အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
တနင်္ဂနွေနေ့

၂၆ ဧပြီ ၂၀၁၅

၁၈:၄၉:၄၅
686545

အေမာမ် ဟာဒီ (အ.စ) ၏ ဟဒီးစ်တော်များ

ရှီအာ အေမာမ် မီယာ တို့ ၏ ဆယ်ပါးမြောက်အေမာမ် (အ.စ) ၊ မအ်စူးမ် ဆယ့်လေးပါး မှ ဆယ့်နှစ်ပါးမြောက် မအ်စူးမ် ဖြစ်သူအေမာမ် အလီနကီ (အ.စ) ၏ အဖိုးမဖြတ် နိုင်တဲ့ ဟဒီးစ်တော်များ တစ်ချို့ ကို ကျနော်များ အဗ်နာ သတင်းဌာန၏ မြန်မာ ဘာသာပြန် အစီအစဉ် မှ ဖော်ပြ လိုက်ပါတယ်။ လူသားတိုင်း ၊ မွတ်စလင်မ်တိုင်း နှင့် ရှီအာ အေမာမ်မီယာ မွတ်စလင်မ်တိုင်း အားလုံး နားလည် သဘောပေါက်ပြီး လက်တွေ့ ကျင့်သုံးနိုင်ကြပါစေလို ဆုတောင်း လိုက်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


(အေမာမ်ဟာဒီ (အ.စ) )မိန့်တော်မူပါသည်။
(၁) အကြင်သူတစ်ဦးတစ်ယောက်ဟာ ၎င်းကိုယ်တိုင်၏တန်ဖိုးနှင့်အဆင့်အတန်းကို မသိရှိမနားလည်လျင် အသင်သည် ၎င်း၏ ဆိုးညစ်မှုမှ ရှောင်ကြဉ်ပါလေ။
(ကိုယ့်နေရာမှန်ကိုယ်မသိသူသူများနှင့် အပေါင်း အသင်းမလုပ်ရန် ဆိုလိုထားပါတယ်။)
(သိုဟ်ဖိုလ်အိုကူးလ်ကျမ်း စာမျက်နှာ ၄၈၃ )


(အေမာမ်ဟာဒီ (အ.စ) )မိန့်တော်မူပါသည်။
(၂) လောကကြီး ဟာ ဈေးပမာ ဖြစ်ပေသည်။ ဤဈေးထဲ မှာ တစ်ချို့ ကို အကျိုး အမြတ် ရှိစေပြီး တစ်ချို့ ကို အရှုံး ဖြစ်စေပါသည်။
(သိုဟ်ဖိုလ်အိုကူးလ်ကျမ်း စာမျက်နှာ ၄၈၃ )


(အေမာမ်ဟာဒီ (အ.စ) )မိန့်တော်မူပါသည်။
(၃)အကြင်မည်သူမဆို မိမိကိုယ့်ကို ကျေနပ်မည်ဆိုလျင် မြောက်များစွာသောသူများ သည် ၎င်းကိုမကျေနပ် ၊မနှစ်မြို့ ကြပေမည်။
( ဗေဟာ ကျမ်း အတွဲ ၇၈ ၊ စာမျက်နှာ ၃၆၉ / အန်နဝါရွလ်ဗိုင်စာဟ် ကျမ်း စာမျက်နှာ ၁၄၃ )


(အေမာမ်ဟာဒီ (အ.စ) )မိန့်တော်မူပါသည်။
(၄) ဆင်းရဲ နွမ်းပါးမှု ဟာ စိတ်ဝိညာဉ် အား ပုန်ကန်မှု ကို ဖြစ်စေပြီး ၊ ဆိုးဆိုးရွားရွား မျှော်လင့်ချက် ကင်း မှု ကို ဖြစ်စေပါသည်။
(ဗေဟာ ကျမ်း အတွဲ ၇၈ ၊ စာမျက်နှာ ၃၆၈)

(အေမာမ်ဟာဒီ (အ.စ) )မိန့်တော်မူပါသည်။
(၅) ကောင်းမှုထက် ကောင်းမှုပြုသူ ၊ လှပမှု ထက်လှပမှု ကို တင်ပြသူ ၊ပညာထက် ပညာကို လက်တွေ့ အသုံးချသူ ၊မကောင်းမှု ထက် မကောင်းကို ပြုလုပ်သူ ၊ထိတ်လန့် တုန်လှုပ်ချောက်ချားမှု ထက် ၊ ထိတ်လန့် တုန်လှုပ်ချောက်ချားအောင်ပြုသူက အဆင့်ပိုပေသည်။
( အအ်ယာနွရှ် ရှီအာ ၊ အတွဲ ၂ ၊ ပုံနှိပ် (အသစ် ) ၊ စာမျက်နှာ ၃၉ )


(အေမာမ်ဟာဒီ (အ.စ) )မိန့်တော်မူပါသည်။
(၆) အကြင်သူ တစ်ဦး တစ်ယောက် သည် မိမိ ဂိုနာ(အပြစ်ငရဲ၊ အကုသိုလ် ) လုပ်ဖို့ မလွဲသာ မရှောင်သာဘဲ ပြုရသည့် ဟုထင်မြင် မည်ဆို လျင် ထိုသူသည် မိမိ၏ ဂိုနာများ(အပြစ်ငရဲများ၊ အကုသိုလ်များ ) ကို အလ္လာဟ် ဟို အရှင်မြတ် အပေါ် ပုံချလိုက်ခြင်း ဖြစ် ပေသည်။ အလ္လာဟ် အရှင်မြတ် သခင်အား (မိမိ) အဖန်ဆင်းခံများ၏ ကောင်းမြတ်သည့် ဆုလာဒ် အစားပေးမည် အရေးတွင် ရက်စက် ကြမ်းကြုတ်သူအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။
(ဂိုနာ (အပြစ်ငရဲ၊ အကုသိုလ် ) အပေါ် ဂိုနာကြီး(အပြစ်ငရဲ ကြီး ၊ အကုသိုလ်ကြီး ) ဆင့်လိုက် ခြင်းကို ဆိုလိုပါသည်။ )
(သိုဟ်ဖိုလ်အိုကူးလ်ကျမ်း စာမျက်နှာ ၄၆၁ )


(အေမာမ်ဟာဒီ (အ.စ) )မိန့်တော်မူပါသည်။
(၇) တရားမျှတမှု ၊ကျောသားရင်သား မခွဲခြားမှုက ဖိနှိပ် ၊ရက်စက်ကြမ်းကြုတ်မှု ထက် အားပို ကောင်း လာသည့်ခေတ် ရောက်လာလျင် တစ်ဦးတစ်ယောက်ကို ၎င်း၏ မကောင်းမှုနှင့်ပတ်သက်သည့် အသိ (အသေအချာမသိရှိဘဲ ) ၎င်းနှင့်ပတ်သက်ပြီး မကောင်းထင်မြင် ပြောဆို ခြင်းသည် ဟရာမ် ဖြစ်ပေသည်။ တရားမျှတမှု ၊ကျောသားရင်သား မခွဲခြားမှုထက် ဖိနှိပ် ၊ရက်စက်ကြမ်းကြုတ်မှု ကအားပို ကောင်း လာသည့်ခေတ် ရောက်လာလျင် တစ်ဦးတစ်ယောက်ကို ၎င်း၏ ကောင်းမှုနှင့်ပတ်သက်သည့် အသိ (အသေအချာမသိရှိဘဲ ) ၎င်းနှင့်ပတ်သက်ပြီး အကောင်းထင်မြင် ပြောဆိုမှု ကို မပြုပါလေနှင့် ။
( အအ်ယာနွရှ် ရှီအာ ၊ အတွဲ ၂ ၊ ပုံနှိပ် (အသစ် ) ၊ စာမျက်နှာ ၃၉ )


(အေမာမ်ဟာဒီ (အ.စ) )မိန့်တော်မူပါသည်။
(၈) အကြင်မည်သူ မဆို အလ္လာဟ် ဟို အရှင်မြတ် သခင်အား ကြောက်ရွံ့ ထိတ်လန့်မည်ဆိုလျင် ၎င်း အား လူထုမှ ကြောက်ရွံ့ ထိတ်လန့် ပေမည်။ အကြင်မည်သူ မဆို အလ္လာဟ် ဟို အရှင်မြတ် သခင်၏ အမိန့်တော်အား လက်တွေ့ ကျင့်သုံးမည်ဆိုလျင် လူထုသည်လည်း ၎င်း ၏ အမိန့် ကို လက်တွေ့ ကျင့်သုံးကြပေမည်။
(သိုဟ်ဖိုလ်အိုကူးလ်ကျမ်း စာမျက်နှာ ၄၈၂ )


(အေမာမ်ဟာဒီ (အ.စ) )မိန့်တော်မူပါသည်။
(၉) မနာလို ဝန်တိုမှု ၊ မနာလိုငြူစူ၊ သဝန်တို မှုသည် ကောင်းမှု ကုသိုလ်များအား ဖျက်စီး မှုကို ဖြစ်စေ ပြီး ၊ အလ္လာဟ် ဟို အရှင်မြတ် သခင်၏ မနှစ်မြို့ မှု ကို ဖြစ်စေပါသည်။
( အအ်ယာနွရှ် ရှီအာ ၊ အတွဲ ၂ ၊ ပုံနှိပ် (အသစ် ) ၊ စာမျက်နှာ ၃၆၉ )


(အေမာမ်ဟာဒီ (အ.စ) )မိန့်တော်မူပါသည်။
(၁၀) မိဘ နှစ်ပါး ၏ စကား(ရှရီအီနှင့်မဆန်ကျင့်သည့် စကားမှန်သမျှ) ကို နားမထောင်ခြင်းသည် စားနပ်ရိက္ခာ ကို နည်းပါးစေပြီး ၊ ဂုဏ်သရေမဲ့မှု ကို ဖြစ်စေပါသည်။
(ဗေဟာ ကျမ်း အတွဲ ၇၈ ၊ စာမျက်နှာ ၃၆၉)


-------------------------
251 / End