အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
တနင်္ဂနွေနေ့

၁၀ မေ ၂၀၁၅

၁၈:၂၄:၀၉
689352

ဂျရှ်န် ပြုလုပ်ခြင်း (သို့) ပျော်ပွဲ များ ကျင်းပ ခြင်း

မွေးနေ့ မင်္ရလာ အချိန်အခါ များတွင် ပျော်ပွဲ များဆိုင်ရာ ထိုင်းဝိုင်း များ ကျင်းပ ခြင်း ၊ဂျရှ်န်များပြု လုပ်ခြင်းသည် ရှရီအသ် အရခွင့် ရှိသည့် လုပ် ထုံး လုပ်နည်းတစ်ခု နှင့်မိုဘာ(مباح) အလုပ်တစ်ခု ဖြစ်ပါသည်။ တစ်နည်း အား ဖြင့် မွတ်စလင်မ်ျမား အကြား လုပ်လေ့ လုပ်ဓ ရှိသည် အလုပ်များမှ ဖြစ်ပြီး ယနေ့ တိုင် လုပ်နေကြပါသည်။ သို့သော် မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ မီးလာဒ်ကျင်းပခြင်း (မွေးနေ့ မင်္ဂလာ ကျင်းပခြင်း) ၊ ထိုကျင်းပမှု အစီအစဉ် တွင် ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ် ပြုခြင်း ကိုယ် တော် မြတ် (ဆွ)အား ချီးမွမ်းထောပန သည့် ကဗျာ လင်္ကာများ ဖတ် ရွတ်ခြင်း ၊ မွတ် စလင်မ် များ ကို ထမင်းကျွေးမွေး ခြင်းတို့သည် တားမြစ် ထား သည့် လုပ်ရပ်များမှ ဖြစ်သည်ဟု ဝဟာဘီများ ယုံကြည် လက်ခံ ထားကြ ပါသည်။








ဂျရှ်န် ပြုလုပ်ခြင်း (သို့) ပျော်ပွဲ များ ကျင်းပ ခြင်း
မွေးနေ့ မင်္ရလာ အချိန်အခါ များတွင် ပျော်ပွဲ များဆိုင်ရာ ထိုင်းဝိုင်း များ ကျင်းပ ခြင်း ၊ဂျရှ်န်များပြု လုပ်ခြင်းသည် ရှရီအသ် အရခွင့် ရှိသည့် လုပ် ထုံး လုပ်နည်းတစ်ခု နှင့်မိုဘာ(مباح) အလုပ်တစ်ခု ဖြစ်ပါသည်။ တစ်နည်း အား ဖြင့် မွတ်စလင်မ်ျမား အကြား လုပ်လေ့ လုပ်ဓ ရှိသည် အလုပ်များမှ ဖြစ်ပြီး ယနေ့ တိုင် လုပ်နေကြပါသည်။ သို့သော် မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ မီးလာဒ်ကျင်းပခြင်း (မွေးနေ့ မင်္ဂလာ ကျင်းပခြင်း) ၊ ထိုကျင်းပမှု အစီအစဉ် တွင် ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ် ပြုခြင်း ကိုယ် တော် မြတ် (ဆွ)အား ချီးမွမ်းထောပန သည့် ကဗျာ လင်္ကာများ ဖတ် ရွတ်ခြင်း ၊ မွတ် စလင်မ် များ ကို ထမင်းကျွေးမွေး ခြင်းတို့သည် တားမြစ် ထား သည့် လုပ်ရပ်များမှ ဖြစ်သည်ဟု ဝဟာဘီများ ယုံကြည် လက်ခံ ထားကြ ပါသည်။
အေဗ်နေသိုင်မီယာ ဤအကြောင်းအရာ နှင့်ပတ်သက်ပြီး ပြောလေ၏။
အီးဒ်နေ့များတွင် ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်းသည် ဗေဒ်အသ် ဖြစ် ပါတယ်၊ (ဤအတွက် ) အခြေအမြစ်တစ်ခုပင် မရှိချေ။ အတိတ်ကမည်သည့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်များ ဤနေ့ရက်များကို အီးဒ် အဖြစ် သတ်မှတ်ပြီး စုပေါင်း၍ ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်းမျိုး မရှိခဲ့ချေ။ ထိုပြင် ၎င်းရက်များတွင် အာမလ် တစ်ခုခု ပြုခြင်းလည်း မရှိချေ။ ဤလုပ်ရပ်သည် ခရစ်ယာန်များ၏ လုပ်ရပ်ဖြစ်ပြီး ၎င်းတို့မှ ဟဇရသ် အီစာ (အ.စ) ၏မွေးနေ့ကို ပျော်ပွဲရွှင်ပွဲ ကျင်းပ ကြပါသည်။ (သို့မဟုတ်) ရဟူဒီ များ မှ ယူထား ခြင်း ဖြစ်ပါတယ်။ … ထိုနည်းတူ စွာ မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ မီးလာဒ်ကျင်းပခြင်း (မွေးနေ့ မင်္ဂလာ ကျင်းပခြင်း) သည် ခရစ်ယာန်ဘာသာဝင်များနှင့် ဆင်တူ နေပါတယ်။ (သို့မဟုတ်) ကိုယ်တော်မြတ် (ဆွ) အား အရို အသေ အလေး အမြတ် ထား သည့် အတွက်ကြောင့် ဖြစ်ပါတယ်။ အကယ်၍ ဤလုပ်ရပ်သည် ကောင်းမြတ်သည် လုပ်ရပ် တစ်ခု သာလျှင် ဖြစ်ခဲ့မည် (သို့မဟုတ်) ယုတ်စွ အဆုံး ရှရီအသ် အရ တိမ်းညွတ်ခဲ့မည် (ခွင့်ရှိခဲ့မည်) ဆိုလျှင် အတိတ် က ပုဂ္ဂိုလ်များ ဤ အစီအစဉ်ကို ကျင်းပရန် အထိုက်တန်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ပါ တယ်။

မိုဟမ္မဒ် ဟာမဒ် အလ်ဖကီး မှလည်း ဤ အကြောင်းအရာ နှင့်ပတ်သက်ပြီး တင်ပြမှု ကို ပြုခဲ့ပါသည်။ ၎င်းမှပြောကြားသည်မှာ -
အောင်လီယာများ၏ ဝဖသ်များ နှင့် ၎င်းတို့၏ မွေးနေ့ များတွင် ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်းသည် ၎င်းတို့ကို ခဝပ်ကိုးကွယ် ဆည်းကပ်ခြင်း စာရင်း ဝင်သွား ပါတယ်၊၎င်းတို့၏ အေဗာဒသ်ပြုခြင်းနှင့် အရို အသေ အလေး အမြတ်ပေးတစ်မျိုး ဖြစ်ပေတယ်။
ဝဟာဘီများ အနေဖြင့် ဤလွန်ကဲ့သည့် အတွေးအခေါ် အတွက် ဟဒီးစ်တော် ၂ပါးကို လက်ဆုပ်လက်ကိုင် ပြုလေ၏။
ပထမဟဒီးစ်တော် - အဘူဟိုရိုင်ရဟ်မှ ပြောလေ၏။ တမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်။

لا تجعلوا بیوتکم قبورا ولاتجعلوا قبری عیدا وصلو ا علی فان صلاتکم تبلغنی حیث کنتم

မိမိတို့၏နေအိမ်များကို ကဗဲရ် မလုပ်ကြပါနှင့် ၊ကျွန်တော်၏ ကဗဲရ် ကိုလည်း အီးဒ် မလုပ်ကြပါနှင့် ၊ကျွန်ုပ် အပေါ် ဒရူးဒ်များ ပို့သကြပါလေ၊ အကြောင်း သည်ကား အသင်တို့၏ ဒရူးဒ် သည် ကျွန်ုပ်မည်သည့်နေရာ တွင်ရှိပါစေ ကျွန်ုပ်ထံရောက်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

ဒုတိယဟဒီးစ်တော် - တမန်တော်မြတ်ကြီး (ဆွ) ထံတော်မှ ဆင့်ပြန်မှုလာ ရှိသည်၊ ကိုယ်တော်မြတ် (ဆွ) အနေဖြင့် ကဗဲရ် ကိုလည်း အီးဒ် လုပ်ခြင်းမှ တားမြစ် ပိတ်ပင်ထားတော်မူလေသည်။

ဤအမြင်အပေါ် ပြန်လည်သုံးသပ်ချက်

ဤအမြင်ပေါ် ပြန်လည်သုံးသပ်ချက် အချို့ လုပ်နိုင်သည်မှာ ထင်ရှား လှပါသည်။
ပထမဆုံး ပြန်လည်သုံးသပ်ချက် အနေဖြင့် သိထားရမည်မှာ အလ္လာဟ်ဟို အရှင်မြတ် ၏ တမန်တော်မြတ် (ဆွ) အတွက် မီးလာဒ် ကျင်းပခြင်း (မွေးနေ့ မင်္ဂလာ ကျင်း ပခြင်း) နှင့် အေဗာဒသ်တို့ အကြားကွာ ခြားမှု ရှိနေ သည်ဆိုသည့် အချက်ပင် ဖြစ်ပါသည်။အကြောင်းမှာ တစ်ဦးတစ် ယောက် အနေဖြင့် အေဗာဒသ် ပြုမည် ဆိုလျှင် မူလအခြေခံ ကျသည် အချက် ၃ခုမှ တစ်ခုခု မလွဲမသွေ ပါဝင်ဖို့ လိုအပ်ပါသည်။
ပထမအချက် - အူလူဟီးယသ် သေမအ်ဗူးဒ် ဆိုသည့်ယုံကြည်ချက် ရှိရမည်။(အေဗာဒသ်အပြုခံထိုက်သူ ရှိရမည်။)
ဒုတိယအချက် - ရဗူပီးယက်သေမအ်ဗူးဒ် ဆိုသည့်ယုံကြည်ချက် ရှိရမည်။ ( ဖန်ဆင်းရှင် သည် ပြုစုပျိုးထောင်စောင့်ရှောက်တော်မူသည့် အရှင် ဖြစ်ကြောင်းလက်ခံယုံကြည်ထားရမည်။)
တတိယအချက် - ပြုစုပျိုးထောင်စောင့်ရှောက်တော်မူသည့် အရှင်၏ လုပ်ရပ်များ ဟာ ဖန်ဆင်းရှင် ကိုယ်တိုင် လွဲအပ်ထားသည်ဆိုသည့် ယုံကြည် ချက် ရှိရမည်။ (ပြုစုပျိုးထောင်စောင့်ရှောက်တော်မူသည့် အရှင် နှင့် ဖန်ဆင်းရှင် ဟာတစ်ဦးတည်းဆိုတာ ကို သတိချပ်ဖို့ အရေးကြီးပါသည်။)
ဤနေရာ ၌တရားမျှတသည်မှာ - ပျော်ပွဲရွှင်ပွဲ ကျင်းပသူ မည်သူ တစ်ဦးတစ်ယောက်မျှ ဤ (အထက်ပါ)အတိုင်း ယုံကြည်ပြီး မကျင်းပကြ ပေ။ တနည်းအားဖြင့် ဖြစ်ရပ်မှန် ကိုပြောရမည်ဆိုလျှင် ဤလုပ်ရပ်ဖြင့် မဟာ တမန်တော်မြတ်ကြီး (ဆွ) ကိုမိမိတို့ အချစ်မေတ္တာ ထားကြကြောင်း ဖော် ထုတ် နေကြခြင်း ဖြစ်ပါသည်။ ဤအချစ်မေတ္တာ နှင့် မိုဝဒသ်ကိုထုတ် ဖော်ပြ ရန် ကျမ်းတော်မြတ် ကုရ်အာန်မှ အမိန့်ပေးထားပါ သည်။ ဤကဲ့သို့ မိန့် တော် မူ ထားပါသည်။

قل ان کان آبائکم وابنائکم واخوانکم وأزواجکم وعشیرتکم وأموال اقترفتموھا وتجارة تخشون کسادھا ومساکن ترضونھا أحبّ الیکم

من اللہ ورسوله وجھاد فیسبیله فتربصواحتٰی یأتی اللہ بأمرہ واللہ لا یھدی القوم الفاسقین

အဓိပ္ပာယ် - အို တမန်တော်မြတ်ကြီး (ဆွ) အသင်ပြောကြားပါလေ။အကယ်၍ အသင်တို့၏ဖခင်များ၊သားသမီးများ ၊ညီအစ်ကိုများ ၊ဇနီးများ ၊ ဆွေမျိုးများ ၊ ရှာဖွေစုဆောင်းလို့ ရထားသည့် ပစ္စည်းဥစ္စာများ ၊ အရှုံး ပေါ်မည်ကို စိုးရိမ် ရသည့် အရောင်း အဝယ်များ ၊မြတ်နိုးချစ်ခင်ရသည့် တိုက်တာအိမ်ယာများ သည် အသင်တို့ အမြင်တွင် အလ္လာဟ်ဟို အရှင်မြတ်သခင် ၊၎င်း၏တမန် တော်မြတ် (ဆွ) နှင့် မြတ်အလ္လာဟ် လမ်းစဉ်တွင် ဂျေဟဒ် ပြုခြင်း ထက် ပိုမိုပြီး နှစ်သက်ချစ်မြတ်နိုးမည် ဆိုလျှင် အလ္လာဟ် ဟို အရှင် မြတ် သခင်၏ အမိန့်တော်(ပြစ်ဒဏ်) ကျရောက်လာသည့် အချိန် ကို စောင့်ဆိုင်း ကြပါလေ။ အလ္လာဟ် ဟို အရှင်မြတ်သခင်သည် ဖွာစေခ် အုပ်စု ကို တရား လမ်းမှန် ပြ တော် မူမည် မဟုတ်ချေ။
ထိုနည်းတူစွာမဟာတမန်တော်မြတ်ကြီး (ဆွ) ကိုယ်တော်တိုင် ဤအမိန့် အ တွက် မိန့်တော်မူခဲ့ပါသည်။မိန့်တော်မူသည်မှာ -

لا یؤمن احدکم حتی اکون انا واھل بیتی احب الیه من نفسه

အဓိပ္ပာယ် - အသင်တို့ အနက်မှ မည်သူ တစ်ဦးတစ်ယောက် ပင် ဖြစ်စေ ကျွန်ုပ်နှင့် ကျွန်ုပ်၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို မိမိထက် ပို၍ မချစ်ခင် မမြတ်နိုး သ၍ အီမာန် သက်ဝင်ယုံကြည်သူ ဖြစ်မည် မဟုတ်ချေ။

ဒုတိယပြန်လည်သုံးသပ်ချက်သည်ကား - အေဗ်နေသိုင်မီယာ ကိုယ်တိုင် အဆို အရ အရာရာတိုင်း ၏ အစစ်မှာ မိုဘာ(مباح) ဖြစ်ပါသည်။သူအနေဖြင့် ပြောကြားလေ၏။ ((အစစ်အမှန် အားဖြင့် အကျင့်များနှင့် ဓလေ့များကို အလ္လာဟ်ဟို အရှင်မြတ်သခင်ဖက်မှ တားမြစ် ပိတ်ပင်ခြင်း မရှိခဲ့လျှင် လုပ်ပိုင် ခွင့်ရှိပေသည်။))
ဤအတွက်ကြောင့် ဝဟာဘီများ အနေဖြင့် အထောက်အထား သက်သေ အဖြစ် အကိုးအကားပြု သည့် ဟဒီးစ်တော်များသည် စနဒ် နှင့် သက်သေ အ ဖြစ် ပြသမှု သည် ရှုပ်ထွေးသွားလေပြီး။ ( မမှန်တော့ချေ။) ပြီးနောက် မွေးနေ့ များတွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းကိုလည်း တားမြစ်တော်မူထား ခြင်း မရှိချေ။

တတိယပြန်လည်သုံးသပ်ချက်သည်ကား - ကိုခွင့်ပြုထားသည့် ရီဝါယသ် တော် မလာရှိဟု သဘောထားပေး မည်ဆို လျှင်လည်း လုပ်ပိုင် ကြောင်း အခြား သက်သေ အထောက် အထား အတည်း အလင်းရှိ နေပါ သည်။ ထို အထောက် အထားသည်ကား အစ္စလာမ်၏ အခြေခံ အုတ်မြစ် များမှ တစ်ခု ဖြစ်သည့် ကိုယ်တော်မြတ် (ဆွ) နှင့် ကိုယ် တော်၏ မြတ် မနွယ်တော်(အ.စ) တို့အားအချစ်မေတ္တာထားခြင်း ၊မိုဝဒသ် ထားတော်မူခြင်း ဖြစ်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန်နှင့် စွန္နသ်တော် မှလည်း အခြေခံအကျတကာ အကျဆုံး အုတ်မြစ်အဖြစ် မိန့်ဆိုထား ပါသည်။ ဤ မွေးနေ့ များတွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း အစီအစဉ်များ သည် မိုဝဒသ် ကို ထော်ထုတ်နေသည့် နမူနာများ ဖြစ်ပါသည်။

စတုတ္တပြန်လည်သုံးသပ်ချက်သည်ကား - အေဗ်နေသိုင်မီယာ အနေဖြင့် အရာရာတိုင်းကို ဟလာလ် နှင့် ဟရာမ် သတ်မှတ်ရာတွင် စံမှတ်ကျောက် အဖြစ် အတိတ်က ပုဂ္ဂိုလ်များ၏လုပ်ရပ်ကို သတ်မှတ်ထားလေ၏။ အမှန်တရား အစစ်အမှန်မှာ ကျမ်းတော်မြတ်ကုရ်အာန် နှင့် စွန္နသ်တော်သည် စံမှတ် ကျောက် အဖြစ် သတ်မှတ်ရမည်လား ? အတိတ်က ပုဂ္ဂိုလ်များ ၏ လုပ်ရပ် ကို သတ်မှတ်ရမည်လား ? ဤထက်ပိုပြီး ကျွန်ုပ်တို့ အနေဖြင့် အတိတ်က ပုဂ္ဂိုလ် များသည် လည်းပဲ ခေတ် ကာလမျိုးစုံတွင် မွေးနေ့ များ တွင် ပျော်ပွဲ ရွှင်ပွဲ များ ကျင်းပခဲ့ကြပါသည်။

အိုလမာတို့၏ အဆိုအမိန့်များဆိုင်ရာ အချို့ နာမူနာ များ

ပဉ္စမ ပြန်လည်သုံးသပ်ချက်သည်ကား - မွတ်စလင်မ်များ ဘဝတွင် မွေးနေ့ များတွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းခဲ့ကြောင်း အိုလမာယေ အဲဟ်လေ့စွန္နသ် ၏ အဆို အမိန့်များ လာရှိပါသည်။ နမူနာ အားဖြင့် အဆိုအမိန့် ၂ ခုဖက်သို့ အရိပ်အမြွက်ပြဆိုပေးပါမည်။

ပထမနမူနာ - ကွတ်စ်သူလာနီ ( ကွယ်လွန် ၉၂၃ ဟီဂျရီ ) မိန့်ဆိုလေ၏ ။ မွတ်စလင်မ်များ အနေဖြင့် မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ မီးရှူး သန့်စင် ဖွားမြင်တော်မူသည့် လမြတ် တွင် ဂျရှ်န် ပြုလုပ် ကြပါသည်။ အကျွေး အမွေး များပြုလုပ်ကြပါသည်။ ...
အလ္လာဟ် ဟို အရှင်မြတ်သခင်၏ ရဲဟ်မသ်တော်များ အကြင်မည် သူမ ဆိုပေါ်သို့ ကျရောက်ပါစေ ။၎င်းသူတို့သည် မဟာတမန်တော်မြတ်ကြီး (ဆွ) မီးရှူး သန့်စင် ဖွားမြင်တော်မူသည့် လမြတ်တွင် အီးဒ်ပြုလုပ်ကြပါသည်။ ၎င်း သူတို့ သည်နှလုံးသားရောဂါသည် မည်သူ မဆို၏ အနာကို ပိုမိုစေသူများ ဖြစ်ပါသည်။ (ကိုယ်တော်မြတ် (ဆွ) အပေါ် သောကရှိသူများ၏သောက ကို ပိုစေသည်ဟု ဆိုလိုပါသည်။)

ဒုတိယနမူနာ - ဟစန်ဗင် မိုဟမ္မဒ် ၊ဒယာရေ ဗက္က်ရီ အဖြစ် ကျော်ကြားသူ ( ကွယ်လွန် ၉၆၆ ဟီဂျရီ ) မက္ကာဟ်ရွှေမြို့ ရှိ တရားသူကြီးများ မှ တစ်ဦး ဖြစ်သူ သည် မိမိ၏ သမိုင်းကျမ်းတွင်ရေးသား သီးကုံးပါသည်။
မွတ်စလင်မ်များ သည် မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ မီးရှူး သန့်စင် ဖွားမြင် တော်မူသည့် လမြတ် တွင် ဂျရှ်န် ပြုလုပ် ကြပါသည်။ အကျွေး အမွေး များ ပြုလုပ်ကြပါသည်။ ညများတွင် ဆဒ်ကာ အမျိုးမျိုး ပေးကမ်းကြ လေသည်။ ပျော်ရွှင် ကြည်နူးမှု ကို ဖော်ထုတ်ကြလေသည်။ မရှိဆင်းရဲသား များ ချို့ တဲ့သူများ အပေါ်ပေးကမ်းစွန့်ကျဲ ကောင်းမှု ပြုကြလေသည်။ ကစီဒါ များ ဖတ်ရွတ် သီဆိုကြလေသည်။ခေတ်တိုင်း ခေတ်တိုင်း တွင် ကိုယ်တော် မြတ် (ဆွ) ၏ ကရာမသ်တော်များ ထင်ရှား ခဲ့လေသည်။
ဤအချက်ကို ထောင့်ရှု့ ခြင်းအာူဖြင့် မွတ်စလင်မ် များ အနေဖြင့် ခေတ် အသီးသီး တွင် ဤလုပ်ရပ် (မီးလာဒ်ကျင်းပမှု ) အတွက် အေဂ်ျမာ ဖြစ်ခဲ့ ကြပြီး တညီ တညွတ်တည်း ရှိနေကြောင်း သိရှိရမည် ဖြစ်ပါသည်။

အေဗ်နေအဗ်ဗါဒ် ပြောကြားလေ၏။ ကျွန်တော်အတွက် ထင်ရှား ပြတ်သားပါ သည်။ မွတ်စလင်မ်များ ၏ အီးဒ်များမှ တစ်ခု မှာ မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ မီးရှူး သန့်စင် ဖွားမြင် တော်မူသည့်နေ့သည်လည်း ပါဝင်ပါ တယ်။ မည်သည့် အလုပ်မဆို ဂျရှ်န် အဖြစ် ဆောက်ရွက်လုပ် မိုဘာဖြစ် ပါ တယ်။ (ဆောင်ရွက်ခွင့်ရှိပါတယ်။)
ပထမဦး ဆုံး ဤကဲ့သို့သော်ဂျရှ်န်(မော်လွဒ်ပွဲ)များကိုအခြားသူများ ထက် ဦးစွာ ရှင်သန်အောင်ပြုခဲ့သူမှာအဘူစအီးဒ်အရ်ဒဗေလီဖြစ်ပြီး ဟီဂျရီ သက္ကရာဇ် ၆၃၀ ခုနှစ် ဖြစ်ပါသည်။
အချို့ မှာပြောကြားလေသည်။ ပထမဦး ဆုံး ဂျရှ်န်(မော်လွဒ်ပွဲ)များ ကိုကိုင်ရိုမြို့ တွင် ခိုလာဖာဖွာတွေမီ များမှ ((အလ်မိုအ်ဂျစ်ဇ်လေဒီးနွလ္လာဟ်))မှ သက္ကရာဇ် ၃၆၁ ခုနှစ်ရှောင်ဝါ လတွင် စတင်ကျင်းပခဲ့ပါသည်။
အနည်းငယ် သည်းခံပြီး လေ့လာမည်ဆိုလျှင် ကျမ်းတော်မြတ် ကုရ်အာန် ကိုယ်တိုင်အစ္စလာမ့် တမန်တော်မြတ်ကြီး(ဆွ)အား အရိုအသေအ လေးမြတ်ထားရန် အမိန့်ပေး ထားပါသည်။ ထိုကဲ့သို့မိန့်ထားပါသည်။

فالذین آمنوابه و عزّروہ و نصروہ و اتّبعوا النور الذی اُنزل معه اُولٰئک ھم المفلحون
အဓိပ္ပာယ် - ပြီးနောက် အကြင်သူတို့သည်ထိုသူ (တမန်တော်မြတ်(ဆွ) ) အပေါ် သက်ဝင်ယုံကြည်ခဲ့ ပါသည်။ကိုယ်တော်အားအရို အသေအလေး အမြတ် ပြုခဲ့ကြပါ သည်။ ကိုယ်တော်အား ကူညီရိုင်းပင်းခဲ့ကြပါ သည်။ ကိုယ် တော်မြတ်(ဆွ) နှင့် အတူ ကြရောက်လာသည့် နူးရ် ရောင်ခြည် ၏ နောက်လည်း လိုက်နာခဲ့ကြပါသည်။ အမှန်တကယ် ထို ပုဂ္ဂိုလ်များသာ အောင်မြင် သူများ ဖြစ်ကြပါသည်။
ဤအတွက်ကြောင့် ဂျရှ်န်များ ကို စီစဉ်ကျင်းပ ခြင်းသည် ကျမ်းတော် မြတ်ကုရ်အန်၏ အမိန့် ကို လက်တွေ့လက်နာခြင်းဖြစ်ပြီး မဟာ တမန်တော် မြတ်ကြီးဟဇရသ် မိုဟမ္မဒ် (ဆွ) အား အရိုအသေ အလေး အမြတ်ပြုရာ ရောက်ပါ သည်။

--------------

251 / End