အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
အင်္ဂါနေ့

၁ စက်တင်ဘာ ၂၀၁၅

၁၉:၁၃:၃၅
708749

((ဇာရီယွန်)) ذّاریٌ ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း

((ဇာရီယွန်)) ذّاریٌ ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။

((ဇာရီယွန်)) ذّاریٌ

အဓိပ္ပာယ် - ဖန်ဆင်းတော်မူ သည့် အရှင် ၊ခန့်အပ် တော်မူသည့် အရှင် ၊ထင်ရှားစေတော်မူသည့်အရှင်

ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ذّرأအသွင်ဖြစ် ၂ကြိမ်လာရှိပါသည်။

စွမ်းရည် သတ္တိတော်များ

အဗ်ဂျဒ်တော်အရ - 911

၁။ ပျောက်နေသူ (သို့) သတင်းမရှိသူ (သို့) ပျောက် နေ သည့်ပစ္စည်း တစ်ခုခု နှင့်ပတ်သက်ပြီး သတင်းရ ရှိရန် ညဥ့်တစ်ဝက် (နမာဇ်ဖဂ်ျအချိန် နှင့်မဂ်ရိပ် အချိန် တို့အကွာအဝေးတစ်ဝက် ) ထပြီး မိမိနေအိမ် ၏ အခန်းထောင့် တစ်နေရာတွင် မတ်တပ်ရပ်ပြီး အကြိမ် ၇၀ (ယာဇာရီအို ယာမိုအီဒို ရွတ်ဒ်ဒါ အလိုင်း ယဖိုလန်) (یاذاریء یا معید ردّ علّی فلانا ) (ဖိုလန်) ဆိုသည့် နေရာတွင်လူ(သို့) ပစ္စည်း အမည်)ကိုထည့် ပြီးဖတ်ရွတ်ပါ ။ အင်ရှာအလ္လာဟ်ဖတ်ပြီး တစ်ပတ် အ တွင်း သတင်း ရ လာ ပါလိမ့်မည်။

၂။ သတင်းမရှိသည့် ကိစ္စအတွက် သတင်းအမြန် ရောက်လာစေရန် အတွက် ဤဂုဏ်တော်အား ၉၁၁ ကြိမ် ဖတ်ရွတ်ရပါမည်။

***