အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန
တနင်္ဂနွေနေ့

၂၁ ဒီဇင်ဘာ ၂၀၁၄

၂၃:၃၇:၃၆
659906

ကဗရ်စတန်အတွင်းလိုက်နာရမည့် စည်းကမ်းများ

ကွယ်လွန်သူများ၏ဇေယာရတ် ပြုခြင်းနှင့်ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်းများ အားလုံးကို အာဂါယေအဘာစ်အဇီဇီးရေးသားထားသည် ((ဇေယာရတ်သေအဟ်လေကဗူ))မှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။


 

ကဗရ်စတန်အတွင်းလိုက်နာရမည့် စည်းကမ်းများ

 

ကွယ်လွန်သူများ၏ဇေယာရတ် ပြုခြင်းနှင့်ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်းများ

အားလုံးကို အာဂါယေအဘာစ်အဇီဇီးရေးသားထားသည် ((ဇေယာရတ်သေအဟ်လေကဗူ))မှ

ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

 

၁။ကြာသပတေးနေ့ ကွယ်လွန်သူများ၏ဇေယာရတ် အတွက်သွားရန် ပိုကောင်းပေသည်။

အခြားနေ့များ၌လည်းသွားနိုင်ပေသည်။

 

၂။ကဗရ်ပုံဘက်မျက်နှာမူပြီးထိုင်ကာမိမိ၏လက်အားကဗရ်ပုံ

အပေါ်လက်တင်ပြီးဒိုအာများဖတ်ပေးခြင်း။

 

၃။ ဝဇူဖြင့် ဇေယာရတ် ပြခြင်း။

 

၎။ ကဗရ်စတန်အတွင်းဖြေညင်း၊ညင်းသာစွာလျောက်လှမ်းခြင်း။

 

၅။ ကဗရ်စတန်အတွင်း အကျိုးမဲ့စကားများပြောဆိုခြင်းမှရှောင့်ခြင်း၊

ဇေက်ရေခိုဒါ၊ပုံမှန်ပြုနေခြင်း။

(ကဗရ်စတန်အတွင်းနေထိုင်သူများသတိထားစရာပင်)

 

၆။ကဗရ်စတန်အတွင်းရောက်လျင် ကြောက်လန့်ဖွယ်

မောင်မိုက်နေပြီးတစ်ဦးတည်းနေရမည့်

ကဗရ်အကြောင်းတွေးတော်စဉ်းစားခြင်း။

 

၇။ကဗရ်များအပေါ်လျောက်ခြင်း၊ကဗရ်များအားမှီထိုင်ခြင်း၊

ကဗရ်များအပေါ်ထိုင်ခြင်းသည် ((မကရူး))ဖြစ်ပါသည်။

ရှောင့်လျင်ပိုကောင်း၏။

 

၈။ကဗရ်စတန်အတွင်းနှောက်ပြောင်ခြင်းမှ ရှောင့်ကျင့်ခြင်း၊

ရီဝါယတ်တော်တစ်ခု၌လာရှိသည်မှာ-အကြင်မည်သူမဆို

ကဗရ်စတန်အတွင်းနှောက်ပြောင်ပြီးပြန်ချိန်၌ ၎င်းအပေါ်

((အိုဟွဒ်))တောင်နှင့်ညီသောဂိုနာ(အပြစ်)အထုပ်ကိုတင်တော်မူပေမည်။

 

၉။ ကဗရ်အပေါ်ရေလောင်းပေးခြင်း ၊ ကဗရ် (အပေါ်ရှိခင်းထားသည်ကျောက်ပြား)

အားလက်ဖြင့်ဆေးကြောပေးခြင်း။

တချို့အနေဖြင့် အေမာမ်ဂျဖရ်ဆွာဒစ်က်(အ.စ)အားကဗရ်အပေါ်ရေလောင်းပေးခြင်း၏

လျှို့ဝှက်ချက်နှင့်စပ်လျဉ်းပြီးမေးမြန်းရာအဖြေပေးတော်မူ

သည်မှာ- စိုစွတ်မှုရှိနေသမျှကာလပတ်လုံး ကွယ်လွန်သူအပေါ် အဇာဗ်(ပြစ်ဒဏ်) မကျချေ။

ကြည့် - စဖီးနသွလ်ဗေဟာ ၂ ၊ ၃၉၂

 

 

အေမာမ်ဂျဖရ်ဆွာဒစ်က်(အ.စ)အနေဖြင့် ကဗရ်အပေါ်ရေလောင်းပေးခြင်း၏နည်းစနစ်ကိုမိန့်

တော်မူသည်မှာ- ကေဗ်လာဘက်မျက်နှာမူပြီး ကဗရ် ခေါင်းရင်မှ ခြေရင် ဘက်သို့လောင်း

ရမည်။ထိုနောက်ကဗရ်တစ်ခုလုံးကို ပတ်ပြီးလောင်းရမည် ၊အကယ်၍ရေကျန်သေးပါက ကဗရ်

၏အလယ်တွင်လောင်းပေးရမည်။

 

၁၀။မိုမင်၏ကဗရ်နား၌ ကျမ်းတော်မြတ်ကုရ်အာန် ဖတ်ရွတ်ပေးခြင်း၊သို့သော်အထူးသဖြင့်

စူရယေ ယာစင်း(န) ၊ မိုလ်က် ၊  နူးရ် ၊ အမ်ဒ် ၊ သောင်ဟီးဒ် ၊ဖတ်ရွတ်ရန်ပိုမို၍တိုက်တွန်းထား

ပါသည်။အရမ်းမြင့်မြတ်ပြီး၊ စဝါးပ် ရှိပါသည်။

 

၁၁ ။ ကဗရ် နား၌ ဒိုအာတောင်းခြင်း၊ ကွယ်လွန်သူ၏အပြစ်လွတ်ငြိမ်းချမ်းသာမှုရရန်ဒိုအာပြု

ပေးခြင်းသည် မိုစ်သဟဗ် ဖြစ်ပါသည်။

 

ကြည့် - ဇေယာရတ်သေအဟ်လေကဗူ စာမျက်နှာ ၂၂ မှ ၂၈ အထိ