အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
သောကြာနေ့

၂၀ မတ် ၂၀၁၅

၂၁:၁၈:၃၈
678077

နှစ်သစ်ကူးချိန် နှင့်ပတ်သက်သည့် စည်းမျည်းစည်းကမ်းနှင့် ကျင့်စရာများ / အိုလမာအမြင်

ယနေ့မတ်လ၂၀ရက်နေ့ သောကြာနေ့ ဟာ အီရန် သက္ကရာဇ် ၁၃၉၃ခုနှစ်၏ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ ပြည် ထောင်စု အစ္စလာမ်မစ်နိုင်ငံ ရှိ အီရန်လူမျိုးများအားလုံး အထူးတက်ကြွစွာပါဝင်နေရာယူကြပါတယ်။ဤ နှစ်သစ်ကူးချိန် နှင့်ပတ်သက်သည့် စည်းမျည်းစည်းကမ်းနှင့် ကျင့်စရာ များ ၊ ဖတ်ရွတ်ရမည့် အရာများ ကိုလည်း အိုလမာမှ တင်ပြ ကျင့်ကြံ မိန့်ကြားထားပြီး ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊အဗ်နာ

ယနေ့မတ်လ၂၀ရက်နေ့ သောကြာနေ့ ဟာ အီရန် သက္ကရာဇ် ၁၃၉၃ခုနှစ်၏ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ ပြည် ထောင်စု အစ္စလာမ်မစ်နိုင်ငံ ရှိ အီရန်လူမျိုးများအားလုံး အထူးတက်ကြွစွာပါဝင်နေရာယူကြပါတယ်။ဤ နှစ်သစ်ကူးချိန် နှင့်ပတ်သက်သည့်  စည်းမျည်းစည်းကမ်းနှင့် ကျင့်စရာ များ ၊ ဖတ်ရွတ်ရမည့် အရာများ ကိုလည်း အိုလမာမှ တင်ပြ ကျင့်ကြံ မိန့်ကြားထားပြီး ဖြစ်ပါတယ်။

ကျတော်တို့ အနေဖြင့်လည်း ၎င်းအိုလမာတို့ တင်ပြ ကျင့်ကြံမှုများကို လိုက်နာကျင့်သုံခြင်းဖြစ် လာမည့်နှစ်သစ်အတွက် မင်္ဂလာ နှစ်ဖြစ်မှုနှင့် နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ရရှိမှာ ဖြစ်ပါတယ်။ အိုလမာအချို့  ၏ ကျင့်ကြံခဲ့မှုများနှင့် အမြင်ကို အောင်ပါအတိုင်း အတိုချုပ်တင်ပြပါမယ်။

ဟဇရသ်အာယာသွလ္လာဟ်   အလ်ဟဂ်ျ မိုဂ်ျသဗာ တီဟီရန်နီ (ရ.ဟ)

မရ်ဟွန် အာယာသွလ္လာဟ်ကြီး အနေဖြင့် နှစ်သစ်မကူးမည်အချိန်  အလျင် ဒိုအာယေ (ယာမိုက လေ ဗလ်ကူ လူဗ်….  ) အစအဆုံး ၃၆၅ ကြိမ်ဖတ်လေ့ဖတ်ထရှိခဲ့ပါတယ်။ ဤဒိုအာ အား နှစ်သစ်မကူးမည် တစ်နာရီအလျင် အိုလမာနှင့်ပြည်သူလူထု မှ ဖတ်လေ့ဖတ်ထရှိပါတယ်။

မရ်ဟွန် အာယာသွလ္လာဟ်ကြီး အနေဖြင့် နှစ်သစ်ကူးပြီးသွားနောက် တွင် ပထမဆုံး အေမာမ်ဟိုစိုင်း(န)(အ.စ) ၏မြေ ၊ကရ်ဗလာမြေကြီးကို အနည်းငယ် စားသုံးပါတယ်။

မရ်ဟွန် အာယာသွလ္လာဟ်ကြီး အနေဖြင့် အေမာမ်ဟိုစိုင်း(န)(အ.စ) ၏မြေ ၊ကရ်ဗလာမြေကြီးကို အနည်းငယ် စားသုံးခြင်းကို တစ်နှစ် ၂ကြိမ် ပြုလေ့ ရှိပါတယ်။

ပထမအကြိမ်  အီရန်သက္ကရာဇ် အရ နှစ်သစ်ကူးပြီး ချိန်

ဒုတိအကြိမ် ရမ်ဇာန်လမြတ်ပြီးနောက် အီးဒ်ဒေဖသ်ရ်နေ့ ဖြစ်ပါတယ်

ဟဇရသ်အာယာသွလ္လာဟ်   အလ်အွဇ်မာ ဂျဝါဒ် အာမိုလီ

အာယာသွလ္လာဟ်ကြီးအနေဖြင့် နှစ်သစ်ကူးချိန် အတွက် အကောင်းတကာ အကောင်းဆုံးအလုပ်မှာဤ ဒိုအာ

 «یا مقلّب القلوب و الابصار یا مدبّر الّیل و النّهار یا محوّل الحول و الاحوال، حوّل حالنا الی احسن الحال».

ကိုအဓိပ္ပာယ် နှင့်တကွဖတ်ရွတ်ပြီး အဓိပ္ပာယ် အပေါ် ဂရုပြု ရမည် ဖြစ်ကြောင်းဆုံးမ ပြောကြားထားပါတယ်။

နှစ်သစ်ကူးချိန် မိမိကိုယ့်ကိုအား သာသနာ့ရန်သူ ၊ကျမ်းတော်မြတ်ကုရ်အာန် နှင့်အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ရန်သူ များနဲ့ဝေးအောင်ဂရုပြုရပါမည် ဖြစ်ကြောင်းကိုလည်း မိန့်ခဲ့ပါတယ်။ (သူတို့လုပ်တာတွေကိုယ်လည်း မလုပ်မိဖို့ကိုဆိုလိုတာဖြစ်ပါတယ်။)

ဆက်လက်ပြီး ဂိုနာများမှရှောင်ကျဉ်ဖို့ ၊ ရှပ်နှင့်နာမ် ကို သန့်ရှင်းစင်ကြယ်စွာ ထားဖို့  ၊အဝတ်အစား ၊အိမ်၊အလုပ်နေရာကို သန့်ပြန့် စွာထားဖို့ ၊မှားယွင်းနေတဲ့ ဘဝတည်ဆောက်မှုတွေကိုပြုပြင်ဖို့ ၊ မိဘနှစ်ပါး ကိုသွားရောက်ကြည့်ရှု့ ပြီး ၎င်းတို့ အတွက် စိစစ်ပေး မှုနှင့် စေလာယေရဟ်မ် ပြုဖို့ ၊ လူသားများအပေါ် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ ကျေပွန်ဖို့ ၊ မိမိကို မကျေနပ်သည့် အများပြည်သူများ သဘောကျကျေနပ်လာဖို့ ၊သူတို့ကိုလည်းကျေနပ် သဘောကျပေးဖို့ ၊နှလုံးသားများကို ခွင့်လွတ်မှုဖြင့် ပျော်ရွှင်မှု ဖန်တီးပေးနိုင်ဖို့ ၊ လူမမာကို သွားရောက်ကြည့်ရှု့  အားပေးဖို့၊ မရှိဆင်းရဲသားများကိုပေးကမ်း လှူဒါန်းဖို့ ၊ ကိုယ်နှုတ် နှလုံး ဖြင့် အလ္လာဟ် ဟို အရှင် သခင်၏ ဇေက်ရ် ပြုဖို့ ၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် သဝစူလ် ပြုဖို့  စသည်ဖြင့် … တိုက်တွန်း အလေးပေး မိန့်ကြားထားပါတယ်။

ဟဇရသ်အာယာသွလ္လာဟ်   အလ်အွဇ်မာ မဆွာဟေရီ

အာယာသွလ္လာဟ်ကြီးအနေဖြင့် နှစ်သစ်ကူးချိန် အတွက် အကောင်းတကာ အကောင်းဆုံးအလုပ်မှာဤ ဒိုအာ

 «یا مقلّب القلوب و الابصار یا مدبّر الّیل و النّهار یا محوّل الحول و الاحوال، حوّل حالنا الی احسن الحال».

ကို အဓိပ္ပာယ် အပေါ် ဂရုပြုပြီး ဖတ်ရွတ်ရန် ဟောကြားထားပါတယ်။

အိုအလ္လာဟ် ဟိုအရှင်မြတ် သခင် ...အရာရာတိုင်းဟာ အရှင်၏ လက်တော်တွင် ရှိပါတယ်။ ပျော်ရွှင်ဖွယ်နှစ်(သစ်)ကျတော်မျိုးတို့ကို ပေးသနားတော်မူပါဟုတောင်းဆုချွေရမယ်လို့မိန့်ထားပါတယ်။

ဤနှစ်သစ်မှာသက္က်ဝါ သီလသမာဓိရှိဖို့ မိမိနှင့် အလ္လာဟ်ဟိုအရှင်မြတ်ဆက်သွယ်မှုကိစ္စ ၊ ကျန်းမာရေးနှင့် လုံခြုံရေးကို မိမိ ၏ ကံကြမ္မာအဖြစ် ဖန်တီးပေးရန် ၊အင်ရှာအလ္လာဟ် ... အေမာမ် ဇမာန် (အ.ဂျ) ဤနှစ်တွင် ဖူးပွင့်ဖို့ ဒိုအာပြုရန်  အတွက် နှင့် စသည်ဖြင့် မိန့်ကြားခဲ့ပါတယ်။