အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
တနင်္လာနေ့

၁၆ မတ် ၂၀၁၅

၀၆:၂၉:၃၈
677117

ဟဇရသ် စိုလိုင်မန်း (အ.စ) အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဘရ်ကသ် ကြောင့် ကျေးဌက်များ၏ စကား နားလည်

မောင်လာအလီ (အ.စ) မိန့်တော်မူလေသည်။ یا عمار ! والله انّ سلیمان بن داود علیه السلام سأل الله تعالی بنا اهل البیت علیهم السلام حتی عُلم منطق الطیر အဓိပ္ပာယ် - အို…အမာရ် အလ္လာဟ်ဟိုအရှင်မြတ်၏ ကစမ် ၊ ဟဇရသ် စိုလိုင်မန်းဗင်ဒါဝဒ် (အ.စ)မှ ငါတို့ အဲဟ် လေ့ဘိုက်(သ) (အ.စ) ကို အခြေပြုပြီး ကျေးဌက် များ ၏ စကားကို သင်ကြားပေးရန် အလ္လာဟ် ဟိုအရှင်မြတ် ထံ လျှောက်ထားလေ၏။ ပြီးနောက် သင်ကြားတတ်မြောက်ခဲ့ခြင်းဖြစ်ပေသည်။ ဗေဟာရွလ်အန်နာဝါရ် ကျမ်း ၊ကျမ်းအတွဲ ၄၂ ၊ကျမ်းစာမျက်နှာ ၅၆


ဟဇရသ် အမာရေ ယာစေရ် တင်ပြပြောကြား လေ၏။ ကူဖာဂျမေအ်မစ်ဂျစ်ဒ် မှာ အမီး ရွလ်မိုမေနီး ဟဇရသ် အလီ (အ.စ) မှ အပ မည်သူ မှ မရှိတဲ့အချိန်မှာ အမီးရွလ်မိုမေနီး ဟဇရသ် အလီ (အ.စ)ကတစ်ဦးတစ်ယောက် နှင့် စကားပြောနေတာကို ရုတ်တရက် တွေ့မိပါတယ်။ အမီးရွလ်မိုမေနီး ဟဇရသ် အလီ (အ.စ)ပြောသည့် စကားကတော့ ((သူပြောတာကို လက်ခံ ယုံကြည်လိုက်ပါ…. သူပြောတာကို လက်ခံ ယုံကြည်လိုက်ပါ….))ဖြစ် ပါတယ်။
ကျတော် လည်း မောင်လာ(အ.စ) ၏အနီးအနားကို ကြည့်ပါတယ်၊ဒါပေမဲ့ ဘယ်သူကိုမှလည်း မတွေ့ရပါဘူး ၊အံ့သြမိ သွားပါ တယ်။ ။ အို … အမာရ် ဧကန်မုချ အလီ (အ.စ) ဘယ်သူနဲ့စကားပြောနေတယ်လို့ မိမိကိုယ်ကိုပြောနေတယ်မဟုတ်လား ? လို့ ဟဇရသ် အလီ (အ.စ) က ကျတော်ကို မိန့်တော်မူပါတယ် ။ ကျတော်လည်း ဟုတ်ပါတယ် ခင်ဗျား လို့ဖြေလိုက်ပါတယ်။
မောင်လာအလီ (အ.စ) မိန့်တော်မူပါတယ် ။ မောင်မင်းရဲ့ ခေါင်းကို အပေါ်ဖက်သို့ မော့ပါအုန်း ၊ကျတော် အပေါ်ဖက်သို့ ခေါင်းကိုလည်းမော့ကြည်လိုက်ရော ခိုဌက်လေး တစ်စုံ ကို တွေ့ရပါတယ်။သူတို့အချင်းချင်း သူတို့ စကား တွေနဲ့ စကားတွေပြောနေကြပါတယ်။
မောင်လာ အလီ (အ.စ) မိန့်တော်မူပါတယ် … အို … အမာရ် သူတို့တွေဘာတွေ ပြောနေကြ တယ်ဆိုတာ မင်း သိလား ?
ကျတော်လည်းဖြေပါတယ် ။ မသိပါဘူး ယာ အမီး ရွလ်မိုမေနီး (အ.စ)
ခိုမက ခိုထီးကို နင်မှာတခြား မိန်းမ ရှိနေလို့ ငါကို ပစ်နေတာပေါ့ ဟုတ်တယ်မလား ? လို့ ပြောနေ တာဖြစ် ကြောင်း မောင်လာ(အ.စ) က မိန့်တော်မူပြန်တယ်။
ခိုထီးက ကစမ်စားပြီး သူတခြားမိန်းမ မယူထားကြောင်း မရှိကြောင်းပြောပါတယ်၊ဒါပေမဲ့ ခိုမက လက်မခံဘူး၊မယုံဘူး ၊ခိုထီးကပြန် ပြောတယ် ငါတို့ရှေ့ မှာ ရှိနေတဲ့ ပုဂ္ဂိုလ် (အလီ(အ.စ)) ၏ ကစမ် စားပါတယ် ၊ ငါတခြားမိန်းမ မရှိပါဘူး မယူထားပါဘူးလို့ပြောရှာတယ်။ခိုမလည်း ငြင်းဖို့လက်မခံဖို့ လုပ်နေချိန်မှာ ငါ(အလီ(အ.စ) ကနေပြီး صدّقیه صدّقیه ((သူပြောတာကို လက်ခံ ယုံကြည်လိုက်ပါ…. သူပြောတာကို လက်ခံ ယုံကြည်လိုက်ပါ….)) ပြောလိုက်တာပါ လို့ မောင်လာ အလီ (အ.စ) က ပြောပြပါတယ်။
ဟဇရသ် အမာရေ ယာစေရ်မေးမြန်းပြန်၏။
ယာ အမီး ရွလ်မိုမေနီး (အ.စ) ကျတော်ကတော့ ဟဇရသ် စိုလိုင်မန်းဗင်ဒါဝဒ် (အ.စ) ကလွဲပြီး ဘယ်သူမှ ကျေးဌက် များ ၏ စကားကိုနားမလည် သဘောမပေါက်လို့ ထင်ထားခဲ့တာပါ။
မောင်လာအလီ (အ.စ) မိန့်တော်မူလေသည်။
یا عمار ! والله انّ سلیمان بن داود علیه السلام سأل الله تعالی بنا اهل البیت علیهم السلام حتی عُلم منطق الطیر
အဓိပ္ပာယ် - အို…အမာရ် အလ္လာဟ်ဟိုအရှင်မြတ်၏ ကစမ် ၊ ဟဇရသ် စိုလိုင်မန်းဗင်ဒါဝဒ် (အ.စ)မှ ငါတို့ အဲဟ် လေ့ဘိုက်(သ) (အ.စ) ကို အခြေပြုပြီး ကျေးဌက် များ ၏ စကားကို သင်ကြားပေးရန် အလ္လာဟ် ဟိုအရှင်မြတ် ထံ လျှောက်ထားလေ၏။ ပြီးနောက် သင်ကြားတတ်မြောက်ခဲ့ခြင်းဖြစ်ပေသည်။
ဗေဟာရွလ်အန်နာဝါရ် ကျမ်း ၊ကျမ်းအတွဲ ၄၂ ၊ကျမ်းစာမျက်နှာ ၅၆
ကဗျာဆရာ ကစာယီမရ်ဝဇီ က ဤကဲ့သို့ ဆိုထားပါတယ်။
این دین هُدی را به مثَل دایره ای دان
پیغمبر ما مرکز و حیدر خط پرگار
علم همه عالم به علی داد پیغمبر
چون ابر بهاری که دهد سیل به گلزار
ဟွဂ်ျဂျသွလ်အစ္စလာမ် ဆရက်ဒ် အီစ္စမာအီးလ် ရှာကေရ် အိုရ်ဒဂါနီ