အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
ကြာသပတေးနေ့

၃ စက်တင်ဘာ ၂၀၁၅

၁၈:၁၅:၂၇
709052

((အလ္လာဟ်ဟို)) الله ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း

((အလ္လာဟ်ဟို)) الله ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။

((အလ္လာဟ်ဟို))الله

အဓိပ္ပာယ် - အလ္လာဟ်ဟိုအရှင်မြတ်သခင်ကြီး

ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၉၈၀ကြိမ်

အဗ်ဂျဒ်တော်အရ - 66

စွမ်းရည် သတ္တိတော်များ

၁။မောင်လာအလီ (အ.စ) မိန့်တော်မူထားပါတယ်။ ဒီးန် ကိစ္စအတွက် ဘဲဖြစ်ဖြစ်၊ လောကီကိစ္စ အတွက် ဘဲဖြစ်ဖြစ် အခက်အခဲ အကြပ် အတည်းနှင့် ရင်ဆိုင် လာ ရပြီး ဆိုလျှင် ဝဇူပြုလုပ်ပြီး ကောင်းကင် ဖက်သို့ လက်နှစ်ဖက် မြှောက်ပြီး((ယာအလ္လာဟ်ဟို)) ဂုဏ် တော် အား ၇ ကြိမ် ဖတ်ရွတ်ပြီး မိမိ လိုအင်ဆန္ဒ ကို တောင်း ဆိုပါလေ။

၂။မိမိဘဝရှိ အခက်အခဲ အကြပ်အတည်း၊ ဒုက္ခများ အားလုံး အောင်မြင်ရန် အတွက် နေ့စဉ်နေ့တိုင်း ဤ ဂုဏ်တော်အား အကြိမ်၁၀၀ ဖတ်ရွတ်ရပါမယ်။

၃။အခက်အခဲ အကြပ်အတည်းများ ၊ဒုက္ခများကို အောင်မြင်ရန်၊ ကြီးမားသည့် အန္တရာယ် ဘဝတွင် ရင်ဆိုင်မှုမှ အောင်မြင်ရန် ((ယာအလ္လာဟ်ဟို)) ဆို သည့် ဂုဏ်တော်အား တစ်ထိုင်တည်း အကြိမ် ၁၀၀၁ ကြိမ် ဖတ်ရွတ်ရပါမယ်။

၎။မရ်ဟွန် ခါသွန်အဗါဒီ ပြောကြား ချက်အရ ((အလ္လာဟ်ဟို)) ဆိုသည့် ဂုဏ်တော်အား ၊စဲရီ အချိန်၊ ဖဂျရ် အချိန်နှင့် အစဲရ်အချိန်တို့ တွင်၆၆ ကြိမ် ဖတ်ရွတ်ခြင်းဖြစ် ရှရီအသ်မှ ခွင့်ပြုထား သည့် လို အင် ဆန္ဒများ ကိုဆွတ်ခူးနိုင် မည်ဖြစ်ပါ တယ်။

၅။မည်သူမဆိုဤဂုဏ်တော် (( အလ္လာဟ်ဟို)) အား (ဝဇူနှင့်တကွ) ရေးသားပြီး မိမိဆီတွင်ထား မည်ဆို လျှင် မည်သည့် အလုပ်မှ၎င်း အတွက် ခက်ခဲ လိမ့်မည် မဟုတ်ပါ။ ၎င်း ဂုဏ်တော် ကြောင့်အခက် အခဲများသည် ၎င်းအတွက် လွယ်ကူသွားပါလိမ့်မည်။

၆။မောင်လာအလီ (အ.စ) မိန့်တော်မူထား ပါတယ်။ ရောဂါ ပျောက်ကင်း ရန်နှင့်ဆရာဝန်၊ သမားတော် များ လက်လွတ်ထားသည့် ရောဂါသည်၏ရောဂါ ကို ကုသရန် အတွက် ကျမ်းတော်မြတ် ကုရ်အာန်မှ (မိမိ ကြိုက် သည့်နေရာမှ) စပြီးအာယသ် တော်အခု ၁၀၀ ပြည့်သည့် အထိဖတ်ရွတ်ပါ။ ပြီးနောက် ((ယာ အလ္လာဟ်ဟို)) ဂုဏ်တော်အား ၇ကြိမ်ဖတ်ပါ လေ။ ယုတ်စွ ကွယ်လွန်ဖို့ အချိန်ကျ နေသူဆိုလျှင် လည်း ရက်အချို့ကွယ်လွန်ရန် နောက်ဆုတ်သွား ပါလိမ့် မည်။

====================

251 / End