အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
ဗုဒ္ဓဟူးနေ့

၂၅ မတ် ၂၀၁၅

၁၈:၂၃:၀၇
678953

အာဖရိကများကို ပေးမ၀င်သည့် ကင်ညာက တရုတ်စားသောက်ဆိုင်

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီက တရုတ်စားသောက်ဆိုင်တဆိုင်က ညနေ ၅ နာရီ နောက်ပိုင်းဆိုရင် အာဖရိက စားသုံသူတွေကို ဆိုင်ဥပစာထဲ မပေးဝင်ဘူးလို့ ဆိုပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊ အဗ်နာ

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီက တရုတ်စားသောက်ဆိုင်တဆိုင်က ညနေ ၅ နာရီ နောက်ပိုင်းဆိုရင် အာဖရိက စားသုံသူတွေကို ဆိုင်ဥပစာထဲ မပေးဝင်ဘူးလို့ ဆိုပါတယ်။

 

တက္ကဆီမောင်းသမားနဲ့ တရုတ်၊ ဥရောပ၊ အိန္ဒိယနိုင်ငံသားတွေနဲ့ အတူလာတဲ့ အာဖရိက ဖောက်သည်တွေကိုပဲ ပေးဝင် တယ်လို့ ဒေသခံ သတင်းဌာနတွေကို ကိုးကားပြီး ၀ါရှင်တန်ပိုစ့် သတင်းဌာနရဲ့ ဘလောဂ်မှာ ဖော်ပြထား ပါတယ်။

 

လက်နက်ကိုင်ထားတဲ့လူတွေက လုယက်တိုက်ယူသွားပြီးတဲ့နောက်မှာတော့ ဒီလို ကန့်သတ်လိုက်တာလို့ စားသောက်ဆိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

 

ဒါပေမယ့် ချမ်းသာတဲ့ အာဖရိကတွေကိုတော့ ၀င်ခွင့်ပေးသလို တချို့ဆိုရင် ဒေါ်လာ ၂၀၀ အထက် အပ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။

 

ဒီသတင်းကို ဒေသခံသတင်းတွေမှာ ဖော်ပြအပြီးမှာတော့ တရုတ်စားသောက်ဆိုင် ပိုင်ရှင်ကို လိုင်စင်မရှိဘဲ စားသောက်ဆိုင်ဖွင့်တဲ့ အတွက် ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။

 

တရုတ်နိုင်ငံဟာ အာဖရိကတိုက်ရဲ့ အဓိက ကုန်သွယ်ဖက်ဖြစ်ပြီးနှစ်စဉ် ဒေါ်လာ ၁၆၀ ဘီလီယံ ကုန်သွယ်နေသလို တရုတ် ၁ သန်းနီးပါးဟာလည်း အာဖရိကကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

===================================