အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
ဗုဒ္ဓဟူးနေ့

၂၄ ဇွန် ၂၀၁၅

၁၉:၂၂:၄၆
697153

ဦးသန်းရွှေ ကိုကျေးဇူးတင် ကြောင်းနဲ့ လက်ရှိ အစိုးရ ဆက် အုပ်ချုပ်စေ လိုကြောင်း ဟောတဲ့ မ.ဘ.သ ဦးဆောင် ဆရာတော် ၂ ပါး (အသံဖိုင

အမျိုးဘာသာ သာသာစောင့်ရှောက်ရေးအဖွဲ့ မ.ဘ.သ ရဲ့ ၂ နှစ်ပြည့် ညီလာခံနောက်ဆုံးနေ့မှာ သြ၀ါဒစကားပြောကြားတဲ့ ဆရာတော် ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ နဲ့ မ.ဘ.သ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူတို့က လက်ရှိအစိုးရကိုသာ ဆက်လက်အုပ်ချုပ်စေလိုတာဟာ မိမိတို့ ရဲ့ ပုဂ္ဂလိက ဆန္ဒဖြစ်တယ်လို့ အသီးသီးပြောကြားခဲ့ကြပါတယ်။အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ရဲ့ ၂ နှစ်ပြည့် နှစ်ပတ်လည်ညီလာခံကို ရန်ကုန်တိုင်း အင်းစိန်မြို့ နယ် အောင်ဆန်းတောရတပ်ဦးကျောင်းမှာ ဇွန်လ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တို့မှာကျင်းပခဲ့တာဖြစ်ပါတယ်။မည်သည့်ပါတီတစ်ခုခုရဲ့လက်အောက်ခံမျှမဟုတ်ဘူးလို့ကြေညာထားတဲ့ မ.ဘ.သ အဖွဲ့ရဲ့ ဦးဆောင်ဆရာတော် ၂ ပါးက လက်ရှိအစိုးရအဖွဲ့ ကိုဆက်လက်အုပ်ချုပ်စေလိုကြောင်း ပေါ်ပေါ်တင်တင်ပြောကြားချက်အသံဖိုင်ကို အောက်ပါအတိုင်းဆက်လက်နားဆင်နိင်ပါတယ်။


ဦးသန်းရွှေကိုကျေးဇူးတင်ကြောင်းနဲ့ လက်ရှိအစိုးရ ဆက်အုပ်ချုပ်စေလိုကြောင်းဟောတဲ့ မ.ဘ.သ ဦးဆောင်ဆရာတော် ၂ ပါး(အသံဖိုင်)

ဟိန်းအောင်
Myanmar Muslim Media
ဇွန် ၂၄ ၊ ၂၀၁၅

အမျိုးဘာသာ သာသာစောင့်ရှောက်ရေးအဖွဲ့ မ.ဘ.သ ရဲ့ ၂ နှစ်ပြည့် ညီလာခံနောက်ဆုံးနေ့မှာ သြ၀ါဒစကားပြောကြားတဲ့ ဆရာတော် ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ နဲ့ မ.ဘ.သ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူတို့က
 လက်ရှိအစိုးရကိုသာ ဆက်လက်အုပ်ချုပ်စေလိုတာဟာ မိမိတို့ ရဲ့ ပုဂ္ဂလိက ဆန္ဒဖြစ်တယ်လို့ အသီးသီးပြောကြားခဲ့ကြပါတယ်။အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ရဲ့ ၂ နှစ်ပြည့် နှစ်ပတ်လည်ညီလာခံကို ရန်ကုန်တိုင်း အင်းစိန်မြို့ နယ် အောင်ဆန်းတောရတပ်ဦးကျောင်းမှာ ဇွန်လ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တို့မှာကျင်းပခဲ့တာဖြစ်ပါတယ်။မည်သည့်ပါတီတစ်ခုခုရဲ့လက်အောက်ခံမျှမဟုတ်ဘူးလို့ကြေညာထားတဲ့ မ.ဘ.သ အဖွဲ့ရဲ့ ဦးဆောင်ဆရာတော် ၂ ပါးက လက်ရှိအစိုးရအဖွဲ့ ကိုဆက်လက်အုပ်ချုပ်စေလိုကြောင်း ပေါ်ပေါ်တင်တင်ပြောကြားချက်အသံဖိုင်ကို အောက်ပါအတိုင်းဆက်လက်နားဆင်နိင်ပါတယ်။

 အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မ.ဘ.သ ရဲ့ အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တ၀ိမလဗုဒ္ဓိရဲ့ ပြောကြားချက်(အနှစ်ချုပ်ကောက်နှုတ်မှု)

 ...ဟိုပါတီ ဒီပါတီတွေ မကြည့်နဲ့ တပည့်တော်ရဲ့တစ်ဦးတည်းသောဆန္ဒ မ.ဘ.သ ရဲ့ဆန္ဒတော့ မပြောလိုဘူး လက်ရှိအစိုးရကို နောက်တကျော့ တပည့်တော်ရှိစေချင်တယ် ဘာဖြစ်လို့ ရှိစေချင်လဲ နုနုထွတ်ထွတ်လေးရထားတဲ့ တပည့်တော်တို့ ဒီမိုကရေစီ မပျက်စီးသွားစေချင်လို့ ဟာ ဘာဆိုင်လဲ သေချာတွေးရင် ဆိုင်တယ်ဗျာ ပါတီတစ်ခုကနေပြီးတော့ မဲတွေအများကြီးရပြီးတော့ အစိုးရဖွဲ့တယ်ဆိုပါတော့ လက်ရှိအစိုးရက ဘာဖြစ်သွားမလဲ လက်ရှိအစိုးရအဖွဲ့ကဘာဖြစ်သွားမလဲ အတိုက်အခံဖြစ်သွားမယ် သဘောပေါက်တယ်နော် အဲ့ဒီအတိုက်အခံဖြစ်မဲ့အဖွဲ့နောက်မှာ ဘာတွေရှိလဲ တပ်မတော်ရှိတယ် သိလား ဘာရှိတယ် တပ်မတော်ရှိတယ်။....

 ...အခုပြောရမယ်ဆို ကျေးဇူးတင်ရမဲ့ ရှာကြံပြီးတော့ ကျေးဇူးတင်တယ်လို့ပဲမြင်မြင် အကောင်းမြင်တဲ့ဝါဒအနေနဲ့တော့ ကျေးဇူးတင်ရမှာပဲ ဦးသန်းရွှေကြီးက မြန်မာပြည်ကြီးကို ဒီမိုကရေစီလမ်းကြောင်းပေါ်ဘာလုပ်ပေးလိုက်လဲ (တင်ပေးလိုက်တယ်) သူမတင်ရင်ရမလား မရဘူး အခုသူဘာလုပ်ပေးလဲ တင်ထားပေးတယ်။....

 ....ဒါကြောင့် တပည့်တော်တို့ ပြည်သူပြည်သားတွေအနေနဲ့ သေသေချာချာတွေးပြီးတော့ ရွေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ တကယ်တမ်းတပည့်တော်နဲ့ ရင်းနှီးတယ်ဆိုရင်တော့ နားရွက်ဆွဲ ပါးဆွဲပြီးတော့ကို ဒီပုံးထဲမှာထည့်လို့ အဲ့လောက်တောင်ပြောပစ်ချင်တာ။....

မ.ဘ.သ ဦးဆောင်ဆရာတော် ၀ီရသူရဲ့ ပြောကြားချက်(အနှစ်ချုပ်ကောက်နှုတ်မှု)

“ဦးဇင်းသဘောထားအရပြောမယ်ဆိုရင် အခုအစိုးရသွားနေတဲ့လမ်းကြောင်းဟာ အကောင်းဆုံးလမ်းကြောင်းပါပဲ။နှေးရင်နှေးမယ် မကြန့်ကြာဘူး။နောက်ပြန်မလှည့်ဘူး။တခြားတခြားသောအဖွဲ့အစည်းတွေက လောဘ အင်မတန်ကြီးတယ်။နိင်ငံရေးလောဘပေါ့။သူတို့သွားနေတဲ့လမ်းကြောင်းက အန္တရယ်ကြီးတယ် ရှေ့ရောက်ဖို့နေနေသာသာ နောက်ကိုတောင်ပြန်ရောက်သွားနိင်တယ်၊အဲဒါဦးဇင်းဦးဝီရသူရဲ့ အမြင်ပါ”

ဆက်စပ်သတင်းဖတ်ရှုရန်လင့် https://www.facebook.com/MyanmarMuslimMedia2/posts/996736660366798
 -----------------------------------------------------------------------------------

 Myanmar Muslim Media ရဲ့ Facebook Link https://www.facebook.com/MyanmarMuslimMedia2