အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
စနေနေ့

၂၅ ဧပြီ ၂၀၁၅

၁၄:၁၁:၁၅
686267

ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ မှ ဖြိုခွင်း / အီဂျစ်

အီဂျစ်နိုင်ငံ လုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များက ကိုင်ရိုင်မြို့  မြောက်ပိုင်း ရှိဒေသတွင် (အေခ်ဝါနွန်လ်မွတ်စလင်မီး ) အား ထောက်ခံ အားပေးသည့် ဆန္ဒပြ လူစုလူဝေး အား မျက်ရည်ယို ဗုံးများ ဖြင့် ပစ်၍ လူအုပ်အား ဖြိုခွင်း ခဲ့ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


အဲဟ်ရမ် သတင်းဌာန၏ ထုတ်ပြန်ချက်အရ ကိုင်ရိုင်မြို့  မြောက်ပိုင်း ရှိဒေသ ရှိလမ်းများ ကို ဆန္ဒပြသူ လူအုပ် ကြီးမှ ပိတ်ဆို့ တားမြစ် ခဲ့ပါတယ်။အနည်းငယ် မျှ အကြာတွင် လုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များက ရောက်ရှိလာပြီး ဆန္ဒပြသူ လူအုပ် ကြီးကို တိုက်ခိုက် ဖြိုခွင်းခဲ့ပါတယ်။
ဆန္ဒပြမှုကို သောကြာနေ့ တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ် ။ အီဂျစ် သမ္မတ ဟောင်း မိုဟမ္မဒ်မူရ်စီ ကို နှစ်၂၀ ထောင်ဒဏ် စီရင် ချမှတ်ခဲ့ပြီးနောက် အခုလို ဆန္ဒပြပွဲ ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။


(အေခ်ဝါနွန်လ်မွတ်စလင်မီး ) ကိုထောက်ခံသည့် အဖွဲ့ဟာ သမ္မတ ဟောင်း မိုဟမ္မဒ်မူရ်စီ ကို ၂၀၁၃ ခုနှစ် တွင် ရာထူးမှ အချခံရပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ဤ အဖွဲ့ ဟာ ပြီးခဲ့နှစ်က အီဂျစ်နိုင်ငံ လုံခြုံရေး ရဲတပ် ဖွဲ့ ဝင်များ ၏ လက်ဖြင့် ဆိုးဆိုးဝါးဝါး နိုင်နင်းခြင်းခံ ခဲ့ရပြီးနောက် အားပျော့ သွားခဲ့ပါတယ်။
(အေခ်ဝါနွန်လ်မွတ်စလင်မီး ) ကိုဆန့်ကျင်ပြီး အီဂျစ်အစိုးရမှ အကြမ်းဖက်နိုင်နင်းမှု ကိုပြုခဲ့သည့်အတွက် မြောက်များ စွာသော ပုဂ္ဂိုလ်များ သေဆုံးသွားခဲ့ပြီး အမြောက်အများ ဒဏ်ရာရခဲ့ပါတယ် ။


အီဂျစ် အစိုးရ အနေဖြင့် (အေခ်ဝါနွန်လ်မွတ်စလင်မီး ) အဖွဲ့ ကို အစွန်းရောက်သောင်းကြမ်းသူ အဖွဲ့ အဖြစ် သတ်မှတ်ထားပါတယ်။


(အေခ်ဝါနွန်လ်မွတ်စလင်မီး ) ခေါင်းဆောင်မှ မိမိတို့ ၏ ငြိမ်ချမ်း ပြီး ငြိမ်ဝပ်ပိပြားသည့် လှုပ်ရှားမှုများ ကို ဆက်လက် လှုပ်ရှား သွားမည်ဟု ပြောကြားခဲ့ပါတယ်။


----------------------
251 / End