အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
စနေနေ့

၉ မေ ၂၀၁၅

၁၈:၄၉:၂၂
689160

(( အလ်ဂဒီးရ် )) ကျမ်းပြု ဆရာ အလာမာအမီးနီး (ရ.ဟ) ၏ အလွန်တရာ စိတ်ဝင်စားစရာ ဖြစ်ရပ်မှန်များတစ်ချို့

ရှီအာအိုလမာတို့ အရည်အသွေး ၊အရည်အချင်း တို့ကို သိရှိရန်အတွက် ရှီအာ အိုလမာ ထဲမှ အကျော် အမော် အာလင်မ် ပညာရှင် တစ်ပါးဖြစ်သည့် အလာမာအမီးနီး (ရ.ဟ) ၏ ဖြစ်ရပ်မှန် အကြောင်း တစ်ချို့ ကို အဗ်နာ စာဖတ် ပရိတ်သတ်များ အတွက် ဖော်ပြ အပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
(( အလ်ဂဒီးရ် )) ကျမ်းပြုရန်အတွက်ကျမ်းကိုးများ
အလာမာအမီးနီး (ရ.ဟ) ကိုယ်တိုင် မိန့်ကြားပါတယ်။ ကျနော် အနေဖြင့် ((အလ်ဂဒီးရ်)) အားရေးသားပြုစုရန် စာအုပ်ပေါင်း တစ်သောင်း (၁၀၀၀၀)ကို (ဗစ်မေလ္လာဟ်) မှစပြီး (ပြီးပါပြီး)ဆိုသည့်အထိ အဆုံးအထိ ဖတ်ခဲ့ပါ တယ်။
ထိုပြင် စာအုပ်ပေါင်း၁သိန်းကိုလည်း အကြိမ်ကြိမ် အခါခါ ကြည့်ခဲ့ပါတယ်။ဖတ်ခဲ့ပါတယ်။ အမှန်တကယ် (( အလ်ဂဒီးရ် ))ဟာ အရဘီဘာသာဖြင့် ရေးသားပြုစုထားတာ ဖြစ်ပြီး အတွဲပေါင်း ၂၀ ရှိပါတယ် ၊ယခု အချိန် အထိ ၁၁ တွဲသာ ပုံနှိပ် ထုတ်ဝေပြီး ဖြစ်ပါတယ်။ ဤ ၁၁ တွဲ ကို အရဘီဘာသာမှ ဖွာရစီဘာသာဖြင့် ပြန်ဆိုထားပြီး ( ဗွန်နယါဒ်သေဗေအ်ဆသ်) မှ အတွဲ ၂၀ အဖြစ် ထုတ်ဝေဖြန်ချိခဲ့ပါတယ်။
((အလ်ဂဒီးရ်)) စာအုပ်ပုံနှိပ်အသစ်သည်လည်း အွန်စဒါဒ်ဆယက်သ် အဗ်ဒွလ်အဇီးဇ် သွဗာသွဗာ အီ မှ သုတေ သီပြုခြင်း ၊ လိုအပ်တာများ ပြုပြင် ၊ပြင်ဆင်ခြင်းတို့ဖြင့် ထုတ်ဝေ ဖြန့်ချိခဲ့ပါတယ်။
အလာမာအမီးနီး (ရ.ဟ)အနေဖြင့် အိန္ဒိယသို့ ခရီးထွက်ခဲ့ပြီး ၄လတိုင် နေထိုင်ခဲ့ပါတယ်။ ဤ ၄လအတွင်း စာကြည့်တိုက်ပေါင်း ၁၃ တိုက်မှ စာအုပ်ပေါင်း ၆သိန်း ၂သောင်း (၆၂၀၀၀၀) ကို လေ့လာ မှတ်သားခဲ့ပါတယ်။ ဤအကြောင်းအရာ၏ အကျယ်ကို ((ဟမာစေယေ ဂဒီးရ်)) ဆို သည့် စာအုပ်တွင်လေ့လာ မှတ်သားနိုင်ပါတယ်။
ညလုံးပေါက်အတွင်း နမာဇ်ရကတ်ပေါင်း (၁၀၀၀ ) ဝတ်ပြုခြင်း
အလာမာအမီးနီး (ရ.ဟ)သည် အေမာမ်အလီရဇာ (အ.စ) ၏ရောင်ဇာတော် တွင် ၃ ညတိုင်း ရှိခဲ့ပါတယ်။ ညတိုင်း နမာဇ်ရကတ်ပေါင်း (၁၀၀၀ ) ဝတ်ပြုခဲ့ပါတယ်။ အလမာအား လူကြီးမင်းအနေဖြင့်အခုဖတ်ရွတ် ဝတ်ပြုတာ မမောပန်း ဘူးလား ဟုမေးမြန်းသူကမေးမြန်းခဲ့ပါတယ်။
အလာမာမှအဖြေပေး မိန့်တော်မူလေ၏။ ((ငါးသတ္တဝါရေကူးတာ မောပန်း တယ်လို့ကြားဖူးလား ၊ကျွန်ုပ် လည်း နမာဇ်ဖတ်ရတာ ဘာကြောင့် မောပန်းရမလဲ )) ဟုအဖြေပေး ခဲ့ပါတယ် ။
အလာမာ အမီးနီး(ရ.ဟ)၏ ((ကာမေလွန်ဇ်ဇေယာရသ်)) စာအုပ် နှင့် ပုံနှိပ်ပေးသူ အလှူရှင်
အလာမာအမီးနီး (ရ.ဟ) မိန့်ကြားတော်မူပါတယ်။ကျနော်အနေဖြင့် ((ကာမေလွန်ဇ်ဇေယာရသ်)) ကိုပြုစုရေး သားပြီးနောက် ပြည့်ပြည့်စုံစုံအမှားပြင်ဆင်ချက်များ ပြင်ဆင်ပြီး ပုံနှိပ်ဖို့ အသင့် ဖြစ်နေတဲ့အချိန် ကိုရောက် နေခဲ့ပါတယ် ။ သို့သော် ကျနော်ဆီမှာ ပုံနှိပ်ဖို့ငွေ မရှိဘဲ ဖြစ်နေပါတယ်။ဒါကြောင့် ကျနော်လည်း စာအုပ်ကို သိမ်းပြီး နောက်မှ ပဲ စရိတ် ထွက်လာမှ ပုံနှိပ်မည်ဟု ဆိုပြီးထားလိုက်ပါတယ်။
တစ်ချိန်တစ်ခါမှာ ကျနော် ကူဖာ မစ်ဂျစ်ဒ်ဖက် သို့ သွားနေခိုက် တူရကီ လူမျိုး တစ်ယောက်နဲ့ တွေ့ပါ တယ်။ သူ ကကျနော်ကိုပြောပါတယ်။
((ကာမေလ် )) အမည်နဲ့ ဘယ်စာအုပ် ရှိပါသလဲ ?
ကျနော်ပြန်ပြောပါတယ် - ((ကာမေလ် )) အမည်နဲ့ စာအုပ်တွေ အများကြီးရှိတယ် ဘယ် ((ကာမေလ် )) အမည်နဲ့စာအုပ်ကိုမေးတာလဲ ?
၎င်းမှပြန်ပြောပါတယ် - ကျနော်မသိဘူး ၊အဲဒီစာအုပ်အမည်က ((ကာမေလ် )) ပြီတော့ သူနောက်မှာလည်း စာလုံးတစ်ခုခု ပါသေးတယ် ....
ကျနော်လည်း ပြန်ပြောပါတယ် - ခင်ဗျား ဆိုလိုတာ ((ကာမေလွန်ဇ်ဇေယာရသ်)) စာအုပ်လား ?
သူအဖြေပြန်ပေးပါတယ် - ဟုတ်ပါတယ်
ကျနော်လည်း ပြန်ပြောပါတယ် - ခင်ဗျား ဘာကြောင့် ဒီစာအုပ်ကို လိုက်ရှာနေတာလဲ ?
သူအနေဖြင့် အဖြေ ပြန်ပေးပါတယ် - အေမာမ် ဟိုစိုင်း (န) (အ.စ) အိမ်မက်မှာလာပြီး ကျနော် ကို အမိန့်ပေး ပါတယ်။ ((ကာမေလွန်ဇ်ဇေယာရသ်)) စာအုပ်ကို ပုံနှိပ်ပေးပါလေဆိုပြီးဖြစ်ပါတယ် ။
ကျနော်ကလည်းပြန်ပြောပါတယ် ။ ကျနော်ဆီမှာ ((ကာမေလွန်ဇ်ဇေယာရသ်)) စာအုပ်က စာမူတွေ ရှိပါ တယ်။
ပြီးနောက် ၎င်း ၏ ငွေကြေးအကူအညီဖြင့် ((ကာမေလွန်ဇ်ဇေယာရသ်)) စာအုပ်ကို ပုံနှိပ်ထုတ်ဝေ ဖြစ်သွား ပါ တယ် ။
အလာမာ အမီးနီး(ရ.ဟ) နှင့် မိခင်နို့ချို
အလာမာ အမီးနီး(ရ.ဟ) ၏ သား ဟွဂ်ျဂျသွလ် အစ္စလာမ်ေါးက်တာ ဟာဒီ အမီးနီး မှတင်ပြ ထားပြောပြပါ တယ်။ တစ်နေ့ ကျနော်ရဲ့ဒါဒီ (အဖွား ) နဂျဖ်ဖေအရှာရဖ် ရှိ ကျနောတို့ အိမ်သို့ရောက်လာပါတယ်။
ကျနော်လည်း အဖေဖြစ်သူ အလာမာ အမီးနီး(ရ.ဟ) နှင့်ပတ်သက်ပြီး ဒါဒီကိုမေးပါတယ်။
ဒါဒီကလည်း ပြန်ဖြေပါတယ် ။ (ငါ ၂နှစ်တိုင်တိုင် ဝဇူ မရှိဘဲ နင်အဖေကို နို့မတိုက်ကျွေးခဲ့ဖူးလို့ ) ဆိုပါတယ်။ ဒီလုပ်ရပ်ရဲ့ အမြောက်အများ ဘရ်ကသ်တော်များကို ထင်ရှားစွာ တွေ့မြင်ပြီးလည်း ဖြစ်ပါတယ် ဟုဆိုလေ၏။
တင်ပြသူ - ဟွဂ်ျသွလ်အစ္စလာမ် ကာရာရ် ဟိုစိုင်း(န) အဇ်ဟရီ
---------------------------
251 / End