အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
တနင်္လာနေ့

၂၅ မေ ၂၀၁၅

၁၉:၀၁:၄၁
691994

(၃၂)ကြိမ်မြောက် ကျမ်းတော်မြတ်ကုရ်အာန် ပြိုင်ပွဲဝင်များနှင့် ရဲဟ်ဗရ် အင်ကေလာဗ် တွေ့ဆုံ မိန့်ခွန်း ပြော

ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ်အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်သ် အလီခါအေနာအီ မှ မိန့်ကြားခဲ့ပါတယ်။ အစ္စလာမ့်ကမ္ဘာနှင့်ဆန်ကျင့်ပြီး စီစဉ်နေကြတဲ့ အစီအစဉ်များ နှင့်ပတ်သက်ပြီး မွတ်စလင်မ် များ အနေဖြင့် သတိ၊ဂရုအပြည့်အဝ နှင့် နေနေဖို့ လိုအပ်ကြောင်း ၊အစ္စလာမ့် ရန်သူများ အရှေ့ တွင် မားမားမတ်မတ်ရပ်တည် နေနိုင်ပြရမည် ဖြစ်ကြောင်းမိန့်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ်အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်သ် အလီခါအေနာအနေဖြင့် စနေနေ့တွင်ကျရောက်ခဲ့သည့် ကရ်ဗလာ၏ စစ်သူကြီး သူရဲကောင်း ဟဇရသ် အဘာစ် (အ.စ) ၏မွေးနေ့ အချိန်အခါ တွင် တီဟီရန် မြို့ တွင် ကျင်းပသည့် ( ၃၂)ကြိမ်မြောက် ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲဝင်များနှင့်ရင်းနှီး ဖော်ရွေ စွာ တွေ့ဆုံခဲ့ပါတယ်။
ပြီးနောက်အာယာသွလ္လာဟ်ကြီးအနေဖြင့် မိန့်ခွန်းမိန့်ကြားခဲ့ပါတယ်။ကျနော်ယနေ့ ဝမ်းနည်းစွာဖြင့်ပဲ ပြောကြား လိုပါတယ် ။
အစ္စလာမ့်ကမ္ဘာဟာ ဂျာဟေ(ပညာမဲ့)ဆန်သည့်စနစ်များ၏ ဖိအားကြောင့် ပြည်တွင်းစစ်များ ၊ အချင်းချင်း စစ်ပွဲများဆင်နွဲပြီးအလုပ်များနေကြပါတယ်။ ဒီလုပ်ရပ်တွေဟာ အစ္စလာမ့်ကမ္ဘာကို အထီး ကျန်စေပြီး အားနည်းအားပျော့စေတဲ့ အကြောင်း ကိုဖန်တီးနေပါတယ်။
ဒီပြဿနာကနေလွတ်မြောက်ဖို့ တစ်လမ်းတည်း ရှိပါတယ်။ အဲဒီလမ်းကတော့ ကျမ်းတော်မြတ် ကုရ်အာန် ၏မိန့်ကြားချက်တွေကို သဘောတူလက်ခံဖို့ နှင့်ခိုင်မာ သည့် ဆုံးဖြတ်ချက်နှင့် အတူ ကျမ်းတော်မြတ် ကုရ်အာန်၏ ကြီးကျယ်မြင့်မြတ်သည့် ရည်ရွယ်ချက်များ ကို လျှောက်လှမ်းပြမှ ဖြစ်ပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ်အနေဖြင့်ဆက်လက်ပြီးမိန့်ကြားပါတယ်။ မည်သူမဆို ကျမ်းတော်မြတ်ကုရ်အာန် ၏ ကြီးကျယ်မြင့်မြတ် သည့် ရည်ရွယ်ချက်များဖက်သို့ ခြေတစ်လှမ်း ၊လှမ်းတိုင်းအလ္လာဟ် ဟို အရှင် မြတ် သခင်သည် ၎င်းကို အင်အားခွန်အား နှစ်ဆ ချီးမြှင့်ပေးသနားတော်မူမည် ဖြစ်ပါတယ်။
ဒီကိစ္စကိုအီရန် လူမျိုး မွတ်စလင်မ်များ အနေဖြင့် လက်တွေ့ ကျင့်သုံး အဖြေရခဲ့ပြီး ဖြစ်ပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ်အနေဖြင့်ထပ်ပြီးမိန့်ကြားပါတယ်။
စူပါအင်အားများ ၏ရှေ့ မှောက်တွင် အီရန်လူမျိုးများ၏ မားမားမတ်မတ် ရပ်တည်နေပြသည့် အတွေ့ အကြုံများကို အစ္စလာမ့်ကမ္ဘာ၏ အခက်အခဲ ပြဿနာများကိုဖြေရှင်းပေး နိုင်မည့်နည်းလမ်း တစ်ခု အဖြစ်မိန့်ကြားပြီး မွတ်စလင်မ်များ အချင်းချင်း ပြဿနာတက်အောင် ၊ စည်းလုံးရေး ပြိုကွဲအောင် လုပ်နေခြင်းဟာ ယနေ့ အစ္စလာမ့်ရန်သူများ၏ အရေးအကြီးဆုံး ရည်မှန်းချက်တစ်ခုဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဒါကြောင့် ကျနော်တို့အားလုံးကို သတိမှု ဂရုပြုနေဖို့ လိုအပ်ပါတယ်။ မွတ်စလင်များအနေဖြင့် အချင်းချင်း စည်းလုံးရေး ပြိုကွဲမှု ပြဿနာတက်မှုတွင်သာနစ်နေပြီး အစ္စလာမ်ရန်သူများ အနေဖြင့် ကုရ်အာန် အပေါ် ကျင့်သုံးသွားခြင်းမျိုးဖြစ်နေတာမျိုး ဖြစ်မနေဖို့လိုပါတယ်။ (အစ္စလာမ် ရန်သူများ အချင်းချင်း သွေးစည်းကြကြောင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ဟုတ်လည်းဟုတ်ပါတယ် မွတ်စလင်မ် အချင်းချင်း ရှီအာ၊စွန်နီ ၊ဒရ်ကာစသည်ဖြင့် ပြဿနာ တက်နေလျက်ရှိနေပါတယ်။)
အာယာသွလ္လာဟ်ကြီးမှဆက်လက်ပြီးအလေးပေးမိန့်ကြားခဲ့ပါတယ်။ မည်သည့် အသံမဆို စည်းလုံးမှု ကို ပြိုကွဲစေပြီး သွေးစည်းမှုကိုပျက်စေတဲ့အသံမှန်သမျှဟာ ရန်သူရဲ့အသံ ဖြစ်ပါတယ်။
ရှီအာ၊စွန်နီ၊ အရပ်လူမျိုးနဲ့အရပ်မဟုတ်တဲ့လူမျိုး၊အခြားလူမျိုးစုများတွင် မျိုးနွယ်ကိုအခြေခံ၍ဖြစ်စေ ဘာသာစကားကိုအခြေခံ၍ဖြစ်စေ ဖက်လိုက်၊အယူသည်းမှုများကိုထည့်သွင်း၍ ပြဿနာရှာခြင်းဟာ မကောင်းမှုကိုလိုလားတဲ့သူများ (အစ္စလာမ့်ရန်သူများ) ၏ အကြီးမားဆုံး ကြံစည်မှု ဖြစ်ပါတယ်။
ဤအကြံအစည်ကို (ဗဆီရသ်)(ခ)တိုးဖောက်သိမြင်သည့်ဥာဏ် ၊ခိုင်မာ သည့် ဆုံးဖြတ်ချက် တို့ဖြင့် တော်လှန် နိုင်ရန် အရေးကြီးပါတယ်။
ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ်အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်သ် အလီခါ အေနာ အနေဖြင့် ရှေ့ ဆက်ပြီး အစ္စလာမ့်နိုးကြားမှု ၏တိုးတက်မှု အခန်းကဏ္ဍတွင် အိုလမာ ၊ ပညာရှင်များ ၊သာသနာ့ ကျောင်းသူ၊ကျောင်းသားများ ၊ စာရေးဆရာများ နှင့်ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာ ကာရီတော်များ ၊ ဟာဖေဇ်များ၏ ထမ်းဆောင်ရမည့် သမိုင်းပေးတာဝန် များနှင့်ပတ်သက်ပြီး မိန့်ကြားပါတယ်။
ပြည်သူလူထု အား ကျမ်းတော်မြတ်ကုရ်အာန်မှ သတင်းကောင်းပေးထားသည့် လမ်းဖက်သို့ ဖိတ်ခေါ် ၊ မျှော်လင့်ချက်ပေးဖို့ လည်း မိန့်မှာခဲ့ပါတယ်။
အာယာသွလ္လာဟ်ကြီးအနေဖြင့် အစ္စလာမ့်နိုးကြားမှု ဟာဖျက်စီးလို့မရသည့် အမှန်တရား တစ်ခု ဖြစ်ရပ်မှန်တစ်ခု ဖြစ်ကြောင်း ၊ ၎င်း၏ အကျိုးအာနိသင်မှာ ဆက်တိုက် တိုးပွားနေကြောင်း မိန့်ကြား ခဲ့ပါတယ်။
++++++++++
251 / End