြင်းမရှိသဖြင့် အရေးယူပေးရန်အတွက် စက်တင်ဘာ ၉ ရက်တွင် မြေပိုင်ရှင်က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။