အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
တနင်္ဂနွေနေ့

၁၉ ဧပြီ ၂၀၁၅

၁၅:၀၅:၀၄
684917

ဂျလားလ် အာဗါဒ်မြို့ တွင် သွေးနေ့ ဖြစ်ရ

အာဖဂန်နစ္စတန် နိုင်ငံ ဂျလားလ် အာဗါဒ်မြို့ တွင် အင်မတန် ဆိုးရွားလှသည့် ဗုံးဖောက်ခွဲမှု ကိုအစွန်းရောက် IS မှ တာယန်ယူ + ဓာတ်ပုံများ

အာဖဂန် နစ္စတန် နိုင်ငံ ဂျလားလ် အာဗါဒ်မြို့ တွင် ဧပြီလ ၁၈ ရက်နေ့ မနက် အချိန် တွင် အင်မတန် ဆိုးရွား လှ သည့် အသေခံ ဗုံးဖောက်ခွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပါတယ် ။ ဒီ လူမဆန်တဲ့လုပ်ရပ် ကို အစွန်းရောက် အကြမ်းဖက် အဖွဲ့ ဒါအေရှ် (ခ) IS မှ တာယန်ယူခဲ့ပါတယ် ။ဒီ တိုက်ခိုက်မှု ကြောင့် ၃၃ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အာဖဂန် နစ္စတန် နိုင်ငံ နန်ဂရ်ဟာရ် ပြည်နယ် ရှိ ဂျလားလ် အာဗါဒ်မြို့ တွင် ဧပြီလ ၁၈ ရက်နေ့ မနက် အချိန် တွင် အင်မတန် ဆိုးရွား လှ သည့် အသေခံ ဗုံးဖောက်ခွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပါတယ် ။ ဒီ လူမဆန်တဲ့လုပ်ရပ် ကို အစွန်းရောက် အကြမ်းဖက် အဖွဲ့ ဒါအေရှ် (ခ) IS မှ တာယန်ယူခဲ့ပါတယ် ။ဒီ တိုက်ခိုက်မှု ကြောင့် ၃၃ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ် ။

အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ ဖက် အပိုင်းရှိ နန်ဂရ်ဟာရ် ပြည်နယ် ရှိ ဂျလားလ် အာဗါဒ်မြို့ ၏ ဘဏ်တစ်ခု ရှေ့ တွင် အလွန်ဆိုးရွားသည့် အသေခံ ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ဒီလူမဆန်တဲ့ လုပ်ရပ် ကို အစွန်းရောက် အကြမ်းဖက် အဖွဲ့ ဒါအေရှ် (ခ) IS မှ မိမိတို့ ပြုလုပ်ကြောင်း တာဝန်ယူခဲ့ပါတယ် ။

အာဖဂန် နစ္စတန် နိုင်ငံ သမ္မတ မိုဟမ္မဒ် အရှ်ရဖ် ဂနီ အနေဖြင့် ဤ အဖြစ်အပျက် နှင့်ပတ်သက်ပြီး ဒီလူမဆန်တဲ့ လုပ်ရပ် ကို အစွန်းရောက် အကြမ်းဖက် အဖွဲ့ ဒါအေရှ် (ခ) IS မှ မိမိတို့ ပြုလုပ်ကြောင်း တာဝန်ယူခဲ့ပြီး တခြား အကြမ်းဖက် အဖွဲ့ တာလီ ဘန် မှ (ထူးထူးဆန်းဆန်း ) ရှုတ်ချခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အာဖဂန် နစ္စတန် သတင်းဌာနများ ၏ သတင်း အထောက်အထား အရ တစ်ဦးတစ်ယောက်သော် သူ က မိမိကိုယ့်ကို အာဖဂန် နစ္စတန် ရှိ ဒါအေရှ် (ခ) IS ကိုယ်စားလှယ် ဟုဆို ပြီး မီဒီယာ နှင့် စကားပြောဆိုရာတွင် ဂျလားလ် အာဗါဒ်မြို့ ၏ ဗုံးပေါက်ကွဲမှု ကိစ္စ ဟာ ဒါအေရှ် (ခ) IS လက်ချက် ဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ် ။

ဆိုရှယ်မီဒီယာ ပြောပြချက်အရ မိမိကိုယ့်ကို အာဖဂန် နစ္စတန် ရှိ ဒါအေရှ် (ခ) IS ကိုယ်စားလှယ်ဟုဆိုသူမှ အခန်း တစ်ခု အတွင်း ရောက်ရှိလာပြီး မိမိမျက်နှာကို စီးထားပြီး ဂျလားလ် အာဗါဒ်မြို့ ၏ ဗုံးပေါက်ကွဲမှု ကိစ္စ ဟာ ဒါအေရှ် (ခ) IS လက်ချက် ဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ် ။
အာဖဂန် နစ္စတန် နိုင်ငံ သမ္မတ မိုဟမ္မဒ် အရှ်ရဖ် ဂနီ ရုံးမှလည်း အာဖဂန် နစ္စတန် နိုင်ငံ အတွင်း ဒါအေရှ် (ခ) IS ရှိနေကြောင်း ပြီးခဲ့သည့် ၁လ အရင် က ထုတ်ပြန် ကြေငြာထားပြီး ဖြစ်ပါတယ်။

ရင်နာစရာ မြင်ကွင်းများ ကို အောက်ပါအတိုင်းတွေ့ မြင်နိုင်ပါတယ်။

-----------------------