အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna သတင်းဌာန
တနင်္လာနေ့

၂၃ ဖေဖော်ဝါရီ ၂၀၁၅

၀၅:၅၇:၃၆
672705

လစ်ဗျား နိုင်ငံ ရှိ အီရန်သံအမတ် အိမ်၏ အပြင်ဖက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

လစ်ဗျား နိုင်ငံ၏ မြို့ တော် သွရာဗေလစ် မြို့ တွင် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ သံအမတ် နေ အိမ်၏ အပြင်ဖက်တွင် အနည်းငယ် အချိန်လေးခြား ပြီး ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ နောက်ဆုံး သတင်းအချက်အလက်အရ လစ်ဗျား နိုင်ငံ ရှိ အီရန်သံအမတ် အိမ်၏ အပြင်ဖက်တွင် ဗုံးပေါက်ကွဲမှု အား မိမိတို့ ပြုခဲ့ကြောင်း IS (ခ) ဒါအေရှ် အစွန်းရောက် အဖွဲ့ မှ ဝင်ခံ ကြေငြာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

================


လစ်ဗျား နိုင်ငံ၏ မြို့ တော် သွရာဗေလစ် မြို့   တွင် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ သံအမတ်(အာဂါယေ အစ္စဂဲရ်အလီနာစေရီ ) နေ အိမ်၏ အပြင်ဖက်တွင် ၏ အနည်းငယ် အချိန်လေးခြား ပြီး ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပါ တယ်။ ဤဖြစ်ပွားမှုသည် တနင်္ဂနွေနေ့ခင်းပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ၊ သေကျေမှု မရှိခဲ့ ကြောင်း သတင်းရရှိခဲ့ပါတယ်။ ဒုတိယ ပေါက်ကွဲခဲ့သည့် ဗုံးမှာ အမှိုက်ပုံးအတွင်းမှ ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ပါတယ် ။
လုံခြုံရေး အစောင့်များ ၏ ရှာဖွေ မှုကြောင့် ပေါက်ကွဲရေး ပစ္စည်းများကိုပလတ်စတစ် နှင့်ထုပ်ထားသည့် လက်လုပ် ဗုံး ၂ခု ကို အီရန် နိုင်ငံ ၏ သံအမတ် နေအိမ် အနီးအနား တွင် ထပ်မံတွေ့ရှိခဲ့ပြီး မပေါက်ကွဲမည် အချိန်မီ ဖျက်စီးနိုင်ခဲ့ပါတယ်။
မျက်မြင် သက်သေများ၏ အဆိုအရ ဤပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဖြစ်ပွားရ နေရာသို့  လူနာတင်ယာဉ် နှင့် ကယ်ဆယ်ရေး အဖွဲ့ ရောက်ရှိလာခဲ့ပါတယ် ။ လစ်ဗျားနိုင်ငံ မှာ သမ္မတစိုး ကဇာဖီး ပြုတ်ကျသေဆုံးပြီးနောက် မတည်ငြိမ်မှုများ ၊ မအေးချမ်းမှုများ ပြင်းထန်စွာ  ဖြစ်ပေါ်လာခဲ့ပါတယ် ။ယခုဆို သမ္မတစိုး ကဇာဖီး ပြုတ်ကျသေဆုံး ခဲ့တာ ၄ နှစ်ကျော် ရှိနေပါပြီး ။ သို့သော်လည်း ယခုတိုင် တည်ငြိမ်မှုများ မရှိသေးကြောင်း တွေ့မြင်နေရပါတယ်။
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏သံရုံး အား လောလောဆယ် လစ်ဗျား နိုင်ငံတွင် ပိတ်ထားပါတယ်။ လတ်တလော လက်ရှိ လစ်ဗျား နိုင်ငံ ရေး အခြေအနေ အရ အဖွဲ့နှစ်ဖွဲ့ မှ ပြိုင်နေပြီး အုပ်ချုပ်နေ ပါတယ် ။ တဖွဲ့ကတော့ တရားဝင် အဖွဲ့ ဖြစ်ပြီး နောက်တစ်ဖွဲ့ကတော့ သောင်းကြမ်းသူ အဖျက်သမား ၊လက်နက်ကိုင် အစွန်းရောက်များ ကို အားပေး ထောက်ခံ သည့် အဖွဲ့  ဖြစ်ပါတယ်။ IS (ခ) ဒါအေရှ် အစွန်းရောက် အဖွဲ့ ဟာလည်း ဤနိုင်ငံမှာ အခြေဆိုက်ထားပြီး ဖြစ်ပါတယ်။
နောက်ဆုံး သတင်းအချက်အလက်အရ လစ်ဗျား နိုင်ငံ ရှိ အီရန်သံအမတ် အိမ်၏ အပြင်ဖက်တွင် ဗုံးပေါက်ကွဲမှု အား မိမိတို့ ပြုခဲ့ကြောင်း IS (ခ) ဒါအေရှ် အစွန်းရောက် အဖွဲ့ မှ ဝင်ခံ ကြေငြာခဲ့ပါတယ်။   
===================