အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန
တနင်္ဂနွေနေ့

၂၁ ဒီဇင်ဘာ ၂၀၁၄

၂၂:၄၅:၁၉
659901

တစ်ပါး တည်းသော အနှိုင်းမဲ့ အရှင်အလ္လာဟ်ဟို အရှင်မြတ်သခင်အား သိရှိနားလည် ၊သဘောပေါက် ခြင်း

တစ်ပါး တည်းသော အနှိုင်းမဲ့ အရှင်အလ္လာဟ်ဟို အရှင်မြတ်သခင်အား သိရှိနားလည် ၊သဘောပေါက် ခြင်း နှင့်ပတ်သက်သည့်သင်ခန်းစာ များ ဖြစ်ပါသည်။

 



ငါးသတ္တဝါ

အသင်၏နေအိမ်၌ငါးသတ္တဝါရှိပါသလား?
အသင်သည်ငါးသတ္တဝါကိုနှစ်သက်မြတ်နိုးပါသလား?
ငါးသတ္တဝါသည်မည်သည့်နေရာ၌အသက်ရှင်နေထိုင်ပါ  သနည်း?
အသင်သိရှိပါသလားငါးသတ္တဝါသည်မည်သည့်အရာဝတ္တု၏အကူအညီဖြင့်ရေ၌ကူးခတ်သွားလာနေပါသနည်း?
အကယ်၍ပါးဟပ်မရှိခဲ့ပါက၊ရေ၌ကူးခပ်နိုင်စွမ်းရှိပါသလော?
၎င်းကိုယ်တိုင်ပါးဟပ်ကိုမိမိကိုယ်တိုင်အတွက်ဖန်တီးထားပါ သလော?
မဟုတ်ပေ၊ငါးသတ္တဝါသည်မိမိကိုယ်တိုင်ပါးဟပ်ကိုမိမိအတွက်မဖန်တီးထားပေ။ထို့အပြင်အခြားမနုဿလူသား၊တစ်ဦးတစ်
ယောက်ကထိုငါးသတ္တဝါအတွက်မဖန်တီးထားပေ။
တစ်နည်းဆိုရလျှင်အစွမ်းအစ၊ဘုန်းတန်ခိုးနှင့်သနားကြင်နာ၊ဂရုဏာထားတော်မူသော၊အလ္လာဟ်ဟိုအရှင်မြတ်သခင်သာလျှင် နားလည်သိရှိတော်မူသည်။အကြောင်းသည်ကားပါးဟပ်သည်ဤလှပတင့်တယ်သောသတ္တဝါအတွက်သာလျှင်အရေးပါပေ သည်။ထိုသတ္တဝါအားပါးဟပ်ပိုင်ရှင်အဖြစ်ဖန်ဆင်းထားပေ သည်။ထိုမှသာလျှင်ရေ၌ကူးခပ်သွားလာနိုင်ပေသည်။  



နေအိမ်၌ငါးတစ်ကောင်အားခွက်တစ်လုံးထဲသို့ထည့်ပါ။   
      ထို့နောက်မိမိ၏သူငယ်ချင်းနှင့်အတူ၎င်းဘက်သို့ကြည့်ရှုပါ။    ထို့နောက်ငါးသတ္တဝါသည်မည်ကဲ့သို့အသက်ရှူကြောင်း၊ကူးခပ်  ကြောင်းကြည့်ရှုပါလေ။မည်ကဲ့သို့ရေပေါ်ရေအောက်ကူးခပ်သွါးလာနေသနည်း?မည်သည့်အချိန်၌မိမိ၏အမြီးအားလှုပ်ရှားသ နည်း?ထိုအချိန်၌မိမိ၏သူငယ်ချင်းအားမေးမြန်းပါလေ။

ငါးသတ္တဝါအားမည်သူဖန်ဆင်းထားသနည်း?

>

ငါးသတ္တဝါသည်အဘယ်ကြောင့်ရေမွန်း၍မသေဆုံးရသနည်း?

တစ်နေ့၌အဟမ္မဒ်သည်ကလေးများဖြင့်နေအိမ်၌ဆော့ကစားနေသည်။
၎င်း၏မိခင်ပြောဆိုသည်မှာ-ချစ်သားလေးအဟမ္မဒ်!သတိထား၊  ရေကန်အနီးအနားသို့မသွားနှင့်။မင်းရေကန်ထဲကျသွား မှာငါစိုးရိမ်တယ်။တစ်ခါက၊အိမ်နီးချင်း၏သားဟစန်ရေ ကန်ထဲပြုတ်ကျ၍ရေနစ်သေသွားတာမသိဘူးလား?
အဟမ္မဒ်ပြောကြားသည်မှာ-
ချစ်မေမေ!ကျွန်တော်တို့ရေထဲပြုတ်ကျလျှင်ရေနစ်သေမှာလား?
ကောင်းပြီ။ငါးသတ္တဝါများအဘယ်ကြောင့်ရေနစ်မသေတာလဲ?
ကြည့်ရှုပါလေ။ရေထဲ၌၊မည်မျှလှပစွာကူးခပ်သွားလာနေကြ
သည်!
၎င်း၏မိခင်အဖြေပေးသည်မှာ-
မနုဿလူသားသည်အသက်ရှင်နေထိုင်ရန်မလွဲမသွေ၊အသက်
ရှူရပေမည်။ငါတို့ရေအောက်၌အသက်မရှူနိုင်ဘူး။ဒီအချက်
ကြောင့်ရေအောက်၌ဘဝ၊မတည်ဆောက်နိုင်ဘူး။
သို့သော်ငါးသတ္တဝါ၌အမှီသဟဲတစ်ခုရှိတယ်။၎င်းအမှီသဟဲဖြင့် ရေအောက်၌အသက်ရှူနိုင်တယ်။ထို့အပြင်ရေအတွင်း၌ရှိသောလေထုအနည်းငယ်ဖြင့်အကျိုး၊အမြတ်ထုတ်နိုင်တယ်။ဒီအချက်ကြောင့်ရေအောက်၌ဘဝတည်ဆောက်နိုင်တယ်။

>

မည်သူသည်ငါးသတ္တဝါအတွက်စဉ်းစားခဲ့သနည်း?

အဟမ္မဒ်သည်မိမိ၏မိခင်အားမေးမြန်းသည်မှာ-
ချစ်မေမေ၊မည်သူသည်ငါးသတ္တဝါအတွက်စဉ်းစားခဲ့သနည်း?
ငါးသတ္တဝါသည်မည်သည့်နေရာ၌မဖြစ်မနေဘဝတည်ဆောက်ရမည်ကိုမသိဘူးလေ။ပြီးတော့ဘယ်အရာများသူ့အတွက်အရေးပါကြောင်းမသိဘူး(မေမေ)။
၎င်းမိခင်အဖြေပေးသည်မှာ-ချစ်သား! အစွမ်းအစ၊ဘုန်းတန်ခိုးနှင့်သနားကြင်နာ၊ဂရုဏာထားတော်မူ
သောအလ္လာဟ်ဟိုအရှင်မြတ်"သခင်သာလျှင်ငါးသတ္တဝါအတွက်စဉ်းစားခဲ့တယ်လေ။အကြောင်းသည်ကားအလ္လာဟ်ဟိုအရှင် မြတ်"သခင်သည်မဖြစ်မနေရေထဲ၌အသက်ရှင်နေထိုင်ရန်အ တွက်ဤလှပသောသတ္တဝါအားအမှီသဟဲ(ဝစီလာ)တစ်ခုလိုအပ်ကြောင်းသိရှိနားလည်ထားတယ်လေ။ဒါမှသာရေထဲ၌အသက် ရှင်နေထိုင်နိုင်မှာပေါ့။

ငါးသတ္တဝါသည်ရေထဲ၌ရေသုံးအဆုတ်ဖြင့်အသက်ရှူ ပေသည်။
>

မေးခွန်းများ

(၁) အဟမ္မဒ်၏မိခင်သည်မည်သည့်အတွက်စိုးရိမ်သနည်း?
(၂) အိမ်နီးချင်း၏သားအမည်ကိုဖေါ်ပြပါ?
(၃) ဘာကြောင့်ရေမွန်းသေဆုံးရသနည်း?
(၄) ၎င်း(ဟစန်)သည်ရေကူးတတ်ပါသလား?
(၅)  မနုဿလူသားသည်ရေထဲ၌ဘဝတည်ဆောက်နိုင်ပါ
သလား?
(၆) ငါးသတ္တဝါသည်အဘယ်ကြောင့်ရေထဲ၌၊ရေမွန်း၍မသေဆုံး ရသနည်း?
(၇) မည်သူသည်ငါးသတ္တဝါအတွက်စဉ်းစားခဲ့သနည်း?
(၈) ငါးသတ္တဝါအားမည်သူဖန်ဆင်းထားသနည်း?

>


အောက်ပါဝါကျများကိုကွက်လပ်ဖြည့်ပါ။

.....နှင့်……အလ္လာဟ်ဟိုအရှင်မြတ်"သခင်သာလျှင်နားလည်သိရှိတော်မူသည်။မဖြစ်မနေရေထဲ၌အသက်ရှင်နေထိုင်ရန်အတွက်…….ပေးထားပေသည်။ထို့မှသာလျှင်ရေထဲ၌ကူးခပ်သွားလာ နိုင်ပေမည်။ထို့နောက်……….ပေးထားပေသည်။၎င်းအရာဖြင့်အသက်ရှူပေမည်။

>

ဒါဝတ်(ဒ)နှင့်စအီး(ဒ)အလည်ခရီးသွားခဲ့ကြပေသည်။

    ဒါဝတ်(ဒ)နှင့်စအီး(ဒ)မိမိတို့၏ဖခင်နှင့်ဥယျာဉ်တစ်ခုသို့အပန်းပြေခရီးထွက်ခဲ့ကြပေသည်။ဥယျာဉ်သည်အရမ်းလှပတင့် တယ်ပေသည်။သစ်ပင်များသည်မြင့်မားစိမ်းလန်းစိုပြေပြီးနေပေ သည်။လှပတင့်တယ်သောရောင်စုံပန်းလေးများဖြစ်ဝေဆာနေ ပေသည်။ဥယျာဉ်၏အလယ်မှ၊စမ်းချောင်းကြီးတစ်ခုစီးဆင်းနေ ပေသည်။၎င်းအတွင်း၌အ့ချိုဘဲငန်းအဖို၊အမများရေကူးပျော်မြူး နေပေသည်။ဘဲငန်းများသည်ရေထဲ၌လွယ်ကူချောမွေ့စွာကူးခပ် သွားလာနေပေသည်။မကြာခဏမိမိ၏ဦးခေါင်းအားရေ၌နစ်ပြီး စားစရာတခုခုအားဖမ်းစားနေပေသည်။
    ရုတ်တရက်စအီး(ဒ)စာကလေးတစ်ကောင်ကိုတွေ့ လိုက်သည်။၎င်း၏အတောင်ပံ့ရေစိုနေပေသည်။ပျံဖို့စွမ်းအား လည်းမရှိပေ။ဒါဝတ်(ဒ)အားပြောကြားသည်မှာ-အို့ချစ်ရသောဒါဝတ်(ဒ)!ကြည့်စမ်းပါအုန်း!ဒီစာသူငယ်ရဲ့အ တောင်တွေရေစိုပြီးမပြန်နိုင်တောဘူး!!
ဒါဝတ်(ဒ)စာသူငယ်နှင့်ဘဲငန်းများအားကြည့်ပြီးအံ့သြစွာဖြင့် ပြောကြားသည်မှာ-(ကြည့်စမ်း)ဘဲငန်းများရဲ့အတောင်များဘာဖြစ်လိုရေမစိုရတာ
လဲ?ကြည့်စမ်းပါအုန်း။ဘယ်လောက်လွယ်လွယ်နှင့်ရေကူးနေ ကြလဲ?ရေထဲကထွက်လာသည့်အခါကြတော့လည်းရေထဲမ ဆင်းထားသလိုပဲခြောက်သွေ့နေတာဘဲ!စအီး(ဒ)ဘဲငန်းများကို ကြည့်ပြီးပြောကြားသည်မှာ-မင်းပြောတာမှန်တယ်,ဒါပေမဲ့ဘာကြောင့်လည်းဆိုတာငါ့လည်းမသိဘူး?ကောင်းပြီးငါ့တို့အဖေကိုမေးကြည့်ရအောင်ဘာဖြစ်လို့ဘဲငန်းရဲ့အတောင်တွေရေမစိုဘဲ၊စာသူငယ်ရဲ့အတောင်တွေရေစိုရတာလဲ?

>

ဘာကြောင့်ဘဲငန်းတွေရဲ့အတောင်ရေမစိုရတာလဲ?

ဒါဝတ်(ဒ)နှင့်စအီး(ဒ)မိမိတို့၏ဖခင်ထံအပြေးအလွား ရောက်လာကြပေသည်။ဖခင်အားပြောကြားကြသည်မှာ-ချစ်ရသောဖခင်-လာပါအုန်း၊ကြည့်ကြည့်ပါအုန်း၊ဘဲငန်းများရေထဲ၌ရေကူးနေ သော်လည်းသူတို့ရဲ့အတောင်တွေအားလုံးဟာရေမစိုဘူး!!တကယ်ဘဲဗျာ,ချစ်ရသောဖခင်!ဘာကြောင့်ဘဲငန်းတွေရဲ့အတောင်ရေမစိုရတာလဲ?အားလုံးတစ်ပြိုင်တည်းစမ်းချောင်းဘေးသို့ ရောက်လာကြသည်။ဖခင်ပြောကြားသည်မှာ-မင်းတို့တွေတော်တယ်ကွ!အခုတည်းကနားလည်သဘော ပေါက်အောင်စဉ်စားနေတယ်။
မနုဿလူသားဟာအရာဝတ္တု(သက်ရှိ၊သက်မဲ့)တစ်ခုကိုမြင်တာနဲ့မလွဲမသွေစဉ်းစားတတ်ရမယ်။ဘာအရာကိုဘဲဖြစ်ဖြစ်မသိတာနဲ့သိတဲ့သူတွေကိုမေးမြန်းရမယ်၊ဒါမှပိုပြီးတတ်သိနားလည်မှာ။

^

လှပတင့်တယ်သည့်ဘဲငန်းများကိုအလ္လာဟ်ဟိုအရှင် မြတ်"သခင်ဖန်ဆင်းထားပါသည်။

    ဘဲငန်း၏အတောင်ပံသည်ချောမွတ်နေသည့်အတွက် ကြောင့်ရေမစိုပေ။အကယ်၍ဘဲငန်း၏အတောင်ပံသည်မချော မွတ်မည်ဆိုလျှင်ရေစို၍လေးလံသွားပေမည်။ထို့နောက်ဘဲငန်း  ရေကူးခတ်နိုင်မည်စွမ်းအားရှိမည်မဟုတ်။ထို့အပြင်ပျံနိုင်မည်မဟုတ်ပေ။
စအီး(ဒ)ပြောကြားသည်မှာ-ချစ်ရသောဖခင်!ဘဲငန်းများဒီ လိုဖြစ်အောင်မည်သူလုပ်ထားတာလဲ?ဘဲငန်းများကိုယ်တိုင်မိမိအတောင်ပံများကိုမည်သည့်အရာဖြင့်ချောမွတ်အောင်လုပ်ရ မည်ဆိုတာ၊မသိမနားလည်ကြဘူး။အစွမ်း၊အစလည်းမရှိကြဘူး။
ဖခင်အဖြေပေးသည်မှာ-
(အရာရာတိုင်းကို)သိရှိနားလည်တော်မူသော၊သနားကြင်
နာတော်မူသောအလ္လာဟ်ဟိုအရှင်မြတ်"သခင်သည်အရာများအားလုံးကိုဖန်ဆင်းထားတော်မူတယ်။၎င်းအရှင်မြတ်သည်သာလျှင်ဘဲငန်းများအတွက်ပါစီစဉ်ထားပေတယ်။အကြောင်းသည်ကား-ဘဲငန်းမလွဲမသွေရေကူးခတ်ရမည်ဖြစ်ကြောင်းသိရှိတော် မူတယ်။၎င်းအားဤကဲ့သို့ဖန်ဆင်းထားတော်မူတယ်။အမြဲတစေ၎င်း၏အတောင်ပံများချောမွတ်နေရမည်။ထိုမှသာလျှင်လွယ်ကူချောမွေ့စွာရေထဲ၌ကူးခတ်နိုင်ပေမည်။ထို့အပြင်အလွယ်တကူပျံသန်းနိုင်ပေမည်။

>

မေးခွန်းများ

(၁)ဒါဝတ်(ဒ)နှင့်စအီး(ဒ)အဘယ်ကြောင့်ဥယျာဉ်ဘက်သို့ခရီး ထွက်ခဲ့ကြသနည်း?
(၂)ဥယျာဉ်၌ဘယ်အရာများကိုတွေ့ခဲ့သနည်း?
(၃)အဘယ်ကြောင့်စာသူငယ်စမ်းချောင်းကြီးဘေးပြုတ်ကျပြီး နောက်၊မပျံသန်းနိုင်သနည်း?
(၄)စအီး(ဒ)မည်သည့်အရာကြောင့်အံ့ဩသွားသနည်း?
(၅)မနုဿလူသားသည်အရာတစ်ခုအားမသိ၊မနားလည်သည့်အချိန်၌မလွဲမသွေဘာလုပ်ရမည်နည်း?
(၆)မေးမြန်းခြင်း၌မည်သည့်အကျိုးအမြတ်ရှိပါသနည်း?
(၇)ကျွန်တော်တို့သည်အရာတစ်ခုအားမသိ၊မနားလည်သည့်အချိန်၌မလွဲမသွေမည်သူကိုမေးမြန်းရမည်နည်း?
(၈)အကယ်၍ဘဲငန်း၏အတောင်ပံသည်မချောမွတ်ပါကဘာဖြစ်
မည်နည်း?
(၉) ဘဲငန်းများကိုယ်တိုင်မိမိအတောင်ပံများကိုမလွဲမသွေ၊ချော မွတ်အောင်လုပ်ထားရမည်ဖြစ်းကြောင်းသိရှိနားလည်ထားပါသလား?ထို့နောက်ဤကဲ့သို့(အတောင်ပံများချောမွတ်အောင်) ကိုယ်တိုင်ဖန်တီးထားပါသလား?
(၁၀) ဘဲငန်း၏အတောင်ပံများကိုအမြဲတစေ၊ချောမွတ်နေရမည်။     ဤကဲ့သို့ဖြစ်အောင်မည်သူကဖန်ဆင်းထားပါသနည်း?
(၁၁)မည်သူသည်အရာများအားလုံးကိုဖန်ဆင်းခဲ့သနည်း?

>


အောက်ပါဝါကျများကိုကွက်လပ်ဖြည့်ပါ။

(၁) လှပတင့်တယ်သည့်ဘဲငန်းများကို………..ဖန်ဆင်းထားပါ သည်။
(၂)မင်းတို့တော်တယ်ကွ၊အခုမှ……..ဖို့အတွက်စဉ်းစားနေကြသည်။
(၃)ကျွန်တော်တို့သည်အရာဝတ္တု(သက်ရှိ၊သက်မဲ့)များကိုတွေ့ မြင်ရသောအခါမလွဲမသွေ၊၎င်းအရာနှင့်ပက်သက်ပြီး………ရ ပေမည်။
(၄) ကျွန်တော်တို့သည်မသိ၊မနားလည်သောအရာများကို…… သူထံမေးမြန်းမည်ဖြစ်ပါသည်။
(၅)ဘဲငန်းတို့၏အတောင်ပံများသည်…….သည့်အတွက်ရေမစို ခြင်းဖြစ်ပေသည်။
(၆)အကယ်၍ဘဲငန်းတို့အတောင်ပံသည်ချောမွတ်မနေလျှင်ရေ……..၍……နေပေမည်။
(၇)အလ္လာဟ်ဟိုအရှင်မြတ်"သခင်သည်ဘဲငန်းအတွက်မလွဲမ သွေ၊.….ထဲ၌ကူးခတ်ရမည်ဖြစ်ကြောင်းသိရှိနားလည်တော်မူ သည်။ထိုအတွက်ကြောင့်အမြဲတစေ၊ဒီလိုအတောင်ပံများချော မွတ်နေအောင်……..ထားပေသည်။
(၈)ဘဲငန်းတို့၏အတောင်ပံများသည်ချောမွတ်နေသည့်အတွက်အလွယ်တကူရေ၌………..နိုင်ပြီးအလွယ်တကူ……နိုင်ပေ သည်။
(၉)အလ္လာဟ်ဟိုအရှင်မြတ်"သခင်သည်…….နှင့်…….သည်အရာများအားလုံးကို…….ထားသည်။ထိုအရှင်သာလျှင်ဘဲငန်း များအတွက်လည်းစီစဉ်ထားပေသည်။

>

ချောမောလှပသောမွေးစကလေးငယ်

ဇဟ်ရာ၏မောင်လေးအသစ်တစ်ယောက်ဤကမ္ဘာပေါ်သို့ရောက်လာပေသည်။သူမမောင်လေး၏အမည်မှာ-မဂျီး(ဒ)ဖြစ် ပေသည်။ဇဟ်ရာလည်းပျော်ရွှင်ကြည်နူးနေပေသည်။၎င်းမွေးခါ
စမောင်လေးအားအရမ်းချစ်ပေသည်။
တစ်နေ့၌ဇဟ်ရာသည် မဂျီး(ဒ)၏ကုတင်ဘေး၌ရပ်နေ
သည်။ထို့နောက်၎င်းအားကြည့်နေပေသည်။ထို့နောက်သူမ၏မိခင်အားပြောကြားသည်မှာ-ချစ်မေမေ! မဂျီး(ဒ)သည်သမီးနှင့်တူ တူဆော့ရအောင်ဘယ်တော့ကြီးမှာလဲ?သမီးမောင်လေးကိုအ ရမ်းချစ်တယ်!
သူမ၏မိခင်ပြောကြားသည်မှာ-ချစ်သမီးလေးဇဟ်ရာ၊ သည်းခံလေ!အင်ရှာအလ္လာဟ်.. မဂျီး(ဒ)ကြီးလာမှာပါ။ပြီး       နောက်သမီးနှင့်အတူကစားလိမ့်မယ်။ရုတ်တရက်မဂျီး(ဒ)အိပ် ရာမှနိုးသွားသည်။ပြီးနောက်သူ၏အသံသေး၊အသံပျော့လေးဖြင့်စတင်ငိုပါတော့သည်။ဇဟ်ရာ၊စိတ်ဆိုးပြီးသူမ၏မိခင်ကိုပြော ကြားသည်မှာ-
ချစ်မေမေ,ဘာလို့မဂျီး(ဒ)ငိုရတာလဲ?သူမ၏အမေ၊အဖြေပေးသည်မှာ-ငါထင်တယ်။သူဗိုက်ဆာလို့ဖြစ်မယ်။ဇဟ်ရာ၊အ  ပြေးအလွှားမလိုင်မုန့်တစ်တုံး၊ယူလာပြီးသူမ၏မောင်လေးပါးစပ်ထဲသို့ထည့်လေသည်။သူမ၏မိခင်အလောတကြီးပြောကြား သည်မှာ-
ချစ်သမီးလေးဇဟ်ရာ!မဂျီး(ဒ)မလိုင်မုန်မစားနိုင်သေးဘူးကွယ်။သွားမထွက်သေးတာကိုမမြင်ဘူးလား?သတိထား!သူ့ရဲ  ပါးစပ်ထဲအရာတစ်ခုခု၊မထည့်မိစေနဲ့!အခန့်မသင့်ရင်သူလည် ချောင်း၌နင်သွားလိမ့်မယ်။
ဇဟ်ရာမေးမြန်းသည်မှာ- မဂျီး(ဒ)့ရဲအစားအသောက်က ဘာလဲ?မိခင်အဖြေပေးသည်မှာ-ငါ့သမီးလေး၊မဂျီး(ဒ)့ရဲအစားအ သောက်ကနို့ရည်ချိုဖြစ်တယ်။သူကနို့ပဲသောက်နိုင်တယ်။ဒါမှသူဗိုက်ပြည့်မှာလေ။                                                       
မိခင်မတ်တပ်ရပ်၏။မွေးစသားငယ်ကိုချီလိုက်သည်။မိမိ
၏ရင်ခွင်ထဲထည့်ပြီး၊မိမိ၏နို့အားကလေးငယ်၏ပါးစပ်ထဲထည့်  
ပေးလိုက်သည်။မဂျီး(ဒ)သည်မိခင်၏နို့အားကိုင်တွယ်ပြီးသူ၏ သေးငယ်နုနယ်သောနှုတ်ခမ်းများဖြင့်စတင်သောက်စို့တော့ သည်။
ဇဟ်ရာသည်သူမ၏မိခင်နှင့် မဂျီး(ဒ)ကိုကြည့်နေပေ သည်။ပြီးနောက်အံ့ဩစွာဖြင့်ပြောကြားသည်မှာ-
ချစ်မေမေ!အမေ့ရဲနို့ကဒီအရင်ကတည်းကနို့ရည်ရှိတာ လား?မိခင်ဖြေကြားသည်မှာ-မဟုတ်ဘူး…ဒီအရင်ကနို့ရည်မရှိ ဘူး။ဒါပေမဲ့မဂျီး(ဒ)မွေးတဲ့နေ့ကစပြီးငါ့ရဲနို့ထဲ၌နို့ရည်တွေပြည့် လာတယ်။
ဇဟ်ရာပြောကြားသည်မှာ- ချစ်မေမေ!အမေမဂျီး(ဒ)အ တွက်နို့ရည်ဘယ်လိုလုပ်သလဲ?!
မိခင်ပြောကြားသည်မှာ-နို့ရည်ထွက်လာတာငါလုပ်တာ မဟုတ်ဘူး။ငါအစား၊အစာများစားသောက်တယ်။အဲဒီအစားအ သောက်ကနေနို့ရည်ထွက်လာတယ်။
ဇဟ်ရာပြောကြားသည်မှာ-အမေဒီအရင်ကလည်းအစား၊ အသောက်သုံးဆောင်ခဲ့တာပဲ။ဘာဖြစ်လို့ထိုအချိန်များ၌နို့ရည်မထွက်တာလဲ?
မိခင်အဖြေပေးသည်မှာ-ဟုတ်တယ်။ငါဒီအရင်ကလည်း အစား၊အသောက်များကိုသုံးဆောင်ခဲ့ပါတယ်။သို့သော်လည်းပဲနို့ရည်မထွက်ခဲ့ဘူး။ဒါပေမဲ့မဂျီး(ဒ)ကိုမွေးတဲ့အချိန်ကစပြီးငါရဲ့နို့ တွေဟာနို့ရည်တွေနဲ့ပြည့်လာတယ်။
ဇဟ်ရာအံ့ဩစွာပြောကြားသည်မှာ-ဘယ်သူက မဂျီး(ဒ) အတွက်စီစဉ်ပေးတာလဲ?
သူမ၏မိခင်ဖြေကြားသည်မှာ-  ချစ်သမီးလေးဇဟ်ရာ!မ ဂျီး(ဒ)ကိုဖန်ဆင်းတဲ့အလ္လာဟ်ဟိုအရှင်မြတ်"သခင်က၊သူ့အ
တွက်စားသောက်ဖို့စီစဉ်ပေးထားခြင်းဖြစ်တယ်။
အလ္လာဟ်ဟိုအရှင်မြတ်"သခင်က၊ကလေးမွေးတဲ့အချိန်၌ကလေးအတွက်အစား၊အသောက်လိုတယ်ဆိုတာကိုသိတယ်။မဂျီး(ဒ)ဆီမှာသွားမရှိလို့၊ငါတို့လိုအစားသောက်တွေမစားနိုင်ဘူးဆို တာလဲအလ္လာဟ်ဟိုအရှင်မြတ်"သခင်သိတော်မူတယ်။ဒီအ တွက်ကြောင့်မိခင်၏နို့အုံ၌နို့ရည်ချိုတွေကိုအပြည့်ဖန်တီးပေး တယ်။ထိုမှသာနုနယ်သေးငယ်တဲ့ကလေးငယ်အကောင်းဆုံးနဲ့၊အန္တရာယ်အကင်းဆုံး၊အစား၊အသောက်များကိုစားသုံးနိုင်မှာဖြစ်တယ်။
ချစ်သမီးလေးဇဟ်ရာ!နို့ရည်ဟာပြီးပြည့်စုံတဲ့စားသောက်ဖွယ်ရာတစ်မျိုးဖြစ်တယ်။ကလေးငယ်၏ခန္ဓာကိုယ်အတွက်လို အပ်သမျှအာဟာရဓာတ်ဟာနို့ရည်၌ပါဝင်နေတယ်။ပြီးနောက်ကလေးအတွက်လည်းအလွယ်တကူအစာကြေစေတယ်။
ဇဟ်ရာပြောကြားသည်မှာ- ချစ်မေမေ!တကယ်ပဲ၊အရာ ရာတိုင်းကိုသိရှိနားလည်တော်မူသော၊သနားကြင်နာတော်မူ သောအလ္လာဟ်ဟိုအရှင်မြတ်"သခင်ရှိလား?အကယ်၍နို့ရည်မရှိခဲ့လျှင်ကလေးငယ်ဘာသောက်သုံးမှာလဲ?
မိခင်ပြောကြားသည်မှာ-ဟုတ်တယ်။ငါ့ချစ်သမီး!ကလေး ငယ်ကိုအလ္လာဟ်ဟိုအရှင်မြတ်"သခင်သာလျှင်ဖန်ဆင်းတယ်။ ပြီးနောက်စားသောက်စရာပေးတယ်။အရာရာတိုင်းကိုသိရှိနား လည်တော်မူသော၊သနားကြင်နာတော်မူသောအလ္လာဟ်ဟိုအ ရှင်မြတ်"သခင်သာလျှင်သူအတွက်(ကလေး)အန္တရာယ်ကင်း သော၊ အစာကြေလွယ်သော၊နို့ရည်ကိုဖန်တီးပေးတယ်။
အလ္လာဟ်ဟိုအရှင်မြတ်"သခင်ဟာနူးညံ့ပျော့ပျောင်းတဲ့
ကလေးငယ်နဲ့ပက်သက်ပြီးသိတယ်။ဒါကြောင့်သူဖို့မေတ္တာနှင့်၊
အချစ်ကိုမိခင်၏နှလုံးသည်းပွတ်၌ထည့်ပေးတော်မူတယ်။ဒါမှသူကိုပြုစုစောင့်ရှောက်မှာဖြစ်တယ်။အလ္လာဟ်ဟိုအရှင်မြတ်"သ ခင်သည်နူးညံ့ပျော့ပျောင်း၊အားနည်းပြီး၊စကားမပြောနိုင်သေး သောကလေးငယ်ကို၊ဗိုက်ဆာသည့်အခါ၌ငိုကြွေးတမ်းတဖို့     ပညာပေးထား တယ်။ဒါမှသူကိုကူညီကြမှာဖြစ်တယ်။

>

 တွေးတောပါ၊ပြီးနောက်အဖြေပေးပါ။

(၁)ဇဟ်ရာသည်မဂျီး(ဒ)ကိုတွေ့ပြီးနောက်သူမ၏မိခင်ကိုဘာ ပြောသနည်း?
(၂) ဇဟ်ရာသည်မိမိ၏မောင်လေးကိုချစ်ရဲ့လား?...မိမိကိုယ်တိုင် သက်သေအထောက်အထားများပြောပြပါ။
(၃)နို့ရည်ထွက်အောင်လုပ်တာမိခင်လား?....ရှင်းပြပါ?
(၄)ဘယ်လိုလုပ်ပြီး ၊မဂျီး(ဒ)၏အနာဂတ်ကိုအလ္လာဟ်ဟိုအရှင် မြတ်"သခင်ကသိရှိတော်မူသနည်း?
(၅)မည်ကဲ့သို့အရာရာတိုင်းကိုသိရှိနားလည်တော်မူသော၊သနား ကြင်နာတော်မူသော၊အလ္လာဟ်ဟိုအရှင်မြတ်"သခင်ဖြစ် ကြောင်းသိရပါသနည်း?
(၆)အကယ်၍နို့ရည်မရှိခဲ့လျှင်မွေးစကလေးငယ်မည်သည့်အရာကိုသောက်သုံးရမည်နည်း?
(၇)အကယ်၍မိခင်ဟာသူမရဲ့ကလေးငယ်အပေါ်၊အချစ်မေတ္တာမ
ရှိခဲ့ဘူးဆိုလျှင်ဘာဖြစ်မည်နည်း?
(၈)အကြင်မည်သူက၊ကလေးအတွက်အချစ်မေတ္တာကိုမိခင်၏နှလုံးသည်းပွတ်အတွင်း၌ထည့်သွင်းပေးသနည်း?
(၉)အကယ်၍ကလေးငယ်ဗိုက်ဆာနေချိန်၌မငိုခဲ့ဘူးဆိုလျှင်ဘာ ဖြစ်မည်နည်း?
(၁၀)အကယ်၍ကလေးငယ်ဟာ၊နို့ရည်သောက်သုံးနည်း၊နို့စို့ နည်းမသိဘူးဆိုလျှင်မိခင်မည်ကဲ့သို့သူ့ကိုနို့တိုက်ကျွေးရမည် နည်း?
(၁၁)(နို့အား)ကိုင်တွယ်ပုံနှင့်၊သောက်စို့ပုံ၊ပညာကိုကလေးငယ် အားမည်သူကသင်ပေးခဲ့သနည်း?

>

သိုးကျောင်းသားပေးသောသင်ခန်းစာတစ်ခု

အကဲဘရ်နှင့်ဟိုစိုင်း(န)ကျောင်းပိတ်ရက်၌အလီအာ  ဘာဒ်မည်သောရွာလေးတစ်ရွာသို့ခရီးထွက်ခဲ့ကြသည်။အလီ အာဘာဒ်ရွာလေးသည်အရမ်းကိုလှပပြီး၊လူဦးရေထူထပ်ပေ သည်။၎င်းရွာ၌ကြီးမားသောဥယျာဉ်များ၊စိမ်းလန်းစိုပြေနေသောလယ်ကွင်းများရှိပေသည်။နွားအုပ်၊သိုးအုပ်များသည်စိမ်းလန်းစိုပြေနေသောလယ်ကွင်းများနှင့်လူနေအိမ်များအနီး၌ကျက်စား  နေကြပေသည်။ချစ်စရာကောင်းသော၊နွားကလေးများနှင့်သိုးကလေးများသည်သူတို့၏မိခင်များနှင့်အတူမြူးတူးခုန်ပေါက်ကစားနေကြသည်။ထိုအချိန်၌အကဲဘဲရ်နှင့်ဟိုစိုင်း(န)သည်၎င်းတို့က
စားနေသည်ကိုကြည့်ပြီး၊စိတ်ပျော်ကြည်နူးနေကြသည်။
ရုတ်တစ်ရက်အကဲဘရ်ချစ်စရာကောင်းတဲ့သိုးလေးတစ် ကောင်ဆီမျက်လုံးရောက်သွားသည်။၎င်းသည်အခုမှ၊သူ၏သိုး ပေါက်စလေးတစ်ကောင်ကိုမွေးပြီး၊လျှာဖြင့်လျက်ပေးသည်။သိုးကျောင်းလေးအားပြောကြားသည်မှာ-ဒီသိုးကဘာဖြစ်လို့သူ့ရဲ့ သိုးပေါက်စကလေးကိုလျှာဖြင့်လျက်ပေးရတာလဲ?
သိုးကျောင်းသားလေးဖြေကြားသည်မှာ-အခုလောလော ဆယ်မွေးထားတာဖြစ်တဲ့သူရဲ့ကလေးကိုချစ်ခင်၊တွယ်တာလို့၊သူကိုသန့်ရှင်းစင်ကြယ်အောင်လုပ်ပေးနေတာဖြစ်တယ်။
သိုးကလေးဟာသန့်ရှင်း၊စင်ကြယ်၊သန့်ပြန့်သွားပြီး   နောက်မိခင်၏နို့အုံဘက်သို့သွားပြီးနို့အားပါးစပ်ဖြင့်စို့၍နို့ရည် သောက်သုံးနေပေသည်။
အကဲဘရ်ကဟိုစိုင်း(န)အားပြောကြားသည်မှာ-ဒီသိုးက လေးကိုကြည့်စမ်း!လတ်တလောမွေးလာတယ်။ပြီးဒါနဲ့ချက်ချင်းသူအမေရဲ့နို့ကိုတမ်းသိတယ်။
ဘယ်ကနေသိတာလဲ?နို့အုံထဲ၌နို့ရည်ရှိပြီး၊သူမိခင်၏ ဗိုက်အောက်မှာရှိတယ်ဆိုတာ!
ဘယ်သူကသူ့ကိုသင်ကြားပေးတာလဲ?ဒီလောက်သေး ငယ်တဲ့သိုးကလေးက၊ဒီလိုမျိုးအသိဥာဏ်၊သိကျွမ်းနားလည်မှုကို
ဘယ်ကနေသယ်လာတာလဲ?
သိုးကျောင်းသားလေးအနေဖြင့်အကဲဘရ်နှင့်ဟိုစိုင်း(န)၏စကားဝိုင်းကိုနားသောတဆင်နေပေသည်။ပြီးနောက်ပြောကြား သည်မှာ-ချစ်လှစွာသောကလေးတို့ရေ!သနားကြင်နာတော်မူ သော၊အလ္လာဟ်ဟိုအရှင်မြတ်"သခင်က၊ဒီလိုအသိဥာဏ်နှင့်သိကျွမ်းနားလည်မှုကိုသေးငယ်တဲ့သိုးငယ်လေးကိုပေးသနားထား
ခြင်းဖြစ်တယ်။
သိုးငယ်လေးဆာလောင်နေတယ်။ပြီးနောက်သူ့ရဲ့မိခင်၏နို့အုံ၌နို့ရည်ရှိကြောင်း၊မိခင်၏ဝမ်းဗိုက်အောက်၌ရှိကြောင်းသိ တယ်။နောက်ပြီးသူအတွက်အခြား၊စားသောက်စရာတွေဟာ၊မ ကောင်းကြောင်း၊အကျိုးမဖြစ်ထွန်းကြောင်းသိတယ်။ဒါတွေကိုအလ္လာဟ်ဟိုအရှင်မြတ်"သခင်ကသူ့ကိုသင်ကြားပေးထား တယ်။အကယ်၍သိုးငယ်လေးအတွက်အသိဥာဏ်ကိုဒီလိုမပေးထားဘူးဆိုလျှင်သေဆုံးသွားဖို့ဖြစ်နိုင်တယ်။
ဟိုစိုင်း(န)ပြောကြားသည်မှာ-ကောင်းတယ်ဗျာ။နို့ရည်က သိုးငယ်လေးရဲ့သေးငယ်တဲ့လည်ချောင်းထဲ၌မနင်နေတာ၊အစဉ်မပြေမဖြစ်တာ၊နောက်မို့ဆိုရင်သူသေသွားနိုင်တယ်။
သိုးကျောင်းသားလေးပြောကြားသည်မှာ- ချစ်လှစွာသော ကလေးတို့ရေ!အလ္လာဟ်ဟိုအရှင်မြတ်"သခင်သည်အရာရာ တိုင်းကိုအရမ်းသိရှိနားလည်သောအရှင်နှင့်အရမ်းသနားကြင်နာတော်မူသောအရှင်ဖြစ်ပေသည်။နို့အုံ၌ကြီးမားသောအပေါက် တစ်ခုတည်းအဖြစ်မဖန်တီးထားပေ။အကြောင်းသည်ကား၎င်းအ ပေါက်မှနို့ရည်အရမ်းထွက်လာပြီး၊သိုးငယ်လေး၏လည်ချောင်းထဲတွင်နင်နေပေမည်။နို့အုံထိပ်၌အရမ်းသေးငယ်သောအပေါက်ငယ်အချို့ကိုဖန်ဆင်းပေးထားသည်။ထိုမှသာလျှင်သိုးငယ်က
လေးသောက်စို့သည့်အခါ၎င်းမှတဆင့်ထွက်ရှိလာပေမည်။
ထို့အပြင်နို့အုံ၏နို့ထိပ်ခေါင်းအားလုံးကိုဤကဲ့သို့ဖန်ဆင်းထားပေသည်။ထိုမှသာလျှင်သိုးကလေးလွယ်ကူချောမွေ့စွာ၊၎င်း
(နို့သီးထိပ်ခေါင်း)ကိုပါးစပ်ဖြင့်စို့ပြီးနို့ရည်သောက်သုံးနိုင်ပေမည်။

>
တွေးတောပါ၊ပြီးနောက်အဖြေပေးပါ။

(၁)အသင်အနေဖြင့်သိုးငယ်မွေးပြီးသည့်အချိန်၌ဘာလုပ် ကြောင်းမြင်ဘူးပါသလား?
(၂)အကယ်၍သိုးငယ်ကလေးအနေဖြင့်သူ့မိခင်၏နို့အုံမည် သည့်နေရာ၌ရှိကြောင်းမသိခဲ့လျှင်ဘာဖြစ်မည်နည်း?
(၃)အကယ်၍သိုးငယ်ကလေးအနေဖြင့်နို့မစို့တတ်လျှင်ဘာဖြစ် မည်နည်း?
(၄)သိုးကလေးဆာလောင်သည့်အချိန်၌ဘာဖြစ်သနည်း?ဘာ လုပ်မည်နည်း?
(၅)ဘယ်သူက၊ဤကဲ့သို့အသိဥာဏ်နှင့်သိကျွမ်းနားလည်မှုကို သိုးကလေးအားချီးမြှင့်ထားပါသနည်း?
(၆)အသင့်အနေဖြင့်အခုအချိန်သိုးကလေးတစ်ကောင်ကိုပွေ့ဖူး ပါသလား?၎င်းအားနို့ဗူးတိုက်ကျွေးဘူးပါသလား?
(၇)အကယ်၍နို့အုံ၏နို့သီးထိပ်ခေါင်းအပေါက်သည်ကြီးနေ မည်ဆိုလျှင်ဘာဖြစ်မည်နည်း?
(၈)သိုးကျောင်းသားအနေဖြင့်အကဲဘရ်နှင့်ဟိုစိုင်း(န)ကိုမည်
သည့်သင်ခန်းစာပေးခဲ့ပါသနည်း?

>

စဉ်းစားဖြတ်ထိုးဥာဏ်ရှိသောကောင်ကလေး

ဟာစန်သည်တတိယတန်းကျောင်းသားဖြစ်ပေသည်။သူ
သည်အသိတရား၊အသိဥာဏ်နှင့်စဉ်းစားဖြတ်ထိုးဥာဏ်ရှိသော
သူဖြစ်ပေသည်။မိမိ၏ကျောင်းစာများကိုကောင်းကောင်းမွန်မွန်၊နားလည်လိုသူဖြစ်ပေသည်။အရာရာတိုင်းနှင့်ပက်သက်ပြီး၊စဉ်း စားတွေးခေါ်လေ့ရှိသည်။အကယ်၍(စိတ်တိုင်းကျ)သဘောမ ပေါက်ခဲ့သည့်အခါမေးလေ့မေးထရှိ၏။
တစ်နေ့၌ဆရာသမားသည်ကျောင်းစာသင်ခန်း၌ပြော      ကြားသည်မှာ-ကျွန်ုပ်တို့၏ခန္ဓာကိုယ်အတွက်စားသောက်ဖွယ် ရာအမျိုးမျိုးလိုအပ်ပေတယ်။အစား၊အသောက်၊စားသုံးခြင်းဖြင့်ဆာလောင်မှုကိုဖြေဖျောက်စေတယ်။ထို့အပြင်ကျွန်ုပ်တို့၏ခန္ဓာကိုယ်အားအကျိုးအာနိသင်၊သက်ရောက်စေတယ်။အစား၊အ သောက်တိုင်း၊သီးသန့်၊သီးခြား၊အကျိုးအာနိသင်၊သက်ရောက် စေတဲ့စွမ်းအားရှိတယ်။
ကျွန်ုပ်တို့အခုလိုပြေးလွှားနိုင်ဖို့၊အားကစားပြုလုပ်နိုင်ဖို့အတွက်အင်အား၊စွမ်းအားရှိဖို့လိုတယ်။စွမ်းအား၊အင်အား၊ဟာ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကိုအပူဓါတ်ပေးတယ်။ထို့အပြင်အားက စားနှင့်အလုပ်လုပ်နိုင်ဖို့စွမ်းအားထုတ်ပေးတယ်။
တစ့်ချိုအစား၊အသောက်များဟာကျွန်ုပ်တို့၊အတွက်စွမ်းအင်၊စွမ်းအားကိုဖြစ်ထွန်းစေတယ်။သာဓကအားဖြင့်၊အာလူး၊ ဆန်၊အချို၊ဆီ၊နို့၊စွန်ပလွံသီး၊ပန်းသီး၊စပျစ်သီးခြောက်၊မြေပဲ၊စ သည်တို့ဖြစ်တယ်။
လူသားတိုင်းအတွက်ဒီအစား၊အသောက်တွေဟာ၊လိုအပ်တယ်။ဒါပေမဲ့အလုပ်တအားလုပ်မည့်သူအတွက်ဆိုလျှင်(သူအတွက်)ပိုပြီးလိုအပ်တယ်။
အ့ချိုအစား၊အသောက်များဟာကိုယ်ခန္ဓာ၊ကြီးမားထွား
ကျိုင်းဖို့အတွက်အရေးပါအရာရောက်တယ်။ဥပမာ-အသား၊ ကြက်ဥ၊နို့၊ဒိန်ခဲစသည်တို့ဖြစ်တယ်။
ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအတွက်ဗီတာမင်ဓါတ်များနှင့်သတ္တုဓါတ်များလည်းလိုအပ်တယ်။သစ်သီးဝလံများ၊လတ်ဆတ်သောဟင်းသီးဟင်းရွက်များ၌ဗီတာမင်ဓါတ်များပါဝင်တယ်။ထို့နောက်အသား၊နို့၊အသဲ၊ကြက်ဥ၊အစ်ဖနဂ်ျခေါ်(ဆေးဖက်ဝင်ပန်းတစ်မျိုး)နှင့်ဟင်းသီး၊ဟင်းရွက်များစာရင်း၌ပါဝင်သောစားသောက်ဖွယ် ရာများ၌သတ္တုဓါတ်များပါဝင်ပေသည်။
ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကြီးထွား၊သန်မာ၊ကျန်းမာဖို့အ တွက်အရာတွေအများကြီးလိုတယ်။ဒါပေမဲ့လိုအပ်၊အရေးကြီးတဲ့အရာအားလုံးဟာ၊စားသောက်ဖွယ်ရာများအားလုံး၏အမျိုးအ စားတွေထဲမှာပါဝင်နေတယ်။
ကျွန်ုပ်တို့သည်သစ်သီးဝလံများနှင့်စားသောက်ဖွယ်ရာ များမျိုးစုံကိုမလွဲမသွေ၊စားသုံးသင့်တယ်။ထိုမှသာလျှင်ကျွန်ုပ်တို့၏ကိုယ်ခန္ဓာဟာကောင်းမွန်စွာကြီးထွားသန်မာပြီး၊ကျန်းမာမှာ ဖြစ်တယ်။
ဟာစန်၊ဆရာထံခွင့်ပန်ပြီးပြောကြားသည်မှာ-ကျွန်တော် ကအစား၊အသောက်စားသုံးခြင်းဖြင့်ဆာလောင်မှုကိုသာပြေ ပျောက်စေတဲ့လိုပဲထင်ထားခဲ့တာ။ဒါပေမဲ့ကိုယ်ခန္ဓာကြီးထွား၊ သန်မာရန်နှင့်ကျန်းမာရန်အတွက်စားသောက်ဖွယ်ရာ၊မျိုးစုံ၊အဖုံဖုံလိုအပ်ကြောင်းအခုမှသဘောပေါက်တော့တယ်။၎င်းအရာများကျွန်တော်တို့အတွက်အရမ်းလိုအပ်တယ်ဆိုတာ၊သဘောပေါက်တော့တယ်။
ဆရာပြောကြားသည်မှာ-ကျွန်ုပ်တို့ဝမ်းသာပီတိဖြစ်ရမယ် ကွယ်။ဘာလို့လဲဆိုတော့ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအတွက်ဘယ်လိုအရေးပါအရာရောက်တဲ့အရာတွေအားလုံးဟာကမ္ဘာပေါ်မှာရှိနေတယ်။သစ်သီးဝလံမျိုးစုံ၊ဟင်းသီးဟင်းရွက်မျိုးစုံရှိနေတယ်။ဆန်၊ ဂျုံ၊ကုလားပဲ၊ပဲတောင့်၊မတ်ပဲ၊မြေပဲ၊စွံပလွံသီး၊ဖာန်ဒက်ခေါ်သစ်သီးတစ်မျိုးအားလုံးပါဝင်ပေသည်။
သစ်ပင်များဟာကျွန်ုပ်တို့အတွက်သစ်သီးဝလံ၊ဝေဆာ ပေးတယ်။တိရစ္ဆာန်များကလည်းပဲကျွန်ုပ်တို့အတွက်နို့နှင့်အ သားထုတ်ပေးတယ်။
ကောင်းပြီ၊ကလေးတို့ရယ်!ငါတို့အတွက်မည်သူစီစဉ်ပေးခဲ့တာလဲ?ပြီးနောက်ကျွန်ုပ်တို့အတွက်အရေးပါပြီးလိုအပ်တဲ့အ ရာအားလုံးနှင့်ပက်သက်ပြီးသိထားတယ်။ကျွန်ုပ်တို့အတွက်အ ရာအားလုံးဟာအရေးပါပြီးလိုအပ်တယ်။ဒီလိုအပ်ချက်တွေကိုအ ရင်ဖန်တီးပေးထားတယ်။
အားလုံးသောကျောင်းသူ၊ကျောင်းသားတစ်ပြိုင်နက်အ     ဖြေပေးသည်မှာ-ခိုဒါ…..ခိုဒါ…
ဆရာကပြောသည်မှာဟုတ်တယ်။မှန်တယ်။ထိုအရှင်ဟာ ခိုဒါဖြစ်တယ်။ဒီအပြင်အရာရာကိုသိရှိနားလည်တော်မူသောအ ရှင်နှင့်စွမ်းအားအကြီးမားဆုံးသောအရှင်ဖြစ်ပေတယ်။



မေးခွန်းများ

(၁)အကယ်၍အရာတစ်ခုကိုမသိမနားလည်တဲ့အခါ၊အသင်အ နေဖြင့်ဘာလုပ်မည်နည်း?
(၂)အသင်အနေဖြင့်ယနေ့မနက်စာအဖြစ်မည်သည့်စားသောက်
ဖွယ်ရာများစားသုံးခဲ့ပါသနည်း?စားသုံးခဲ့သည့်အစားအသောက်တွေ၏အကျိုးအာနိသင်များကိုအသင်ပြောပြနိုင်ပါသလား?
(၃)အသင်အနေဖြင့်အချိန်တော်တော်ကြာအစာ၊မစားပဲနေမည်ဆိုလျှင်အသင်၏အခြေအနေဘာဖြစ်သွားမည်နည်း?အဘယ်  ကြောင့်ပါသနည်း?
(၄) မိမိကိုယ်ခန္ဓာအတွက်လိုအပ်သောအရာများကိုအသင်ရေ တွက်ပြနိုင်ပါသလား?
(၅)မိမိကိုယ်ခန္ဓာအတွက်လိုအပ်သောအရာများကိုမည်သည့် နည်းဖြင့်ဖြေရှင်းမည်နည်း?
(၆)တိရစ္ဆာန်နှင့်ဆေးဖက်ဝင်ပန်းပင်၊သစ်ဥ၊သစ်ဖုများသည်ကျွန်တော်တို့အတွက်ဘယ်အရာများလုပ်ပေးကြသနည်း?
(၇)မည်သူကကျွန်တော်တို့အတွက်စဉ်းစားခဲ့သနည်း?နောက် ပြီးအရေးကြီးလိုအပ်သော၊အရာများအားလုံးကိုဖန်ဆင်းပေး ထားသည်မဟုတ်ပါသလော?
(၈)ဘန္ဒာလောကကြီး၌ကျွန်တော်တို့၊သူတစ်ပါးအကျိုးသယ်ပိုး ဆောင်ရွက်ပေးရန်အတွက်မည်သည့်တာဝန်ရှိပါသနည်း?