အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန
တနင်္ဂနွေနေ့

၂၁ ဒီဇင်ဘာ ၂၀၁၄

၂၃:၃၀:၂၅
659905

အလ္လာဟ်ဟို အရှင်မြတ် သခင် ၏ နောက်ဆုံး အန္တိမ တမန် တော်မြတ်ကြီး ဟဇရတ်(သ) မိုဟမ္မဒ်(ဆွ)

ကိုယ်တော်၏ဖခမည်းတော်သည်ကိုယ်တော်အဗ္ဗဒွ လ္လာဟ်ဖြစ်ပြီး၊မယ်တော်၏အမည်မှာသခင်မကြီးအာမေနာဟ်ဖြစ်ပေသည်။ ရဘီးအွရ်အောင်ဝလ်လမြတ်၏(၁၇)ရက်နေ့၊အာမိုးလ် ဖီးလ်နှစ်၌်မက္ကာရွှေမြို့တော်၌ မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပေ သည်။ကိုယ်တော်လောကကြီးသို့မကြွမြန်းလာမည် အရင်(အ လျင်)ကိုယ်တော်၏ဖခမည်းတော်ကိုယ်တော်အဗ္ဗဒွလ္လာဟ်သည်ကွန်လွန်သွားချေသည်။



ကိုယ်တော်၏ဖခမည်းတော်သည်ကိုယ်တော်အဗ္ဗဒွ
လ္လာဟ်ဖြစ်ပြီး၊မယ်တော်၏အမည်မှာသခင်မကြီးအာမေနာဟ်ဖြစ်ပေသည်။


ရဘီးအွရ်အောင်ဝလ်လမြတ်၏(၁၇)ရက်နေ့၊အာမိုးလ် ဖီးလ်နှစ်၌်မက္ကာရွှေမြို့တော်၌

မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပေ သည်။ကိုယ်တော်လောကကြီးသို့မကြွမြန်းလာမည်

အရင်(အ လျင်)ကိုယ်တော်၏ဖခမည်းတော်ကိုယ်တော်အဗ္ဗဒွလ္လာဟ်သည်ကွန်လွန်သွားချေသည်။

 

သခင်မကြီးအာမေနာဟ်သည် ကိုယ်တော်မြတ်မိုဟမ္မဒ်(ဆွ)အားခြောက်နှစ်သားအရွယ်အထိ၊

ပြုစုစောင့်ရှောက်ကျွေးမွေးထိန်းသိမ်းခဲ့ပေသည်။


ကိုယ်တော်မြတ်မိုဟမ္မဒ်(ဆွ)အားခြောက်နှစ်ပြည့်ပြီး သည်နှင့်သခင်မကြီးအာမေနာဟ်ပါ

ကွန်လွန်သွားတော်မူ၏။

သခင်မကြီးအာမေနာဟ်မရှိတော့သည့်နောက်ပိုင်းတွင်ကိုယ်တော် မြတ်မိုဟမ္မဒ်(ဆွ)အားဘိုးတော်အဗ္ဗဒွလ်မိုသာလစ်(ပ)သည် ကိုယ်တော်မြတ်မိုဟမ္မဒ်(ဆွ)အားထိန်းသိမ်းစောင့်ရှောက်တော်မူပေသည်။

 

ဟဇရတ်(သ)အဗ္ဗဒွလ်မိုသာလစ်(ပ)သည်ကိုယ် တော်မြတ်မိုဟမ္မဒ်(ဆွ)အား

အရမ်းနှစ်သက်မြတ်နိုးတော်မူပေ သည်။ထို့အပြင်ကိုယ်တော်အားယုယုယယ၊

ကြင်နာစွာဆက်ဆံတော်မူခဲ့ပေသည်။

 

၎င်းသည်ကိုယ်တော်မြတ်မိုဟမ္မဒ်(ဆွ)၏အ နာဂတ်နှင့်ပက်သက်သော

သတင်းအားရဟူဒီ၊မဆီဟီ(ခရစ် ယာန်)သာသနာ့သုခမိန်များထံမှ

မက္ကာရွှေမြို့တော်၌တမန်တော် မြတ်တစ်ဆူပွင့်မည်ဖြစ်ကြောင်း(ရှေ့ပြေးသတင်း)

သောတဆင်ထားပြီးဖြစ်ချေသည်။


အဗ္ဗဒွလ်မိုသာလစ်(ပ)သခင်သည်အာရပ်တို့၏အကြီးအကဲခေါင်းဆောင်ဖြစ်ပေသည်။

ကအ်ဗာလ်ဝတ်ကျောင်းတော်အ နီး၌၎င်းအတွက်အထူးသီးသန့်နေရာရှိပေသည်။

 

ထိုနေရာအား မည်သူမျှအသုံးပြုခွင့်မရှိချေ။ကိုယ်တော်မြတ်မိုဟမ္မဒ်

(ဆွ)တစ် ဦးတည်းသာလျှင်ထိုသီးသန့်နေရာတွင်မိမိ၏ဘိုးတော်နှင့်အတူ ထိုင်ခွင့်ရှိပေသည်။တခါတရံကိုယ်တော်မြတ်မိုဟမ္မဒ်(ဆွ)အားထိုနေရာသို့မလာရန်

အ့ချိုသူများတားမြစ်ပိတ်ပင်သည့်အခါအဗ္ဗ ဒွလ်မိုသာလစ်(ပ)မိန့်တော်မူသည်မှာ-

“ငါ၏သားတော်အားမ ပိတ်ပင်ကြနှင့်လာခွင့်ပေးကြလော့။“အလ္လာဟ်ဟိုအရှင်မြတ်" သခင်၏ကစမ်မိုဟမ္မဒ်(ဆွ)၏မျက်နှာတော်သည်ထွန်းလင်း တောက်ပပြီး၊ကြီးကျယ်မြင့်မြတ်မှုလက္ခဏာကြောင့်တနေ့၌မိုဟမ္မဒ်(ဆွ)အသင်တို့၏

အကြီးအကဲဦးသျှောင်ဖြစ်မည်ဖြစ်ကြောင်း မြင်ထားပေသည်။”
အဗ္ဗဒွလ်မိုသာလစ်(ပ)သခင်သည်ကိုယ်တော်မြတ်မိုဟ မ္မဒ်(ဆွ)အားမိမိ၏

အနီး၌ထိုင်စေတော်မူပြီး၊သာယာနူးညံ့၊ပျော့ ပျောင်းပြီးဂရုဏာအပြည့်ပါသည့်

လက်တော်ဖြင့်ကိုယ်တော် မြတ်၏ကျော၌ပွတ်သပ်ပေးပေသည်။

အမြဲတစေကိုယ်တော် မြတ်နှင့်အတူထမင်းလက်စုံစားသောက်လေ့ရှိသည်။

မည်သည့်အချိန်မျှကိုယ်တော်မြတ်အားမိမိနှင့်မခွါထားခဲ့ပေ။



ကိုယ်တော်မြတ်ဟဇရတ်(သ)မိုဟမ္မဒ်(ဆွ)၏ကလေး ငယ်ဘဝ
ကိုယ်တော်မြတ်မိုဟမ္မဒ်(ဆွ)သည်ဖြတ်ထိုးဥာဏ်၊စဉ်းစား
ဆင်ခြင်တတ်သောဥာဏ်ရှိပြီးယဉ်ကျေးသိမ်မွေ့စည်းကမ်းရှိသောကလေး

တစ်ယောက်ဖြစ်ပေသည်။

 

ကိုယ်တော်၏ဦးရီးတော်အဘူတွာလစ်(ပ)မိန့်ကြားတော်မူ

ူသည်မှာ“မိုဟမ္မဒ်(ဆွ)သည်စား သောက်ဖွယ်ရာသုံးဆောင်ချိန်၌

بسم اللهဖတ်ရွတ်လေ့ရှိပြီး၊ပြီး ဆုံးချိန်၌الحمد لله ဖတ်ရွတ်လေ့ရှိပေသည်။မည်သည့်အခါမ

ှမိုဟ မ္မဒ်(ဆွ)ထံမှမုသာဝါဒကိုမကြားရပေ။ထို့နောက်မကောင်းသောလုပ်ရပ်၊မသင့်တင့်

လျောက်ပတ်သောအကျင့်စရိုက်ကို၎င်းထံ၌မတွေ့ရပေ။အသံထွက်၍ရယ်မော

လေ့မရှိပဲ၊အမြဲတစေပြုံးရွှင်တော်မူလေ့ရှိပေသည်။”


စဉ်းစားပြီးအဖြေပေးပါ



(၁)ကိုယ်တော်မြတ်မိုဟမ္မဒ်(ဆွ)သည်မည်သည့်နှစ်၊လ၊နေ့ရက်၊

နေရာ၌မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့သနည်း?


(၂)ကိုယ်တော်မြတ်မိုဟမ္မဒ်၉ဆွ)၏ဖခမည်းတော်နှင့်မယ်တော်၏အမည်ကိုဖေါ် ပြပါ?


(၃)အဗ္ဗဒွလ်မိုသာလစ်(ပ)သခင်သည်ကိုယ်တော်မြတ်မိုဟမ္မဒ်6နှင့်မည်ကဲ့

သို့သွေးသားတော်စပ်ပြီးကိုယ်တော်နှင့်ပက်
သက်၍မည်ကဲ့သို့မိန့်ခြွေခဲ့သနည်း?


(၄) ရဟူဒီ၊မဆီဟီ(ခရစ်ယာန်)သာသနာ့သုခမိန်များသည်ကိုယ် တော်မိုဟမ္မဒ်(ဆွ)နှင့်ပက်သက်၍မည်ကဲ့သို့ပြောကြားခဲ့ကြသ နည်း?


(၅)ဟဇရတ်(သ)မိုဟမ္မဒ်(ဆွ)၏အပြုအမူသည်ကလေးငယ်ဘဝ၌မည်ကဲ့သို့ရှိခဲ့ပါသနည်း?

ကိုယ်တော်၏ဦးရီးတော်သည်ကိုယ် တော်နှင့်ပက်သက်၍မည်ကဲ့သို့ပြောကြားခဲ့ကြသနည်း?

 

 
 ကျမ်းကိုး - “အာမိုဇေရှ်ဒီး(န)ပေဇဗန်းနေစသေ အတွဲ (၁ )”