အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
စနေနေ့

၂ မေ ၂၀၁၅

၀၉:၀၁:၄၃
687766

စွန်နီညီနောင်များ၏ ကျမ်းလာ မောင်အလာ လီ (အ.စ) ၏ ကြီးကျယ်မြင့်မြတ်မှု

ယနေ့ မေလ ၂ရက်နေ့ ဟာ မောင်လာအလီ (အ.စ) ၏ မွေးနေ့ မင်္ဂလာ နေ့ ဖြစ်ပါတယ် ။ အဗ်နာ ပရိတ်သတ် များ အားလုံးကို အထူးသဖြင့် မောင်လာအလီ (အ.စ) ကို အချစ်မေတ္တာ ထားသူများ အားလုံးကို မင်္ဂလာ အပေါင်းခညောင်းကြပါစေလို့ ပြောကြားရင်း စွန်နီညီနောင်များ၏ ကျမ်းလာ မောင်အလာ လီ (အ.စ) ၏ ကြီးကျယ်မြင့်မြတ်မှု ကို အနည်းငယ်တင်ပြ အပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


၁။အနက်စ်ဗင်မာလစ်မှ ကိုယ်တော်မြတ် (ဆွ) ထံမှတဆင့် တင်ပြပါတယ်။
((မိုမင်တိုင်း၏ အာမါလ်စာအုပ် ၏ ပထမဆုံး ခေါင်းစဉ်ကတော့ အလီ (အ.စ) အေစ်ဗ်နေ အဘီသွာလစ်ဗ် အပေါ် အချစ်မေတ္တာ ထားခြင်း ဖြစ်ပါသည်။))
مناقب ابن المغازلی ، ص 243
၂။ မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူသည်။
((ကျွန်ုပ်မရှိတော့သည့် နောက်ပိုင်း ပြဿနာတစ်ခု ပေါ်ပေါက်လာမည်ဖြစ်ပါသည်။အကယ်၍ ထိုခေတ်အချိန် အခါ ကို ရောက်လာလျင် အသင်အနေဖြင့် အလီ (အ.စ) အေစ်ဗ်နေ အဘီသွာလစ်ဗ် နှင့်အတူ ရှိနေဖို့ လိုအပ်ပေ သည်။အကြောင်းသည်ကား အလီ(အ.စ) သည် အမှန်နှင့်အမှား ကိုခွဲခြား ပြသည့်သူဖြစ်နေသည့် အတွက် ကြောင့် ဖြစ်ပေသည်။))
الاصابة ، ج 7 ، ص 167 / الاستیعاب ، ج 4 ، ص 169
၃။ အဘူဗက်ရ် မှ ကိုယ်တော်မြတ် (ဆွ) ထံမှတဆင့် တင်ပြပါတယ်။
(( အို .. အဘူဗက်ရ် တရားမျှတမှု နှင့်ကျောသားရင်သားမခွဲခြားမှု အတိုင်းအတာတွင် ကျွန်ုပ်နှင့် အလီ (အ.စ) သည် အတူတူပင် ဖြစ်ပေသည်။
تاریخ الخلفا ، ج 1 ، ص 37
၎။ မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူသည်။
(( အလီ (အ.စ) ကျွန်ုပ်မှ ၊ ကျွန်ုပ်သည် အလီ (အ.စ) မှဖြစ်ပါသည် ။ သူဟာ ကျွန်ုပ်ပြီးနောက်ပိုင်း မိုမင်၊ မိုမေနာ တိုင်း ၏ ဝလီ ဖြစ်ပေသည်။))
مسند احمد بن حنبل ، ج 4 ، ص 437
၅ ။ မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူသည်။
(( ဤ အွန်မသ် (ကိုယ်တော်မြတ် (ဆွ) ၏ နောက်လိုက်နောက်သားများ ) အပေါ် အလီ (အ.စ) ၏ ရပိုင်ခွင့် ဟာ သားသမီးအပေါ် ဖခင် တစ်ဦး ၏ ရပိုင်ခွင့် နှင့် အတူတူပင် ဖြစ်ပါသည်။ ))
مناقب ابن المغازلی ، ص 47
၆။ မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူသည်။
(( ပထမဦးဆုံး အသင်တို့ အထဲမှ ကောင်စဲရ် ကန်တော်သို့ ဝင်ရောက်မည်သူ ၊ အသင်တို့ အထဲမှ ပထမဦးဆုံး အစ္စလာမ် သာသနာ ကို လက်ခံခဲ့သူမှာ အလီ (အ.စ) အေစ်ဗ်နေ အဘီသွာလစ်ဗ် ဖြစ်ပေသည်။))
اسد الغابه ، ج2 ، ص 17
၇ ။ မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူသည်။
((အလီ(အ.စ) ၏ မျက်နှာ တော်အားကြည့်ခြင်းသည် အေဗာဒသ် ဖြစ်ပါသည်။ ))
جامع الصغیر ، ج 2 ، ص 19 / تاریخ بغداد ج 2 ، ص 51
၈ ။မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူသည်။
((အလီ (အ.စ) အေစ်ဗ်နေ အဘီသွာလစ်ဗ် အပေါ် ထားသည့် အချစ်မေတ္တာ သည် မီးက ထင်းကိုလောင်းကျွမ်း ကုန်ဆုံးစေသကဲ့သို့ ဂိုနာ များ ကို လောင်းကျွမ်းကုန်ဆုံးစေပါသည်။ ))
کنوز الحقائق ص117 / تاریخ بغداد ص 194
၉ ။ မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူသည်။
((အလီ (အ.စ) အေစ်ဗ်နေ အဘီသွာလစ်ဗ် သည် သာသနာ၏ တံခါးဝ ဖြစ်ပါသည်။ မည်သူ မဆို (ဤတံခါးဝ ) မှ ဝင်ရောက်လျင် မိုမင် ဖြစ်ပေသည်။ (မဝင်ရောက်ဘဲ ) ဤတံခါးဝ အပြင်ထွက်နေလျင် ကာဖေရ် ဖြစ်ပေလိမ့်မည်။
مناقب ابن المغازلی ، ص 92
၁၀ ။ မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူသည်။
((အကယ်၍ လူထု အားလုံး အနေဖြင့် အလီ (အ.စ) အေစ်ဗ်နေ အဘီသွာလစ်ဗ် အားချစ်ခင်မြတ်နိုးဖို့ ပေါင်းစည်း ကြ မည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ဂျဟန္နမ် ငရဲဘုံ ကိုဖန်းဆင်းတော် မူမည် မဟုတ်ချေ။))
المودّة السادسة علی مافی ینابیع المودّة ، ص 251
၁၁ ။ မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူသည်။
((အလီ (အ.စ) ၏ အချစ်မေတ္တာရှိသူ အကြင်မည်သူ မဆို ဂျန္နသ် အမတသုခဘုံသို့ ဝင်ရောက်ရန် အသင့် ရှိနေပါဟု ပြောကြားပါလေ။ ))
ینابیع المودّة ، ص 180
၁၂ ။ မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူသည်။
(( အလီ (အ.စ) ၏၎င်း၏နောက်လိုက် ရှီအာ များသည် ကေယာမသ်နေ့ တွင် အောင်မြင်သူများ ဖြစ်ပါသည်။ ))
تفسیر الدر المنثور ، ج6 ، ص 379
၁၃ ။ ဟဇရသ်အာအေရှ မှ ကိုယ်တော်မြတ် (ဆွ) ထံမှတဆင့် တင်ပြပါတယ်။
(( အလီ (အ.စ) အကြောင်း ပြောခြင်း နှင့် ၎င်း ကိုတမ်းတခြင်းသည် အေဗာဒသ် ဖြစ်ပါသည်။ ))
مناقب ابن المغازلی ، ص 206
၁၄ ။ မဟာတမန်တော်မြတ် (ဆွ) မိန့်တော်မူသည်။
(( အကယ်၍ ပန်းခြံများ နှင့် သစ်ပင်များကို ကလောင် အဖြစ်၎င်း ၊ ပယ်လယ်များ ကို မင်အဖြစ်၎င်း အသုံးပြု ၍ လူသားနှင့်ဂျင်တို့ စုပေါင်းပြီး အလီ (အ.စ) အေစ်ဗ်နေ အဘီသွာလစ်ဗ် ၏ကြီးကျယ် မြင့်မြတ်မှုကို ရည်တွက် မည်ဆိုလျင် ဖြစ်နိုင်မည် မဟုတ်ချေ။ ))
فردوس الأخبار دیلمی همدانی ، ینابیع المودّة ، ص 121

တင်ပြသူ - H.I Reza Jahed
(မှတ်ချက် = အထက်ပါဟဒီးစ်တော်များ ကို လေ့လာသုံးသပ်ပြီး မဟာတမန်တော်မြတ်ကြီး(ဆွ)နောက် အကြီးအကျယ်အမြတ်မြတ်ဆုံး အသာလွန်ဆုံး ပုဂ္ဂိုလ်အဖြစ် မောင်လာအလီ (အ.စ) ကို လက်မခံဘဲ အခြား သာဝကတော်များကို လက်ခံခြင်းသည် အံ့သြစရာ ကောင်းလှပေသည်။ အမှန်တရားကိုပဲမသိလို့လား ? မောင်လာ အလီ (အ.စ) ကိုပဲ မနာလို မနှစ်သစ်လို့လား? တစ်ခုခုတော့ တစ်ခုခုပင် ဖြစ်ပေ၏။ အဗ်နာ )
-------------------------------------------------------
251 / End