အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
စနေနေ့

၂၃ မေ ၂၀၁၅

၁၉:၁၃:၀၂
691653

ဘရွန်ဒီနိုင်ငံတွင် ဗုံး ၃ လုံး ပေါက်ကွဲ

ဘရွန်ဒီနိုင်ငံ မြို့တော် ဘူဂျမ်ဘူရာမှာ မေ ၂၂ ရက်နေ့က ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၂ ဦး သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရသွားပါတယ်။ဗုံးသုံးလုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့တယ်လို့ မျက်မြင်တွေနဲ့ ဒဏ်ရာရသူတွေက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန၊အဗ်နာ

ဘရွန်ဒီနိုင်ငံ မြို့တော် ဘူဂျမ်ဘူရာမှာ မေ ၂၂ ရက်နေ့က ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၂ ဦး သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရသွားပါတယ်။

 

ဗုံးသုံးလုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့တယ်လို့ မျက်မြင်တွေနဲ့ ဒဏ်ရာရသူတွေက ပြောပါတယ်။

 

မေ ၂၂ ရက်နေ့ မနက်စအစောပိုင်းက ရဲတွေကို ကျောက်တုံးတွေနဲ့ ပေါက်၊ မီးရှို့ထားတဲ့ တာရာတွေနဲ့ တိုက်ခိုက်နေတဲ့ ဆန္ဒပြသမားတွေကို ရဲအဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ရပါတယ်။ အခု ထိပ်တိုက်တွေ့မှုဟာ သုံးပတ်ကြာ မငြိမ်သက်မှုတွေရဲ့ နေက်ဆက်တွဲ တခုဖြစ်ပါတယ်။

 

ဆေးရုံရောက်လာတဲ့ လူနာ ၃၀ ထဲမှာ ၁၅ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

 

ဘရွန်ဒီ သမ္မတက တတိယသက်တမ်းအတွက် ရွေးကောက်ပွဲဝင်ဖို့ အရင်လက ကြေညာခဲ့ပြီးနောက် ဆန့်ကျင်ဆန္ဒပြပွဲတွေသာမက၊ မအောင်မြင်တဲ့ စစ်တပ် အာဏာသိမ်းမှုတခု ပေါ်ပေါက်ခဲ့ပါတယ်။

 

အကြမ်းဖက်မှုတွေ ပိုဆိုးလာမှာကို စိုးရိမ်တဲ့ ပြည်သူတွေကလည်း အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တန်ဇန်နီးယား၊ ရ၀မ်ဒါ၊ ယူဂန်ဒါ၊ ဒီမိုကရက်တစ် ကွန်ဂို နိုင်ငံတွေဆိကို ထွက်ပြေးခိုလှုံသွားကြပါတယ်။

 

အတိုက်အခံတွေက သမ္မတဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ၂၀၀၅ ငြိမ်းချမ်းရေး သဘောတူညီချက်မှာပြဋ္ဌာန်းထားတဲ့ သမ္မတသက်တမ်း စည်းကမ်းကို ချိုးဖောက်တယ်လို့ စွပ်စွဲနေကြပါတယ်။

 

 

ဘရွန်ဒီနိုင်ငံမှာ အရင်က လူများစု ဟူတူနဲ့ လူနည်းစု တူစီတို့ကြား လူမျိုးရေး ပဋိပက္ခတွေ ရှိခဲ့ဖူးတာကြောင့် အခု နိုင်ငံရေး အကျပ်အတည်းကို အကြောင်းပြုပြီး အခြေအနေတွေ ပိုဆိုးမှာကို ဒေသတွင်း နိုင်ငံတွေက စိုးရိမ်ပူပန်နေပါတယ်။

++++++++++++++++

251 / End