အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
တနင်္ဂနွေနေ့

၂၉ မတ် ၂၀၁၅

၁၃:၄၂:၁၆
679814

စကားပြော နေသည့် ပုံ နှင့် အာရှ အရှေ့ အလယ်ပိုင်းအကြောင်း တစေ့တစောင်း

အထက်ဖော်ပြပါ ပုံကို အသေအခြာ ကြည့်၍ အထင်အရှား သိနိုင်သည့် အချက်တွေရှိပါတယ်။ ပရာဂျနားရှီအာ အဖွဲ့ မှ မိမိတို့ FB စာမျက်နှာပေါ်တွင် ဖော်ပြထားတာ ဖြစ်ပါတယ်။ မီဒီယာ ကျင့် ဝတ်တွေထဲ မှာ သတင်းကို အမှန် အတိုင်း တရားမျှတစွာ အရှိကို အရှိ အတိုင်းဖော်ပြရမည် ဆိုသည့် တစ်ချက် ကလည်းပါဝင်နေတဲ့ အတွက် ကျနော်တို့ အဗ်နာ သတင်းဌာန ကလည်း အတိအကျ ရုပ်အစစ်တွေကို အောက်ပါ အတိုင်းသုံးသပ် တင်ပြ လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊အဗ်နာ


(၁) ကိုလိုနီ အစ္စရေး ၊သူပုန်အစ္စရေး ၊ လူအခွင့်အရေး လူအခွင့်အရေးဆို ပြီး ဟန်ဆောင်နေတဲ့ အစ္စရေး အကြမ်းဖက် အစွန်းရောက် စစ်သွေးကြွ ရဟူဒီ ဆိုက်ယူနစ် ဝါဒီတွေ ဟာ သူတို့မတရားကျူးကျော် ထားတဲ့ ပါလက်စတိုင်း နဲ့ အနိုမ်ခံ ပါလက်စတိုင်းတွေဖက်က ရပ်တည်ပေးတဲ့ ဟေစ်ဘွလ္လာဟ် လက်ဘနွန် နိုင်ငံ တရားဝင် နိုင်ငံရေး အဖွဲ့နဲ့ တိုက်နေပါတယ်။ ပြီးတော့ အစ္စရေး နဲ့ မဟာမိတ်တွေနဲ့ သူတို့မီဒီယာတွေက ပြောင်းပြန် ပါလက်စတိုင်းအမျိုးသား များလွတ် မြောက်ရေး အတွက် ကြိုးပမ်းနေတဲ့ ဟာမဇ် အဖွဲ့ နဲ့ လက်ဘနွန် နိုင်ငံက တရားဝင် နိုင်ငံရေး အဖွဲ့ ဟေစ်ဘွလ္လာဟ် အဖွဲ့ကို အစွန်းရောက် သူပုန်အဖွဲ့တဲ့ ……ဗျား အထက်ကလို အစ္စရေးကို တပ်ထားတဲ့ နာမည်ဆိုးတွေဟာ အစွဲအလန်းကြောင့် ရေးထားတာ မဟုတ်ပါဘူးခင်ဗျား ၊ သူရဲ့ လူမဆန်တဲ့ လုပ်ရပ် အများ အပြားကြောင့် သက်သေအထောက်အထားတွေကြောင့် ရေးထားတာပါ။


(၂) ဒါအေရှ် (ခ) IS အဖွဲ့ ၊ဘာတဲ့ အစ္စလာမ်မစ် နိုင်ငံတော်တည်ထောင်ရေး အဖွဲ့တဲ့ …. ဒီအဖွဲ့ ကို ပြုစုပျိုထောင်ခဲ့သူတွေကတော့ အမေရိကန် ၊ အစ္စရေးနဲ့ ဆော်ဒီ ပါဘဲ။ သက်သေတွေ အများကြီး အထဲမှာမှ IS ခေါင်းဆောင် အဘူဘကဲရ် ဘဂ္ဂဒတ်ဒီ ဟာ အစ္စရေး ဆိုက်ယူနစ်တွေ ရဲ့ မူစာ ထောက်လှမ်း ကလူ တစ်ယောက်ဖြစ်လို့ ပါဘဲ ။ နောက် အီရတ် နဲ့ ဆီးရီးယားမှာဘဲ မွတ်စလင်မ် တွေ နဲ့ အခြားဘာသာခြားတွေကို သာ ရန်ရှာ သတ်ဖြတ် မတရား လုပ် သောင်းကြမ်းနေပြီး အနိုမ်ခံ ပါလက်စတိုင်းတွေဖက်ကနေ အစ္စရေး ရန်ကို မကာကွယ်ပေးလို့ပါဘဲ။


နောက်တစ်ချက် က စစ်မှန်တဲ့ အစ္စလာမ်မစ် ဥပေဒနဲ့ အုပ်ချုပ်နေတဲ့ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ကိုနာမည်ဖျက် ဖို့ နဲ့ အစ္စလာမ်ဆိုတာ အကြမ်းဖက် ဘာသာပါလို့ ကမ္ဘာ က တလွဲ အဓိပ္ပာယ်ဖွင့်ဆိုဖို့ အကွက်ကျကျ စိစဉ် ဖွဲ့ထားတဲ့ အဖွဲ့ပါ။ ဒါကြောင့်လည်း VOA သတင်းဌာန ရဲ့ ဖွာရစီ အစီအစဉ်မှာ အေမာမ် ခိုမေနီး (ရ.ဟ) ၏ အီရန် အစ္စလာမ်မစ်တော်လှန်ရေး နဲ့ IS အဖွဲ့ တော်လှန်ရေး ကို မတူ၊တူအောင် လုပ်ကြံဇာတ်တွေ ခင်းပြီး ခိုမေနီနဲ့ သူအပေါင်းအပါးတွေဟာ အစွန်းရောက် ရှီအာသူပုန် တွေပါ၊ အဘူဘကဲရ် ဘဂ္ဂဒတ်ဒီနဲ့ အဖွဲ့သားတွေ ကတော့ အစွန်းရောက် စွန်နီသူပုန်တွေပါ ဆိုပြီး အစ္စလာမ် ဘာသာကို အကြမ်းဖက်ဘာသာအဖြစ် မတရား စွပ်စွဲပြီး ရိုးသားတဲ့ လူထုတွေ ကို အီရန် နဲ့ ရှီအာ မုန်းတီးရေး မွတ်လာမုန်းတီးရေး ၊ ရှီအာ စွန်နီ ပြဿနာ ဖြစ်ပေါ်လာရေး အစ္စလာမ်မုန်းတီးရေး စတဲ့ မကောင်းတကာ မကောင်းဆုံး ဝါဒတွေ ကို ရိုက်ထည့်ထားသလို့ လေးလေးနက်နက် ဝင်အောင် မှိုင်းတိုက်မှုလုပ် နေကြ တာပေါ့ဗျား။


(၃) ဆော်ဒီ ဝဟာဘီ ကလည်း သူတို့ အင်မတန် ကြောက်ပြီး မုန်းရတဲ့ ရှီအာတွေ အာဏာ ရှင်တွေ ဖြစ်လာပြီး ယခုလို အီရန် တစ်နိုင်ငံတည်း ရှီအာ နိုင်ငံ ဖြစ်နေတာတောင်သူတို့ အတွက်မီးတောက် ၊ ပျားတုတ် နေတော့ ဘာရိန်း နဲ့ ယီမင်မှ ရှီအာ အာဏာမရအောင် ရှီအာ သမ္မတ မဖြစ်အောင် အပြင်းအထန်း လုပ်ပါလေရော။


အခုကြည့် သူတို့ ရဲ့ ဆရာကြီးတစ်ဦး ဖြစ်တဲ့ အစ္စရေးက နှစ်ပေါင်း ၅၀ကျော် မတရားကျူးကျော် ပြီး ပါလက်စတိုင်း ပြည်သူ ပြည်သားတွေကို ရက်စက်အနိုင်ကျင့် သတ်ဖြတ်နေတော့ လေကြောင်းနဲ့မတိုက်ဘဲ ယီမင်မှ ရှီအာတွေ တက်လာတော့ လေကြောင်းနဲ့တိုက်ပါလေရော ၊ ဂါဇာမြို့ ရှိ ပါလက်စတိုင်း မွတ်စလင်မ်တွေ ကို အစ္စရေးလေကြောင်းနဲ့တိုက်တော့ ငြိမ်းငြိမ်းလေနေရှာတဲ့ ။ အလွန်တော်တဲ့ အာရပ် မဟာမိတ် နိုင်ငံတွေ ဗျား ။ အခုလည်း ယောက်ကျား မပီသစွာ ယီမင်နိုင်ငံ ရဲ့ အပြစ်မဲ့ပြည်သူတွေ အဖိုးတန် အဆောက်အဦးတွေကို အပေါ် ဗုံးချဲ တိုက်ခိုက်ပြီး အမျိုးသမီးတွေကလေးတွေ သက်ကြီးရွယ်အိုတွေ ရဲ့ အသက်ကို မညာ မတာ ယူနေတဲ့ဗျား ။

ကုလကလည်း အမေရိကန်နဲ့ မဟာမိတ်တွေကိုကြောက်ပြီး ငြိမ်းနေ တာဘဲ။ ဒါကြောင့် ယီမင်က ရှီအာတွေက သူပုန်လား ဆော်ဒီနဲ့အပေါင်းအပါးတွေက သူပုန်လား ဥာဏ်ရှိသူတိုင်း သိပါတယ်။


ယီမင်က ဟူစီ ရှီအာတွေ ဦးဆောင်တဲ့ အဖွဲ့ အန်ဆွာရွလ်လ္လာဟ် ဖက်မှ ဆော်ဒီ မြို့ တွေ ကို အခု ပြန်ပစ်တိုက်ခိုက်တာတွေလုပ်လာကြည့် လူမခွင့်အရေးတွေ ဘာတွေ ဘာတွေ ကုလကပါ အော်လာတော့မယ်လေ။


ယီမင်က ဟူစီ ရှီအာတွေဟာ ဆော်ဒီ နဲ့ မဟာမိတ်ကို ပြန်လည်ချေပနိုင်တဲ့ အရည်အချင်း အင်အား ရှိလျက် အခုထိ ပြန်မတုံ့ပြန်တာ အဓိပ္ပာယ်တွေ အများကြီး ရှိပါတယ်။ တစ်ချို့ အချက် ကတော့ အပြစ်မဲ့ဆော်ဒီ ပြည်သူ ပြည်သားတွေ အသက်မစတေး မိရအောင် ၊ လေကြောင်းနဲ့ တိုက်ရင်းတိုက်ရင်း မလွဲသာတဲ့ အချိန် ဆော်ဒီ နဲ့ မဟာမိတ်ကြည်းတပ်တွေ ယီမင်ထဲဝင်လာအောင် ဆိုတဲ့ အချက်လေးတွေ ပါနေပါတယ်။ အကြောင်း က ၄နှစ်ကျော် ကာလတုန်းက ဆော်ဒီ စစ်တပ်ကြည်းတပ်နဲ့ ယီမင်က ဟူစီ ရှီအာတွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့ဖူးပါတယ်။ ဆော်ဒီ တွေ မရှု့ မလှ ရှုံးခဲ့ရတဲ့ သမိုင်း အထောက်အထား က ရှိနေပါတယ်။


=================================