အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
ဗုဒ္ဓဟူးနေ့

၈ ဧပြီ ၂၀၁၅

၀၅:၁၅:၅၄
681890

အသက်ရှင်လွတ်မြောက်လာတဲ့ ကင်ညာကျောင်းသားများ မိဘများထံ ပြန်လည်ရောက်ရှိ

ကင်ညာတက္ကသိုလ်ဝင်းအတွင်း အယ်လ်ရှာဘတ် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုမှာ အသက်ရှင် လွတ်မြောက်လာသူတွေဟာ ဧပြီ ၄ ရက်နေ့က နိုင်ရိုဘီမြို့တော်ကို ရောက်သွားကြပြီး မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနို်င်ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ကင်ညာတက္ကသိုလ်ဝင်းအတွင်း အယ်လ်ရှာဘတ် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုမှာ အသက်ရှင် လွတ်မြောက်လာသူတွေဟာ ဧပြီ ၄ ရက်နေ့က နိုင်ရိုဘီမြို့တော်ကို ရောက်သွားကြပြီး မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနို်င်ကြပါတယ်။

ဂါရစ္စာမြို့က တက္ကသိုလ်ဝင်း တိုက်ခိုက်ခံရမှုမှာ လူ ၁၅၀ နီးပါး သေဆုံးခဲ့ပြီး အသက်ရှင် လွတ်မြောက်သူ ၄၀၀ ကျော်ဟာ အစိုးရက စီစဉ်ပေးတဲ့ လိုင်းကား ၈ စီးနဲ့ နိုင်ရိုဘီမြို့ဆီကို ရောက်သွားကြတာပါ။

မိသားစုနဲ့ ကွဲကွာနေတဲ့ လူတွေကို မိသားစုနဲ့ ပြန်လည် ပေါင်းစည်းနိုင်ဖို့ အစိုးရက စီစဉ်ပေးတာပါ။

အသက်ရှင်လွတ်မြောက်လာသူတွေက ကြုံခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြကြတယ်။ အကြမ်းဖက်သမားတွေ ၀င်လာတဲ့အချိန်မှာ တချို့က အဆောင်ထဲမှာ ရှိနေပြီး တချို့က ထွက်ပြေး၊ တချို့က အဆောင်အမိုးပေါ် တွယ်တက်၊ တချို့က တံခါးတွေကို ပိတ်ခဲ့ကြပုံတွေကို ကျောင်းသား တယောက်က ပြန်ပြောပြပါတယ်။

တချို့မိဘတွေက သူတို့ သမီးတွေနဲ့ အဆက်အသွယ် မရသေးလို့ စိတ်ပူနေကြပါတယ်။ အသက်ရှင်လွတ်မြောက်သူတွေကို စိတ်ဝေဒနာတွေ ကုစားဖို့အတွက် စိတ်ရောဂါကု ဆရာဝန်တွေကို အိမ်တိုင်ရာရောက် ပို့ပေးမယ်လို့ ကင်ညာ အစိုးရက ဆိုပါတယ်။
---------------------------------