အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၄ ဧပြီ ၂၀၁၅

၁၈:၁၂:၄၀
681187

ဘိုကိုဟရမ်မှာ အစ္စလာမ်၏ အဆိုးဆုံးရန်သူဟု နိုင်ဂျာသမ္မတ ပြော

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ စစ်သွေးကြွအုပ်စု ဘိုကိုဟရမ်မှာ အစ္စလာမ်သာသနာ၏ အဆိုးဝါးဆုံးရန်သူဖြစ်ပြီး အနောက်အာဖရိကမှ မွတ်စလင်များမှာအကြမ်းဖက်လုပ်ရပ်များနှင့် ကုရ်အာန်ကျမ်းတော်မြတ်အား ကြမ်းတမ်းသောပြန်ဆိုခြင်းတို့အား လက်မခံသောကြောင့် အဆိုပါ ဘိုကိုဟရမ်အုပ်စုမှာ ရှုံးနိမ့်သွားမည်ဟု နိုင်ဂျာသမ္မတ မိုဟာမာဒူ အစ်ဆိုဖူက ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

စစ်သွေးကြွအုပ်စု ဘိုကိုဟရမ်မှာ အစ္စလာမ်သာသနာ၏ အဆိုးဝါးဆုံးရန်သူဖြစ်ပြီး အနောက်အာဖရိကမှ မွတ်စလင်များမှာအကြမ်းဖက်လုပ်ရပ်များနှင့် ကုရ်အာန်ကျမ်းတော်မြတ်အား ကြမ်းတမ်းသောပြန်ဆိုခြင်းတို့အား လက်မခံသောကြောင့် အဆိုပါ ဘိုကိုဟရမ်အုပ်စုမှာ ရှုံးနိမ့်သွားမည်ဟု နိုင်ဂျာသမ္မတ မိုဟာမာဒူ အစ်ဆိုဖူက ပြောကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည် အစ်ဆိုဖူက မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ခ်ျရှိ ဟားဗတ်တက္ကသိုလ်၌ ကျောင်းသားများနှင့် တက္ကသိုလ်ဝန်ထမ်းများအား ယမန်နေ့တွင် ပြောကြားသော မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

“ဘိုကိုဟရမ်နဲ့ပတ်သက်လို့ကတော့ ဘာမှ အစ္စလာမ့်နည်းမကျပါဘူး။ အမျိုးသမီးတွေကို ပြန်ပေးဆွဲမုဒိမ်းကျင့်တာ၊ အပြစ်မဲ့တဲ့သူတွေကို သတ်ပစ်တာ၊ လူတွေရဲ့သွေးကို ဆာလောင်နေတာ အဲဒါတွေဟာ ဘိုကိုဟရမ်မှာ အနာဂတ်မရှိတော့ပါဘူး။ အလ္လာဟ်အရှင်မြတ် အလိုတော်နဲ့ ဘိုကိုဟရမ်တွေဟာ ရှုံးနိမ့်သွားမှာပါ”ဟု အစ်ဆိုဖူက ဆိုသည်။

 

နိုက်ဂျီးရီးယားနှင့် အိမ်နီးချင်းနိုင်ငံများတွင် တိုက်ခိုက်မှုများ၊ ပြန်ပေးဆွဲမှုများ တိုးမြှင့်ပြုလုပ်လာသည့် ဘိုကိုဟရမ်အဖွဲ့ကို နိုက်ဂျီးရီးယားအပါအ၀င် အနောက်အာဖရိက နိုင်ငံများဖြစ်ကြသော နိုင်ဂျာ၊ ကင်မရွန်း၊ ချဒ်နှင့် ဘန်နင်နိုင်ငံတို့ပူးပေါင်းကာ နိုက်ဂျီးရီးယားရှိ ဘိုကိုဟရမ်အဖွဲ့များကို ထိုးစစ်ဆင်လျက် ရှိနေသည်။

 

အစ်ဆိုဖူကမူ ဘိုကိုဟရမ်အား တိုက်ခိုက်နေသည့် အာဖရိက မဟာမိတ်တပ်ဖွဲ့များကို မွတ်စလင်အများစုရှိရာ မိမိတို့နိုင်ငံက ထောက်ခံအားပေးသည်ဟုဆိုပြီး လတ်တလောရရှိခဲ့သည့် အောင်မြင်မှုများကို ထောက်ပြ ပြောဆိုသွားသည်။ ထို့ပြင် နယ်စပ်များတွင် ကိုယ်ပိုင်နိုင်ငံထူထောင်ရန် ဘိုကိုဟရမ်၏ ကြိုးပမ်းမှုကိုလည်း ပယ်ချသွားသည်။

 

“နိုင်ငံပေါင်းစုံတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုတွေကို ရှင်းပြရမယ်ဆိုရင် သူတို့တွေရဲ့သတင်းအချက်အလက်တွေနဲ့ တပ်ဖွဲ့ဝင်တွေကို ပူးပေါင်းဆောင်ရွက်တာသာမက ပိုပြီးအရေးကြီးတဲ့ လူထုထောက်ခံမှုပါ ရလို့ ဒီလိုအောင်မြင်တာပါ။ ဒါဟာ ကျွန်တော်တို့ နိုင်ငံတွေက ပြည်သူတွေဟာ အကြမ်းဖက်မှု၊ အစွန်းရောက်မှုတွေကို လက်မခံဘူးဆိုတာ ပြသနေပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကပြည်သူတွေဟာ ဘိုကိုဟရမ်ကို မွတ်စလင်အဖွဲ့အစည်းတစ်ခုအဖြစ်နဲ့ပါ လက်မခံတာပါ”ဟု အစ်ဆိုဖူက ထည့်သွင်းပြောကြားခဲ့သည်။

 

ထို့ပြင် ဒေသအတွင်း ဆင်းရဲမွဲတေမှုက စစ်သွေးကြွအဖွဲ့များထံ ပြည်သူများ သွားရောက်ပူးပေါင်းရသည့် အဓိက အကြောင်းအရင်း ဖြစ်နေပြီး၊ ထိုပြဿနာကို ဖြေရှင်းရန်အတွက် အလှူရှင်များ သတ်သတ်မှတ်မှတ် မရှိခြင်း၊ လူဦးရေ လျှင်မြန်စွာ တိုးလာခြင်းနှင့် ရာသီဥတုပြဿနာများက အဟန့်အတားဖြစ်နေသည်ဟု ဆိုသည်။

 

Ref: Reuters