အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
တနင်္ဂနွေနေ့

၂၉ မတ် ၂၀၁၅

၁၃:၄၀:၅၂
679812

ဆော်ဒီအာရေဗျ ရဲ့ ရက်စက်ကြမ်းကြုတ်နေမှုကိုခေါင်းငုံ့ခံမည် မဟုတ် / အန်ဆွာရွလ္လာဟ် (ယီမင်)

ယီမင်နိုင်ငံ၏လူထုထောက်ခံ အဖွဲ့ အန်ဆွာရွလ္လာဟ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ စိုက်ဖိုလ္လာဟ် အလ်ရှာမ်းမီ အနေဖြင့် အမေးအဖြေအခန်းကဏ္ဍတစ်ခုတွင် အီဂျစ်နိုင်ငံတွင်ကျင်းပသည့် (ရှရ်မ်မိုရှ်ရှိက္ခ်) အာရပ်ခေါင်း ဆောင်များ ညီလာခံ တွင် ရာထူးမှအပြုတ်ချခံလိုက်ရသည့် သမ္မတ မန်စူရ် ဟာဒီ နဲ့ အခြား အာရပ်နိုင်ငံများ ၏ခေါင်းဆောင်တို့၏ ထုတ် ဖော်တင်ပြမှု များကို အလွန်တရာ ရှက်ဖွယ်ကောင်းတဲ့ ထုတ်ဖော်တင်ပြမှု များဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ)သတင်းဌာန၊အဗ်နာ


ယီမင်နိုင်ငံ၏လူထုထောက်ခံ အဖွဲ့ အန်ဆွာ ရွလ္လာဟ်၏ ခေါင်းဆောင်တစ်ဦး စိုက်ဖိုလ္လာဟ် အလ်ရှာမ်းမီ အနေဖြင့် အမေးအဖြေအခန်းကဏ္ဍတစ်ခုတွင် အီဂျစ်နိုင်ငံတွင်ကျင်းပသည့် (ရှရ်မ်မိုရှ်ရှိက္ခ်) အာရပ်ခေါင်း ဆောင်များ ညီလာခံ တွင် ရာထူးမှ အပြုတ်ချခံလိုက်ရသည့် သမ္မတ မန်စူရ် ဟာဒီ နဲ့ အခြား အာရပ်နိုင်ငံများ ၏ခေါင်းဆောင်တို့၏ ထုတ်ပြန်ချက် များ ကို အလွန်တရာ ရှက်ဖွယ်ကောင်းတဲ့ စကားများဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။


စိုက်ဖိုလ္လာဟ် အလ်ရှာမ်းမီမှဆက်လက်ပြီး (ရှရ်မ်မိုရှ်ရှိက္ခ်) အာရပ်ခေါင်း ဆောင်များ ညီလာခံ ၏ ထုတ် ပြန် ချက်များ၊ ထုတ်ဖော်မှုများအားလုံး၏ နောက်ဆုံး စကားကတော့ ယီမင်ပြည်သူလူထုနဲ့ စစ်ခင်းဖို့ ဘဲဖြစ် ကြောင်း၊ ဒါပေမဲ့ ဒီလူတွေ အားလုံးသိထားဖို့လိုတာကတော့ ယီမင်ပြည်သူလူထုဟာ ဆော်ဒီအာရေဗျ ရဲ့ ရက်စက်ကြမ်းကြုတ် နေမှု ကိုခေါင်းငုံ့ခံမည် မဟုတ်ဘူးဆိုတာပါဘဲလို့ ပြောကြားထားပါတယ်။


အန်ဆွာရွလ္လာဟ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ စိုက်ဖိုလ္လာဟ် အလ်ရှာမ်းမီ အနေဖြင့် ရှင်းလင်းပြောကြားရင်း အန်ဆွာရွလ္လာဟ်အဖွဲ့ဟာအမြဲ တန် ဆွေးနွေးတိုင်ပင် အဖြေရှာဖို့ အားပေး ပါတယ်။ဒါပေမဲ့ ဆွေးနွေးတိုင်ပင် အဖြေရှာမှု ဟာ ယီမင် လူမျိုးစု တွေရဲ့ထိန်းကွပ်မှုအောက်မှာသာရှိဖို့လိုပါတယ်၊ယီမင် လူမျိုးစု တွေရဲ့ထိန်း ကွပ်မှုအောက်ကနေ ထွက်ပြီး ၊ အမေရိကန် ၊အစ္စရေး ဆိုက်ယူနစ် (ဝါဒီ) တို့၏ထိန်းကွပ်မှုအောက်မရောက် သွားဖိုဘဲလို့ ပါတယ်လို့ပြောခဲ့ပါတယ်။


အန်ဆွာရွလ္လာဟ်အဖွဲ့ တာဝန်ခံမှ ဆက်ပြီးတော့ အာရပ်ခေါင်းဆောင်များအနေဖြင့် ယီမင်နဲ့ပတ်သက်ပြီး စိုးရိမ် ပူပင်မှုဟာ အမေရိကန်နဲ့ အစ္စရေးဖက်မှ အပြည့်အဝဖြစ်ပြီး၎င်းတို့၏ စိုးရိမ်ပူပင်မှုသာဖြစ်တယ် လို့ ပြောဆိုခဲ့ ပါတယ်။


အာရပ်ခေါင်းဆောင်တွေ နဲ့ အာရပ်လောက ဟာ ကမ္ဘာ့ အစ္စလာမ် ကို အန္တရာယ် ဆိုက်ရောက်လာပြီးဆိုလျင် ရေငုံ နှုတ်ပိတ်နေကြပြီး ၊အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အကျိုးအမြတ် အတွက် အန္တရာယ် ဆိုက်ရောက်လာပြီးဆိုလျင် မိမိတို့အသံတွေ ကိုထုတ်လာကြတယ်လို့လည်း အန်ဆွာရွလ္လာဟ်အဖွဲ့ တာဝန်ခံမှ ပြောကြားခဲ့ပါတယ်။
စိုက်ဖိုလ္လာဟ် အလ်ရှာမ်းမီမှဆက်လက်ပြီး (ရှရ်မ်မိုရှ်ရှိက္ခ်) အာရပ်ခေါင်း ဆောင်များ ညီလာခံ တွင်တက်ရောက် သူများကို ရည်ရွယ်ပြီး အစ္စရေးကိုဆန်ကျင့်ဖို့ သူနဲ့စစ်တိုက်ဖို့ အာရပ်စုပေါင်းစစ်တပ်ဖွဲ့စည်းရဲ့တဲ့ သတ္တိရှိပါ သလား လို့ မေးခွန်းထုတ်ခဲ့ပါတယ်။


စိုက်ဖိုလ္လာဟ် အလ်ရှာမ်းမီမှ ဆက်လက်ပြီး ဆော်ဒီနဲ့ဆော်ဒီလက်ပါးစေတွေ တိုက်တဲ့လေကြောင်း တိုက်ခိုက်မှု ကြောင့် အမျိုးသမီးများနဲ့ကလေးများသာ အများစု ရက်ရက်စက်စက် အသတ်စတေးနေရပြီး နေအိမ်အဆောက် အဦးများ ဖျက်စီးနေကြောင်း၊ဒီတိုက်ခိုက်မှု အကြံအစည်ကို ရင်ဆိုင်ဖို့ ယီမင်ပြည်သူလူထု ဖက်မှ အပြည့်အဝ အသင့်ရှိကြောင်းကို အလေးအနက် ပြောသွားပါတယ်။


=============================================