အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
ကြာသပတေးနေ့

၂ ဇူလိုင် ၂၀၁၅

၁၈:၃၄:၃၉
698606

တူနီးရှား တိုက်ခိုက်ခံရမှု သေဆုံးဗြိတိန်နိုင်ငံသား ၈ ဦးအလောင်း ပြန်ပို့

အရင်တပတ် ဇွန် ၂၆ ရက်နေ့က တူနီးရှားနိုင်ငံ ကမ်းခြေဟိုတယ်တလုံး တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားတဲ့ ဗြိတိန်နိုင်ငံသား ၈ ဦးရဲ့ အလောင်းကို အနောက်လန်ဒန်မှာရှိတဲ့ ရေခဲတိုက်ကို ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းမှာ ပို့ထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အရင်တပတ် ဇွန် ၂၆ ရက်နေ့က တူနီးရှားနိုင်ငံ ကမ်းခြေဟိုတယ်တလုံး တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားတဲ့ ဗြိတိန်နိုင်ငံသား ၈ ဦးရဲ့ အလောင်းကို အနောက်လန်ဒန်မှာရှိတဲ့ ရေခဲတိုက်ကို ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းမှာ ပို့ထားပါတယ်။

တူနီးရှား ကျန်းမာရေးဝန်ကြီးဌာန အဆိုအရ သေဆုံးသွားသူတွေထဲမှာ ဗြိတိန်နိုင်ငံသား  အယောက် ၃၀ နဲ့ တခြား နိုင်ငံခြားသား ၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ဆူဇီမြို့ကမ်းခြေမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ခေတ်သစ် တူနီးရှားသမိုင်းမှာ အဆိုးရွားဆုံးဖြစ်သလို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုလည်း ထိုးနှက်ချက် ဖြစ်ပါတယ်။

တူနီးရှားမှာ လွန်ခဲ့တဲ့ ၄ နှစ်က အာဏာရှင် ဘင်အာလီကို ဖြုတ်ချခဲ့ပြီးကတည်းက အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အန္တရာယ်နဲ့ ကြုံနေရတာပါ။

အရင်တပတ်က တိုက်ခိုက်မှု ဖြစ်ခဲ့ပေမယ့် ဆူဇီမြို့ကမ်းခြေမှာ အလည်အပတ် သွားသူတချို့ ဇူလိုင် ၁ ရက်နေ့က ပြန်ရောက်နေပါတယ်။

ဒါပေမ့ယ် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကမ္ဘာလှည့်ခရီးသည် ထောင်နဲ့ချီပြီး တူနီးရှားကနေ ပြန်ထွက်ခွာသွားကြတဲ့အတွက် အရေအတွက်ကတော့ အတော်နည်းပါးသွားပါတယ်။

အာဏာပိုင်တွေဘက်ကလည်း ကမ္ဘာလှည့်ခရီးသွားတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် နိုင်ငံခြားသားတွေ အလည်အပတ်များတဲ့ နေရာတွေမှာ ရဲအင်အားတွေကို တိုးမြှင့်ချထားပြီး ဖြစ်ပါတယ်။
================================
251 / End