အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA သတင်းဌာန
တနင်္ဂနွေနေ့

၂၁ ဒီဇင်ဘာ ၂၀၁၄

၂၃:၄၁:၂၀
659907

လူနာကိုကြည့်ရှု့စဉ်လိုက်နာရမည့်အစ္စလာမ်စည်းကမ်းများ

လူနာကိုကြည့်ရှု့စဉ်လိုက်နာရမည့်အစ္စလာမ်စည်းကမ်းများ ကို အောက်ပါအတိုင်းလေ့လာနိုင်ပါသည်။



လူနာကိုကြည့်ရှု့စဉ်လိုက်နာရမည့်အစ္စလာမ်စည်းကမ်းများ

 

၁။ သန့်သန့်ရှင်းရှင်း၊ရေမွေးဖြင့်သွားတွေ့ခြင်း

၂။လူနာဘေးမှထိုင်ခြင်းသို့သော်ကြာကြာမထိုင်ခြင်း

၃။လူနာဆီမှ၊မထမခြင်း၊မိမိလက်ကိုလူနာ၏ခေါင်းပေါ်တင်ထားခြင်း(သို့)၊

လက်ကိုလက်ဖြင့်ကိုင်ထားခြင်း၊(လိင်တူဖြစ်ရမည်)

၎။အကယ်၍ကူးစက်ရောဂါမဖြစ်ပါကမိမိ၏လက်ကို လူနာလက်တထောင်မှ

လက်ချောင်းလေး များ အထိနေရာပေါ်တင်ထားပြီးဒိုအာလုပ်နေခြင်း

၅။၎င်း၏ရောဂါပျောက်ကင်းရေးအတွက်ဒိုအာပြုပေးခြင်း

၆။စူရဟ်ဟမ်ဒ် ၁ကြိမ်(သို့) ၇ ကြိမ် ၊(သို့)အကြိမ် ၇၀ ဖတ်ခြင်း

၇။လူနာအရှေ့၎င်းစားချင်သည်အစားအစာ၊၎င်းကိုဒုက္ခဖြစ်စေသည်

အစားအစာ၊တစ်ခုမှမစားဘဲနေခြင်း

၈။လူနာဘေး၌ဆေးလိပ်မသောက်ခြင်း

၉။ကြက်သွန်ဖြူ၊ကြက်သွန်နီစားပြီးပါကလူနာဆီမသွားခြင်း

၁၀။လူနာကိုစိတ်ထိခိုက်စေသော၊ဒေါသထွက်စေသည်အပြုအမှုများကိုရှောင့်ခြင်း

၁၁။သစ်သီးဝလံများ၊လူနာကြိုက်သည်အခြားကောင်းမြတ်သည်အရာများယူဆောင်

သွားခြင်း

၁၂။လူနာအားမိမိအတွက်ဒိုအာတောင်းပေးရန်မေတ္တာရပ်ခံခြင်း

အကြောင်းသည်ကား- အေမာမ်ဂျဖရ်ဆွာဒစ်က်(အ.စ)အနေဖြင့်မိန့်ကြားတော်မူသည်မှာ-

ပုဂ္ဂိုလ် (၃) ဦး ၏ဒိုအာသည်ကဘူလ်ဖြစ်ပေသည်။

၁။ဟာဂျီ

၂။မိုဂျဟစ်

၃။လူမမာ၊လူနာ

 

ဟွဂျသွလ်အစ္စလာမ် ကာရရ်ဟိုစိုင်း(န)(အိန္ဒိယ)ရေးသားသည်

((သိုရှေယေအာခေရတ်)) အူရ်သူ - စာမျက်နှာ ၁၀၇ -၁၀၈