အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
တနင်္ဂနွေနေ့

၂၁ ဇွန် ၂၀၁၅

၀၆:၄၆:၃၀
696462

လမြတ် ရမ်ဇာန် ၊ ရိုဇာ ဥပုသ်သတင်း နှင့်ပတ်သက်သည့် ဟဒီးစ်တော် အချို့

လမြတ် ရမ်ဇာန် ၊ ရိုဇာ ဥပုသ်သတင်း နှင့်ပတ်သက်သည့် ဟဒီးစ်တော် အချို့ အား အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

လမြတ် ရမ်ဇာန် ၊ ရိုဇာ ဥပုသ်သတင်း နှင့်ပတ်သက်သည့် ဟဒီးစ်တော် အချို့

قال رسول الله  صلی الله علیه و آله  : إنّما سمّی الرّمضان لإنه یرمض الذّنوب
မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ ) မိန့်ကြားတော်မူသည်။
((ရမ်ဇာန် လမြတ်အား ဂိုနာဟ်အပြစ်ငရဲ များကိုလောင်ကျွမ်းစေသည့် အတွက်ကြောင့် ရမ်ဇာန် ဟုအမည် ပေးထားခြင်း ဖြစ်ပါ သည်။ ))
လေ့လာရန် - ကန်ဇွလ်အအ်မါလ် ကျမ်း ဟဒီးစ်တော် အမှတ် ၂၃၆၈၈
+++++++++++++++++++++++++++++
قال رسول الله  صلی الله علیه و آله : إنّ أبواب السماء یفتح فی أوّل لیلة من شهر رمضان ولا تغلق إلی آخر لیلة منه .
မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ ) မိန့်ကြားတော်မူသည်။
((ဧကန်အမှန် ရမ်ဇာန်လမြတ်၏ ပထမဆုံး ည တွင် ကောင်းကင်တံခါးကို (အလ္လာဟ် ဟို အရှင်မြတ် သခင်)  ဖွင့်ဟပေးတော် မူပါသည်။ နောက်ဆုံး လမြတ်ရမ်ဇာန်၏ ည တိုင်အောင် ပိတ်တော် မူမထားချေ။ ))
လေ့လာရန် - ဗေဟာရ် ကျမ်း အတွဲ ၉၆
+++++++++++++++++++++++++++++
قال رسول الله  صلی الله علیه و آله :لو یعلم العبد مافی رمضان   لو دّ أن یکون رمضان السنّه .
မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ ) မိန့်ကြားတော်မူသည်။
((အကယ်၍ မနုဿ လူသားသည် လမြတ် ရမ်ဇာန်၏ တန်ဖိုး ( အကျိုး အမြတ် ) ကိုသိသွားမည်ဆိုလျှင် တစ်နှစ်ပတ်လုံး လမြတ် ရမ်ဇာန် ဖြစ်ဖို့  ဆန္ဒပြုကြပေလိမ့်မည်။))
လေ့လာရန် - ဗေဟာရ် ကျမ်း အတွဲ ၉၆
+++++++++++++++++++++++++++++
قال رسول الله  صلی الله علیه و آله  : لکلّ شئ زکاة الأبدان الصّیام .
မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ ) မိန့်ကြားတော်မူသည်။
((အရာရာတိုင်း အတွက် ဇကာသ် ရှိပါသည်။ ကိုယ်ခန္ဓာများ အတွက် ဇကာသ် မှာ ရိုဇာ ဥပုသ်သတင်း ဆောက်တည် ခြင်း ဖြစ်ပါသည်။ ))
လေ့လာရန် -  မွန်သခဗ် မီဇန် နိုလ်ဟေက်မသ် ကျမ်း
+++++++++++++++++++++++++++++
قال رسول الله  صلی الله علیه و آله  : صوموا تصحّوا .

မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ ) မိန့်ကြားတော်မူသည်။
((ရိုဇာ ဥပုသ်သတင်း ဆောက်တည်ကြပါလေ။ ထိုမှသာ လျှင် ကျန်းကျန်းမာမာ ရှိပေမည်။))
လေ့လာရန် - အဒ်ဒအ်ဝါသ် ကျမ်း
+++++++++++++++++++++++++++++
قال رسول الله  صلی الله علیه و آله : الصّوم جنّة من النّار .
မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ ) မိန့်ကြားတော်မူသည်။
((ရိုဇာ ဥပုသ်သတင်းသည် ဂျဟန္နမ်ငရဲမီးကို ကာကွယ်ပေးမည့် ဒိုင် ဖြစ်ပါသည်။))
လေ့လာရန် - ကာဖီးကျမ်း
+++++++++++++++++++++++++++++
الإمام الصّادق (علیه السّلام ) : نوم الصائم  عبادة وصمته تسبیح ، عمله متقبّل و دعاؤه مستجاب .
အေမာမ် ဂျအ်ဖရ် ဆွာဒစ်က်  (အ.စ ) မိန့်ကြားတော်မူသည်။
((ရိုဇာ ဥပုသ်သတင်း တည်ဆောက်သူ၏ အိပ်စက်ခြင်းသည် အေဗါဒသ်မည်၏ ၊ ၎င်း၏ တိတ်ဆိတ်နေမှုသည် သက်စ်ဖီး ဖတ်ရွတ် ခြင်းဖြစ်ပေသည် ၊၎င်း၏ ကောင်းမူကုသိုလ်များ ကို (မြတ်အလ္လာဟ်)  သဘောတူ လက်ခံ တော်မူလေ၏ ၊၎င်း၏ ဒိုအာ ကို (မြတ်အလ္လာဟ်)   ဖြည့်စီးပေး တော်မူ လေ၏ ။))
လေ့လာရန် - အလ်ဖကီးယေ ကျမ်း
+++++++++++++++++++++++++++++
الإمام الصّادق (علیه السّلام ) : من فطّرصائما فله مثل أجره .
အေမာမ် ဂျအ်ဖရ် ဆွာဒစ်က်  (အ.စ ) မိန့်ကြားတော်မူသည်။
((အကြင်မည်သူ မဆို ရိုဇာ ဥပုသ်သတင်း တည်ဆောက်သူ အား အေဖ်သာရီ ပြုပေးမည်ဆိုလျှင် ရိုဇာ ဥပုသ်သတင်း တည်ဆောက်သူ နှင့် အညီ အကျိုး စဝါးဗ် ရရှိမည် ဖြစ်ပါသည်။ ))
လေ့လာရန် - ကာဖီးကျမ်း
+++++++++++++++++++++++++++
မူပိုင် - ABNA MYANMAR