အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
ကြာသပတေးနေ့

၂ ဇူလိုင် ၂၀၁၅

၁၉:၀၀:၂၄
698612

အေမာမ် ဟစန် (အ.စ) သခင်ကြီး အကြောင်းတစေ့တစောင်း

ယနေ့ သည် အေမာမ် ဟစန် (အ.စ) သခင်ကြီး ၏ ဝေလာဒသ် ဖွားမြင်တော်မူသည့်နေ့ ရမ်တွာန်လမြတ် (၁၅ ) ရက် ညဖြစ်ပါတယ်။ ဤအတွက်ကြောင့် အေမာမ် (အ.စ) အောကာင်း အနည်းငယ် တင်ပြအပ်အါတယ်။

အမည် - ဟစန် (အ.စ)

 

ထင်ရှားသည်ဂုဏ်တော်များ - မွဂ်ျသဗာ၊စေဗ်သေအက္ကဘရ် ၊ကရီးမ်မေအဟ်လေ့ဘိုက်

 

ကွန်နီယတ် - အဗူမိုဟမ္မဒ်

 

ခမည်းတော် - အေမာမ် အလီ အစ်ဗ်နေအဘီသွာလစ်ဗ်(အ.စ)

 

မယ်တော် -  ဟဇရတ်ဖွာသေမာဗင်သေရစူလ်(အ.စ)

 

ဖွားမြင်တော်မူသည်ကာလ - ရမ်တွာန် (၁၅) ရက် ၊ ဟီဂျရီ၃ ခုနှစ်

 

ဖွားမြင်တော်မူသည်နေရာ - မဒီနာရွှေမြို့တော်

 

ရှဟာဒတ်ခံယူသည်နေ့နှင့်နှစ်  -  ဆဖရ်လ ၂၈ ရက်နေ့ ဟီဂျရီ ၅၀ ခုနှစ်

 

ရှဟီးဒ်လုပ်ရာ၌သုံးခဲ့သည်လက်နက် -  အဆိပ်အတောက်

 

ရက်ရက်စက်စက်လုပ်ကြံခံသူ - မိုအာဝေယာ(လ.န)၏လမ်းညွန်မှုဖြင့်ဂျိုအ်သာဗင်

သေအရှ်အသ်(လ.န)

 

ရောင်ဇာ - ဂျန္နတ်သိုလ်ဗကီး ၊ မဒီနာရွှေမြို့တော်(သို့သော်)ဝမ်းနည်းလေစွာ၊တယူသန်

ဝဟာဘီများ(လ.န)တို့ကြောင့်ရောင်ဇာမရှိဘဲကဗရ်အဖြစ်သာရှိနေပါသည်။

 

သက်တော် - ၄၇ နှစ်

 

အဖိုးမဖြတ်နိုင်သည် ကိုယ်တော်(အ.စ)၏ဟဒီးစ်တော်များမှ - ၅ ခု

 

၁။ အကြင်သူတစ်ဦးတစ်ယောက်သည်အေမာမ်(အ.စ)အားမေးမြန်းသည်မှာ-

သူရဲဘော်ကြောင်မှုသည်အဘယ်နည်း ?

အဖြေပေးမိန့်တော်မှုသည်မှာ-

သူငယ်ချင်းများကိုသတ္တိပြပြီး၊ ရန်သူများဆိုထွက်ပြေးခြင်း(တိမ်းရှောင်ခြင်း)ဖြစ်ပေသည်။

 

ကြည့် - သိုအ်ဖလ်အိုကူးလ် စာမျက်နှာ ၂၂၅

 

၂ ။အပြစ်ကျူးလွန်သူများကိုအပြစ်ဒဏ်ပေးရာ၌အလျင်မလိုပါနှင့်၊တောင်းပန်မေတ္တာရပ်ခံဖို့ရန်

အခွင့်အလမ်းပေးပါ။

ကြည့် - ဗေဟာ… အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၃

 

၃ ။ ဂျေဟာလသ်ကဲ့သို့ဆင်းရဲမှု မရှိချေ။

ကြည့် - ဗေဟာ… အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၁

 

၎။ မိမိ၏ပညာကိုသူတစ်ပါးအားပို့ချပါ။သူများဆီမှလည်း ပညာသင်ယူပါ၊ဤသို့ဖြစ်အသင်၏

ပညာပိုမိုခိုင်ခံ့လာပေမည်ထိုပြင်အသင်မသိသေးသောပညာကိုလည်းရရှိပေမည်။

 

ကြည့် - ဗေဟာ… အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၁

 

၅ ။ လူသားအားပျက်စီးစေသည်အရာ (၃)မျိုး ရှိပေသည်။

(၁)မာန်မာန (၂) လောဘ (၃) မနာလိုဝန်တိုစိတ်

 

ကြည့် - ဗေဟာ… အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၁

 =============================

251 / End