အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ဧရာဝတီ
ကြာသပတေးနေ့

၃ စက်တင်ဘာ ၂၀၁၅

၁၈:၅၉:၄၅
709079

အသက်ဝင်တော့မည် တလင်တမယား ဥပဒေ လူ့အခွင့်အရေးကို ဘယ်လိုထိခိုက်စေသလဲ

အသက်ဝင်လာတော့မည့် “တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ” သည် လူ့အခွင့် အရေးကို ချိုးဖောက် သော ဥပဒေဖြစ်ပြီး ကိုးကွယ်ရာဘာသာရေးအရ ရပိုင်ခွင့်များနှင့် ဓလေ့ထုံးတမ်းများကို ထိခိုက်စေသည့်အပြင် အမျိုးသမီး အခွင့် အရေးနှင့် ကလေးငယ်သူငယ်အခွင့်ရေးများကိုပါ ထိခိုက် စေသည်ဆိုသော ဝေဖန်ချက်များ ပေါ်ထွက်လာသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



မော်လမြိုင်တွင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့၏ ၉၆၉ လှုပ်ရှားမှု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)



အသက်ဝင်လာတော့မည့် “တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ” သည် လူ့အခွင့် အရေးကို ချိုးဖောက် သော ဥပဒေဖြစ်ပြီး ကိုးကွယ်ရာဘာသာရေးအရ ရပိုင်ခွင့်များနှင့် ဓလေ့ထုံးတမ်းများကို ထိခိုက်စေသည့်အပြင် အမျိုးသမီး အခွင့် အရေးနှင့် ကလေးငယ်သူငယ်အခွင့်ရေးများကိုပါ ထိခိုက် စေသည်ဆိုသော ဝေဖန်ချက်များ ပေါ်ထွက်လာသည်။

“တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ” သည် မျိုးစောင့်ဥပဒေ ၄ ခု အနက် တခုဖြစ် ပြီး၊ သြဂုတ်လ ၂၈ ရက်က အတည်ပြု ပြဌာန်းလိုက်ခြင်း ဖြစ်သည်။ ယင်းဥပဒေ သည် မြန်မာနိုင်ငံတွင် နေထိုင်သူ နိုင်ငံသား၊ နိုင်ငံခြားသားများ အားလုံး အကျုံးဝင်ကြောင်း ဖော်ပြထားသည်။

ဥပဒေပုဒ်မ ၁၃ တွင် တရားဝင် လက်ထပ်ထိမ်းမြားထားသူ/အိမ်ထောင်ရှိသူ မိန်းမ (သို့မဟုတ်) ယောင်္ကျားက လက်ရှိ အိမ် ထောင် နှင့် ကွာရှင်းခြင်း မပြုဘဲ ထပ်မံထိမ်းမြားခြင်း (သို့မဟုတ်) တရားမ၀င်နေထိုင်ခြင်း (Living Together ) ပြုပါ က ထောင်ဒဏ် ၇ နှစ်နှင့်ငွေဒဏ် ချမှတ်နိုင်ပြီး ပုဒ်မ ၁၇ တွင် အတည်ဖြစ်သော လက်ထပ်ထိပ်မြားမှုကို ထိမ်ချန်ထပ်မံ ထိပ် မြား ပါက ထောင်ဒဏ် ၁၀ နှစ်နှင့်ငွေဒဏ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။

တရားဝင်လက်ထပ်ထိမ်းမြားထားသည့် အိမ်ထောင်ရှိပါလျက် ထပ်မံ ထိမ်းမြားခြင်း (သို့) တရားမ၀င် အတူ နေထိုင်ခြင်း ပြုပါက ထိုသူကို ဥပဒေအရ အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူဟု သတ်မှတ်နိုင်ပြီး ပထမ မိန်းမ (သို့) ပထမ ယောင်္ကျားက တရားစွဲဆိုနိုင်ကြောင်း၊ ဥပဒေ၏ ရည်ရွယ်ချက်သည် ဥပဒေနှင့်အညီ ထိမ်းမြားကြသည့် လင်နှင့်မယားတို့ တဦးအပေါ် တဦး သစ္စာရှိစွာ အိမ်ထောင် တည်ဆောက် နိုင်ရေး ၊ တလင်တမယားစနစ် ကျင့်သုံးခြင်းဖြင့် အမျိုးသမီးများ မယားပြိုင် အဖြစ် ရောက်ရှိခြင်းမှ ကာကွယ်နိုင်ရေး၊ အမျိုးသားများ မယားအများအပြားယူခြင်းကြောင့် ဖြစ်ပွားသည့် အိမ် ထောင်ရေး မှုခင်းများ တားဆီးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဖြစ်သည်ဟု ဖော်ပြထားသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများကမူ တလင်တမယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေသည် မယားပြိုင်များ (ထပ်မံ လက်ထပ် ထိမ်းမြားသည့် အမျိုးသမီး )နှင့် မယားပြိုင်များမှ မွေးဖွားလာသည့် သားသမီး များသည် အမျိုးသမီး အခွင့် အရေး၊ ကလေးငယ်သူငယ်အခွင့်အရေးများ ချိုးဖောက်ခံရခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းပိုင်းဆိုင်ရာ အတိုင်ပင်ခံဖြစ်သူ မအားလုံက “ ဒီဥပဒေ က လူတစု က နိုင်ငံရေးကစားချင်လို့ အတင်းအကျပ်ဆွဲလာတဲ့ ဥပဒေဖြစ်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ပါတယ်၊ ရည်ရွယ် ချက် မှာ အမျိုးသမီးတွေအတွက်ဆို အမျိုးသမီးအားလုံးကို စဉ်းစားပေး ရမယ်လေ၊ ဒီဥပဒေက ဘာမှ မသိဘဲ မွေးလာတဲ့ ကလေးတွေ ရပိုင်ခွင့်ကိုပါ ဆုံးရှုံးစေတာမျိုး ဖြစ်နေတယ်”ဟု ပြောသည်။

တလင်တမယား ဥပဒေ၏ အခန်း (၄) ၊ တလင်တမယားစနစ်ကို ဖောက်ဖျက်ခြင်း၏ အကျိုးဆက်များ၊ ပုဒ်မ ၁၃ တွင် တည် ဆဲ ဥပဒေ တရပ်ရပ်၊ ဘာသာ-ဓလေ့ထုံးတမ်း တခုခု နှင့် ဆန့်ကျင်စေကာမူ အိမ်ထောင်ရေး ပြစ်မှု ကျူးလွန် ပါက ကျူးလွန်သူကို ကွာရှင်းနိုင်ပြီး ကျူးလွန်သူမှာ ပုဒ်မ ၁၄ အရ ၎င်းတို့ အိမ်ထောင် လက်ထက်တွင် ဖြစ် ပွား ထားသည့် နှစ်ဦးပိုင်စ္စည်းများကို ရခွင့် ဆုံးရှုံးမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူအား ပထမမိန်းမ(သို့မဟုတ်)ပထမယောက်ျားက ကွာရှင်းခြင်း မရှိလျှင် လည်း ထို ကျူးလွန်သူ သေဆုံးပါက နောက်မိန်းမ (သို့မဟုတ်) နောက်ယောက်ျားတို့မှာ ပိုင်ဆိုင်မှု တစုံတရာမှ ရရှိမည် မဟုတ်ဟု လည်း ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ မဟုတ်သည့် ဘာသာခြားများတွင် ဘာသာရေးထုံးတမ်းဓလေ့များအရ တရားဝင် မိန်းမ တယောက် ထက် ပိုထိမ်းမြားထားသူများတွင် ပထမမိန်းမမှလွဲ၍ အမွေပစ္စည်းများကို ရမည်မဟုတ်ဟု တရားလွှတ်တော် ရှေ့နေ ဦးအေးမင်း က ပြောသည်။
“လူ့အခွင့် အရေးအရ ဆိုရင်တော့ လုံးလုံးကို ချိုးဖောက် ထားတဲ့ ဥပဒေပဲ၊ ဥပဒေမှာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တယ် ဆိုတော့ ဥပမာအရ အစ္စလာမ် ဘာသာဝင်တွေဆို ကျွေးနိုင်ရင် တရားဝင် အမျိုးသမီး ၄ယောက်လောက် ယူလို့ ရတယ်၊ ဘာသာခြား တွေနဲ့ ပြဿာနာရှိနိုင်တယ် “ ဟု ဦးအေးမင်း က ပြောသည်။

ခရစ်ယာန်ဘာသာဝင်များတွင်လည်း လက်ထပ်ထိမ်းမြားမည်ဆိုပါက ဘုရားကျောင်းများ၏ စည်း မျဉ်း စည်းကမ်းများ၊ ဘာသာ ရေး စည်းမျဉ်းစည်းကမ်းများအရ တရားဝင်လက်ထပ်ထိမ်းမြားပြီးသည်မှ သေ သည် အထိ တလင်တမယား စနစ်ကိုသာ ကျင့်သုံးရန် ပြောဆိုထားပြီးဖြစ်သဖြင့် ယခု တလင်တမယား စနစ် ဥပဒေကို ဗုဒ္ဓဘာသာဝင်များအတွက်သာ သီးသန့်ပြဋ္ဌာန်းသင့်ကြောင်း ၊ ယခု ဥပဒေကြောင့် ရှုပ်ထွေးမှု များ ဖြစ်လာနိုင်ကြောင်း ခရစ်ယာန် ဘာသာရေးဆရာ တချို့ က သုံးသပ်ပြောဆိုသည်။

ခရစ်ယာန် ဘာသာရေး ဆရာတဦးဖြစ်သူ ဒေးဗစ်က “ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာခြားတွေမှာ သူ့ထုံး တမ်း ဓလေ့တွေ အသီးသီး ရှိပါတယ်၊ မျိုးစောင့်ဥပဒေတွေထဲက တခြားဥပဒေတွေက ဘာသာခြား အမျိုး သမီးတွေကို အကာကွယ် မပေး ဘူး၊ ဒီတလင်တမယားဥပဒေကျတော့ မြန်မာနိုင်ငံသား အားလုံးနဲ့ဆိုင် တယ် ဆိုတယ် ၊ ဘာသာခြားတွေရဲ့ ထုံးတမ်း စဉ်လာတွေကို အလေးမထားတဲ့ဥပဒေတွေပဲ “ ဟု မှတ်ချက် ပြုသည်။

ပြည်တွင်းပြည်ပ လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်မှုများနေသည့် မျိုးစောင့်ဥပဒေ ၄ခုတွင် ပါဝင်သော တလင် တမယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေမှာ လူ့အခွင့် အရေး အဖွဲ့အစည်းများ တားမြစ်နေသည့်ကြားကပင် သမ္မတ အမိန့်ဖြင့် ရေးဆွဲကာ အတည်ပြု ပြဌာန်းလာခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် သံဃာတော်များနှင့် ပြည်သူများ၏ လက်မှတ် ၁၅ သိန်းကျော်ဖြင့် မျိုးစောင့်ဥပဒေများကို ရေးဆွဲပေးရန် သမ္မတကို တောင်းဆိုခဲ့ရာမှ မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

တလင်တမ ယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ယခုမှ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ၁၈၆၁ ခုနှစ်တည်း ကပင် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တလင်တမယားစနစ် ဥပဒေတွင် ပြန်လည် ပါရှိလာသည့် အိမ်ထောင်ရေး ပြစ်မှု ကျူးလွန်သူကို ထောင်ဒဏ် ၇ နှစ် (သို့) ၁၀ နှစ် ကျနိုင်သည့် ပုဒ်မများဖြင့် တရားစွဲဆိုနိုင်သည်ဟူသည့် ပုဒ်မများ၊ ပြစ်မှု ၊ပြစ်ဒဏ်များမှာ ယခင်တည်းက ရှိပြီးသား ပြစ်မှု၊ ပြစ်ဒဏ်များ ဖြစ်သော်လည်း ထိုအမှု ကိစ္စများနှင့် ပတ်သက်၍ တိုင်တန်း ခြင်း၊ အမှုရင်ဆိုင်ရခြင်းများမမြင်ဖူး ဟု တရားလွှတ်တော် ရှေ့နေ အများစုက ပြောသည်။

တရားလွှတ်တော် ရှေ့နေ ဦးအေးမင်းက “ အရင်တည်းက အသက်ဝင်ပြီးတဲ့ ဥပဒေပုဒ်မပါ၊ ဒါပေမယ့် ဒီအမှုကို တိုင်တန်း တာမျိုး တခါမှ မကြားဖူးဘူး၊ ဒီလိုအမှုတွေလည်း မတွေ့ဖူးဘူး” ဟု ပြောသည်။

တလင်တမယား ဥပဒေတွင် ပါဝင်သော ပြဋ္ဌာန်းချက်များသည် အိမ်ထောင်ရေးပြစ်မှုဆိုင်ရာ အရှုပ်အရှင်း ပြဿနာ များအပြင် အခွင့်အရေး ရပိုင်ခွင့် အရှုပ်အထွေးကိစ္စများလည်း ပေါ်ပေါက်လာ နိုင်သည်ဟုလည်း ဦးအေးမင်း က ဆိုသည်။

“ ခုလောလောဆယ်တော့ စိတ်မလောကြပါနဲ့ဦး ၊ပြဿနာတွေကတော့ အများကြီးပဲ ၊ ဒါပေမယ့် နည်းဥပဒေတွေကို စောင့်ကြည့်ကြရပါဦးမယ် “ ဟု ဦးအေးမင်းက ဆိုသည်။

ရန်ကုန်မြို့ရှိ အိမ်ထောင်သည်အမျိုးသမီးတချို့ကမူ အိမ်ထောင်ရေးဖောက်ပြန်သည့် ယောင်္ကျားများကို သည်းခံနေစရာ မလိုဘဲ ဥပဒေအရ တိုင်တန်းပြီး ကွာရှင်းနိုင်သဖြင့် “တလင်တမယားစနစ် ကျင့်သုံး ခြင်း ဆိုင်ရာ ဥပဒေ” ကို ထောက်ခံ သည်ဟု ဧရာဝတီကို ပြောသည်။
လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ၊ ကုမ္ပဏီမန်နေဂျာ မချိုရီဝင်းက “ အိမ်ထောင်ရေး ဖောက်ပြန်တာနဲ့ ပတ်သက်ပြီး ဥပဒေ သီးသန့်ပေါ်လာတော့ အပြင်ထွက် အလုပ်လုပ်နေတဲ့ ကျမတို့ အမျိုးသားတွေကို စိတ်ပူစရာမလိုတော့ဘူးပေါ့၊ သူများတွေ ကန့်ကွက်နေကြတာ ကြားပါတယ်၊ ကျမကတော့ ဒီဥပဒေကို သဘောကျတယ် “ ဟု ဆိုသည်။

=====================
251 / End