အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ ဧပြီ ၂၀၁၅

၀၈:၅၆:၃၀
682471

ရစူလ်(ဆွ) နဲ့ အာလေ့ရစူလ်၏ အဖိုးမဖြတ်နိုင်တဲ့ ဟဒီးစ်တော်များ (၂)

ကျနော်များ အဗ်နာသတင်းဌာန ဘာသာပြန်အဖွဲ့ မှ ရစူလ်(ဆွ) နဲ့ အာလေ့ရစူလ်၏ အဖိုးမဖြတ်နိုင်တဲ့ ဟဒီးစ်တော်များ ကို အမှတ်စဉ်များတတ်၍ မကြာမကြာ ရိုသေလေးစား ၊ ချစ်လှစွာ သော် မြန်မာစာဖတ် ပရိသတ်ကြီး အတွက် ကြိုးစားဖော်ပြသွားမည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊အဗ်နာ
၁။မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်။
((အကြင်မည်သူ မဆို ဇနီးမောင်နှံ အကြား ဝေးကွာစေမည့် အကြောင်းခံဖြစ်မည်ဆိုလျင် ၎င်း ၏ လောကီ လောကုတ္တရာ အပေါ် အလ္လာဟ် ဟို အရှင်မြတ် သခင်၏ အမျက်တော် စူးရှ ခြင်း နှင့် လအ်နသ် ပို့ ခြင်း ရှိပေသည်။))
ဂျဝါဟေရွလ်အူလူးမ် ကျမ်း အတွဲ ၂၉ ၊စာမျက်နှာ ၁၃
.................................
၂။မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်။
((အကြင်မည်သူ မဆို လူနှစ်ဦးနှစ်ယောက် အကြား (တရားဝင်) မင်္ဂလာဆောင်ရန်၊ နေကာဖတ်ဖို့ အကြောင်းခံ ရှေ့ ပြေးများ ကို ဖန်တီးပေး မည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်းကို ဟိုရေလ်အီးန် (နတ်သမီးပျို) နှင့် ထိမ်းမြား စေတော်မူပေမည်။ (တရားဝင်)နေကာ အတွက် လှမ်းသည့်ခြေလှမ်းတိုင်း ပြောပေးသည့် စကားလုံးတိုင်း ၏ အစား အလ္လာဟ် ဟို အရှင်မြတ် သခင်ဖက်မှ တစ်နှစ် တာ အေဗါဒသ် ၏ အကျိုး စဝါးဗ် ကို ပေးသနားတော် မူပေမည်။))
ဗေဟာရ် ကျမ်း အတွဲ ၁၀၃၊စာမျက်နှာ ၂၆၁
...................................
၃။မအ်စူမ်တစ်ပါး (အ.စ) မိန့်တော်မူသည်။
(( အကြင်မည်သူ မဆို မည်သည့် အမျိုးသမီးကို မဆို (သို့မဟုတ်) မည်သည့် မိန်းကလေးကို မဆို ၎င်း၏ လှပမှု ကြောင့်သာလျင် နေကာပြုမည် ဆိုလျင် ၎င်း ၏ လှပမှု ဟာ ခင်ပွန်းသည် ၏ သောက ဒုက္ခ အတွက် အကြောင်းခံ ဖြစ်စေမည်။))
ဝစာအေလွရှ် ရှီအာ ကျမ်း အတွဲ ၁၄
........................
၎။မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်။
((ဧကန် မုချ အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ပျားရည် အတွင်း ဗရ်ကသ် တော်ကို ထည့် သွင်း ထားတော်မူပါသည်။၎င်းပျားရည်တွင် ရောဂါအားလုံး အတွက် ပျောက်ကင်းမှုစေသည့် အစွမ်း သတ္တိ ရှိပါသည်။တမန်တော်မြတ်ပေါင်း ၇၀ မှ ပျားရည် ဟာ ဗရ်ကသ် ရှိသည့် အရာအဖြစ် သိရှိ နားလည် ထားပေသည်။))
စဟီဖွာသိုရ်ရဇာ (အ.စ) ကျမ်း ၊ဟဒီးစ်တော် အမှတ် ၂၀၈
...................................
၅။မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်။
((လူထုအနေဖြင့် အာလင်မ် သာသနာ့ပညာရှင်များကိုတွေ့လျင် သိုးများက ဝုံလွေ ကိုတွေလျင် ပြေးသကဲ့သို့ ပြေးကြမည့် ခေတ်တစ်ခေတ်ရောက်လာ ပေလိမ့်မည် ။ထိုအချိန်အခါတွင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ဒုက္ခအပူအပင် ၃ခု အား ကျရောက်စေမည်ဖြစ်ပါသည် ။
၁။ လူထု၏ ပစ္စည်းဥစ္စာ၊ ပိုင်ဆိုင်မှု (များ )တွင် ဗရ်ကသ် မရှိတော့ပေမည်။
၂။ လူထု အပေါ် ရက်စက် ကြမ်းကြုတ်သည့်မင်း(သို့) အစိုးရ အုပ်ချုပ်ပေမည်။
၃။ အီမာန် မရှိဘဲ ကွယ်လွန် သေဆုံးရ ပေမည်။)))
စဖီနသွလ်ဗေဟာကျမ်း အတွဲ ၂ ၊စာမျက်နှာ ၂၂၀
................................
၆။မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်။
((ကေယာမသ် ကမ္ဘာ့ တရားစီရင်မည့်နေ့ တွင် မိမိမခင်နှင့်ဖခင် ကွယ်လွန်ပြီးနောက်ပိုင်း တွင်လည်း ၎င်းတို့အတွက် ကောင်းမှု ကိုသိုလ်များပြုပေးပြီး၎င်းတို့ကို မမေ့သည့်သူများသည် ကောင်းမြတ်သူ သူတော်စင် သူတော်ကောင်းတို့၏ ဦးဆောင်ဦးသျှောင် ဖြစ်ပေမည်။))
စဖီနသွလ်ဗေဟာကျမ်း အတွဲ ၂ ၊စာမျက်နှာ ၂၈၇
……………..
၇။မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်။
((မည်သူမဆို နာမဲဟ်ရမ် အမျိုးသမီးနှင့် ဟာသလုပ်မည်၊ကြည်စယ်မည်ဆိုလျင် ၎င်း ၏ စကားလုံးတိုင်း စကားလုံးတိုင်း အစား နှစ်ပေါင်း ၁၀၀၀ ဂျဟန္နမ် ငရဲ မီးတွင် ထည့်ခြင်း ခံရပေမည်။မည်သည့် အမျိုးသမီး မဆို မိမိကိုယ့်ကို နာမဲဟ်ရမ်အမျိုးသားလက်ထဲ ထည့်မည် (သို့) အဆက်အသွယ် ပြုမည် ၊ဤလုပ်ရပ်အတွင်းဟာသလုပ်မည်၊ကြည်စယ်မှု ၊ရှရီအသ်နဲ့ ဆန်ကျင့်မှု လုပ်ရပ်များကို ဖြစ်စေ မည်ဆိုလျင် ဤအမျိုးသမီးသည်လည်းထို အမျိုးသား ကဲ့သို့ ဂိုနာ လုပ်သူ ဖြစ်ပြီး စကားလုံးတိုင်း စကားလုံးတိုင်း အစား နှစ်ပေါင်း ၁၀၀၀ ဂျဟန္နမ် ငရဲ မီးတွင် ထည့်ခြင်း ခံရပေမည်။အကယ်၍ အမျိုးသမီးအနေဖြင့် သဘောမတူဘဲ အမျိုးသားဖက်မှ အတင်းအဓမ္မပြုမည် ဆိုလျင် နှစ်ဦးစလုံး၏ အပြစ်သည် အမျိုးသားအပေါ် ဖြစ်သွားပေသည်။ ))
စဝါးဗ် ဗိုလ်အာမာလ် ဝါ အေကာဗိုလ် အာမာလ် ကျမ်း စာမျက်နှာ ၆၅၂
……………..
၈။မောင်လာအလီ (အ.စ)မိန့်တော်မူသည်။
((မုန်းတီးရန်လိုမှု သည် ချွတ်ယွင်းချက် အပြစ်အနာအဆာ အကျတကာအကျဆုံး ဖြစ်လေ၏။
မုန်းတီးရန်လိုမှု သည် မနာလို အူတိုသူများ၏ ဗီဇ ဖြစ်ပေသည်။
မုန်းတီးရန်လိုမှု သည် လူယုတ်မာ တို့ အကျင့်စရိုက်ဖြစ်ပေသည်။
အသိဥာဏ်ရှိသူ၊စဉ်းစားဥာဏ်ရှိသူ ဦးနှောက်ပိုင်ရှင်ဆိုသူမှာ မုန်းတီးရန်လိုမှုများ ကို (နှလုံးသားမှ ) ထုတ်ပစ် နိုင်သူ ဖြစ်ပါသည်။))
ဂိုရွလ်ဟေကမ် ကျမ်း
............................................................
၉။ ဟဇရသ် အလီ (အ.စ) မိန့်တော်မူသည်။
((မိမိသား ကို ရိုက်နက်ခြင်း မပြုပါလေနှင့် ။၎င်းကို ယဉ်ကျေးသိမ်မွေ့ သူဖြစ်လာအောင် စိတ်တို ၊စိတ်ဆိုး၊စိတ်ကောက် ပြမှုဖြင့် ပြုလုပ်ပါလေ။သို့သော် မိမိ ၊စိတ်တို ၊စိတ်ဆိုး စိတ်ကောက် ပြမှု ကို အချိန်အကြာကြီး ဆွဲမထားဖို့ လိုအပ်ပါသည်။အချိန် အနည်းငယ်ပြီးနောက် သားအပေါ် စိတ်တို၊ စိတ်ကောက်၊စိတ်ဆိုးဖြေလိုက်ရပေမည်။))
ဗေဟာကျမ်း အတွဲ ၃၃ ၊စာမျက်နှာ ၁၁၄
……………..
၁၀။ မောင်လာအလီ (အ.စ)မိန့်တော်မူသည်။
((လူကောင်းလူမွန်တို့၏ ပစ္စည်းဥစ္စာကြွယ်ဝမှုသည် ၎င်း၏ ကောင်းကွက်များ ၊ကြီးကျယ်မှုများကို ဖော်ထုတ်ပြပါသည်။ လူယုတ်မာတို့၏ ပစ္စည်းဥစ္စာကြွယ်ဝမှုသည် ၎င်း၏ မကောင်းမှုများ ၊ ချွတ်ယွင်းချက် အပြစ်အနာအဆာ များ ကို ဖော်ပြပါသည်။))
ဂိုရွလ်ဟေကမ် ကျမ်း
…….
၁၁။ မောင်လာအလီ (အ.စ) မိန့်တော်မူသည်။
((မည်သည့် နေအ်မသ်တော် အတွက် မဆို ကျေးဇူးမတင်ခြင်း မပြုပါလေနှင့် ။ အကြောင်းသည်ကား -ဧကန်မုချ ကျေးဇူးတင်မှု မပြုတတ်ခြင်းသည် အကြီးမားဆုံးဂိုနာနှင့် အဆင့်မရှိ သည့် ကုဖ် လုပ်ရပ် ဖြစ်ပေသည်။))
မွစ်သရကိုလ်ဝစာအေလ် ကျမ်း စာမျက်နှာ ၃၉၄
……………………
၁၂။ သခင်မကြီး ဟဇရသ် ဖွာတွေမာ (စ.အ) မိန့်တော်မူသည်။
((အလ္လာဟ် ဟို အရှင်မြတ် သခင်သည် မိဘ နှစ်ပါး နှင့်ကောင်းမွန်စွာ ဆက်ဆံခြင်း ကို မိမိမနှစ်မြို့ မှု အတွက် ဒိုင်း အဖြစ် သတ်မှတ်ပေးသနားတော်မူ သည်။))
အိုယွန်နိုရှ် ရှီအာ ကျမ်း အတွဲ ၁ ၊စာမျက်နှာ၃၁၆
…………….
၁၃။ အေမာမ် ဆွာဒစ် (အ.စ) မိန့်တော်မူသည်။
((ကောင်းမှုကိုသိုလ်ပွားများခြင်း နှင့် ကောင်းမွန်စွာ ဆက်ဆံ ခြင်းသည် နေအိမ်များ ကို စည်ပင် သာယာ စေပြီး အသက်ကို ရှည်စေပါသည်။))
အူစူလေကာဖီ ကျမ်း
…....
၁၄။ တစ်ဦးတစ်ယောက်မှ အေမာမ်ဂျအ်ဖွာ ဆွာဒစ် (အ.စ) သခင်အား မေးမြန်းလျှောက်ထား လေ၏။ကျနော်တို့ ဒိုအာလုပ်တာအဘယ်ကြောင့် ကဘူလ် မဖြစ်ရပါသနည်း ?
အေမာမ် ဆွာဒစ် (အ.စ) မိန့်တော်မူသည်။
((အသင်အနေဖြင့် ဒိုအာတောင်းသည့် အရှင်ကို ကြောက်လန့်ခြင်းလည်း မရှိဘဲ တောင်းခံလေ ၏။ထိုအရှင် ၏ အမိန့်ကိုလည်း နာခံခြင်း မရှိပေ။ ဤကဲ့သို့ ဆိုလျင် မည်သို့ လုပ်ပြီး အသင်၏ ဒိုအာ ကဘူလ် ဖြစ်ပါမည်နည်း ?))
အေရ်ရှာဒ် သိုလ် ကိုလူးဗ် ကျမ်း
.....................