အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္ဂနွေနေ့

၂၀ စက်တင်ဘာ ၂၀၁၅

၂၀:၁၆:၅၃
711590

အိုဘားမား၏ ဆိုးမွေဖြစ်လာမည့် ဆီးရီးယား ပဋိပက္ခ

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့ အပျက်အစီးများအကြားတွင် ဆီးရီးယားအမျိုးသားတစ်ဦး လမ်းလျှောက်နေစဉ်/DIMITAR DILKOFFDIMITAR DILKOFF/AFP အမေရိကန်၏ ထင်ရှားသော သမ္မတ အချို့သည် ၎င်းတို့ ၏ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုများကြောင့် အမှတ်ရစရာဖြစ်ခဲ့သလို အမှားအယွင်း ကျရှုံးမှုများဖြင့်လည်း သမိုင်းတွင်ခဲ့သည့် သာဓကများ ရှိခဲ့ဖူးသည်။ လက်ရှိ သမ္မတ ဘားရက် အိုဘားမားအတွက်မူ ဆီးရီးယား အရေးနှင့် ပတ်သက်၍ ၎င်း၏ ကိုင်တွယ်ပုံနှင့် သဘောထားက သမိုင်းဝင် အမှားတစ်ခု ဖြစ်လာနိုင်မည့် လမ်းကြောင်းသို့ ဦးတည် လျက်ရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့ အပျက်အစီးများအကြားတွင် ဆီးရီးယားအမျိုးသားတစ်ဦး လမ်းလျှောက်နေစဉ်/DIMITAR DILKOFFDIMITAR DILKOFF/AFP

အမေရိကန်၏ ထင်ရှားသော သမ္မတ အချို့သည် ၎င်းတို့ ၏ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုများကြောင့် အမှတ်ရစရာဖြစ်ခဲ့သလို အမှားအယွင်း ကျရှုံးမှုများဖြင့်လည်း သမိုင်းတွင်ခဲ့သည့် သာဓကများ ရှိခဲ့ဖူးသည်။

လက်ရှိ သမ္မတ ဘားရက် အိုဘားမားအတွက်မူ ဆီးရီးယား အရေးနှင့် ပတ်သက်၍ ၎င်း၏ ကိုင်တွယ်ပုံနှင့် သဘောထားက သမိုင်းဝင် အမှားတစ်ခု ဖြစ်လာနိုင်မည့် လမ်းကြောင်းသို့ ဦးတည် လျက်ရှိသည်။

ဂျင်မီကာတာသည် အစ္စရေး နှင့် အီဂျစ်တို့ကြား ငြိမ်းချမ်းရေး ရရှိအောင် ရင်ကြားစေ့ပေးနိုင်ခဲ့ သည့် မဟာအောင်မြင်မှုမျိုး ရရှိ ခဲ့သော်လည်း အီရန်ဓားစာခံအကျပ်အတည်းကို မဖြေရှင်းနိုင်ခဲ့ ခြင်းက ၎င်း၏ သမ္မတ မှတ်တမ်း ကောင်းကို အမည်းစက် စွန်းထင်း စေခဲ့သည်။

ဘီလ်ကလင်တန်သည် ရဝမ် ဒါတွင် အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုများကို တားဆီးနိုင်ရန် ပျက် ကွက်ခဲ့ဖူးသည်။ ဂျော့ခ်ျဘုရှ်အ နေဖြင့်မူ အီရတ်ကို ကျူးကျော်စစ် ဆင်နွှဲပြီး နောက်ဆက်တွဲ ဇာတ် မနိုင်မှုများအတွက် ထာဝရအမှတ် ရခြင်း ခံနေရမည့်သူ ဖြစ်သည်။

အမေရိကန်၏ (၄၄) ဆက် မြောက်သမ္မတ ဖြစ်လာသူ အို ဘားမားသည် ၎င်း၏ ရာထူးသက် တမ်းအတွင်း သမိုင်းဝင် နိုင်ငံခြား ရေးရာမူဝါဒ အောင်မြင်မှုများစွာ ရရှိခဲ့သူ ဖြစ်သည်။ အီရန်၏ နျူ ကလီးယား အရေးကို သံတမန် နည်းလမ်းဖြင့် ဖြေရှင်းပြီး သဘော တူညီမှု ရရှိခဲ့သည်။ ကျူးဘား နှင့် သံတမန်ဆက်ဆံရေး တစ် ကျော့ပြန် ထူထောင်နိုင်ခဲ့သည်။ အကြမ်းဖ က် ခေါင်းဆောင်ကြီး အိုစမာဘင်လာဒင်ကို နှိမ်နင်း သုတ်သင်နိုင်ခဲ့သည်။ နိုင်ငံတကာ သံတမန်ရေးရာ လုပ်ငန်းစဉ်များ နှင့် လူသားအချင်းချင်း ပေါင်းကူး ဆက်နွှယ်မှုကို မြှင့်တင်ရန် အ စွမ်းကုန် ကြိုးစားအားထုတ်ခဲ့ခြင်း ကြောင့် ၂၀၀၉ ခုနှစ်၏ နိုဗယ် ငြိမ်းချမ်းရေးဆုကိုလည်း ရရှိခဲ့ သည်။ အဆိုပါ အချက်များသည် အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒ နှင့် ပတ်သက်၍ နှလုံးမွေ့စရာ အောင်မြင်မှုများ ဖြစ်ခဲ့သည်။

သို့သော် အမေရိကန်၏ အရည်အချင်း ပြည့်ဝသည့် ခေါင်း ဆောင် တစ်ဦးအနေဖြင့် ဆီးရီး ယား ပြည်သူများ၏ အကျပ်အ တည်းများကို မှန်ကန်သည့် နည်း လမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိခြင်းက ၎င်း၏ သမ္မတသက် တမ်းတွင် ကျဆုံးမှုတစ်ခုအဖြစ် ယူဆရဖွယ် ရှိနေသည်။

ဆီးရီးယား ပြည်တွင်းစစ် သည် လူ့သမိုင်းတွင် လူသားတို့ ဖန်တီးသည့် အဆိုးဆုံးအရှုပ်အထွေး တစ်ခုလည်းဖြစ်သည်။ ပြည်တွင်းစစ် သက်တမ်း လေးနှစ်မျှ အတွင်း လူပေါင်း ၂၄၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။

ပြည်တွင်းစစ်နှင့် ဆက်နွှယ် ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးကျယ်ဆုံး ရွှေ့ပြောင်းဒုက္ခ သည် ပြဿနာကြီး ပေါ်ပေါက် လာသည်။ ထို့အပြင် သမိုင်းတစ် လျှောက် လူမဆန်ဆုံး၊ အရက် စက်ဆုံး ဂျီဟတ်ဝါဒစွဲ အစွန်း ရောက် စစ်သွေးကြွအဖွဲ့ကြီးဖြစ် သည့် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)သည်လည်း ဆီးရီး ယား ပြည်တွင်းစစ်ကို အမှီပြုကာ ပေါက်ဖွား ရှင်သန်လာသည်။

အဆိုပါ ဖြစ်ရပ် အားလုံးကို ဆီးရီးယားစစ်ပွဲ အစောပိုင်းတွင် အိုဘားမား၏ ပြတ်သားသော မူဝါဒ တစ်ရပ်ဖြင့် ကြိုတင်တား ဆီးနိုင်ခဲ့လိမ့်မည်ဟု အမေရိကန် အရေး စောင့်ကြည့် လေ့လာသူ များက သုံးသပ်ထားကြသည်။

မည်သည့် ရှုထောင့်မှ ကြည့် သည်ဖြစ်စေ၊ ဆီးရီးယားပြဿနာသည် အိုဘားမား ဆုပ်ကိုင်ခဲ့သည့် နိုင်ငံခြားရေး မူဝါဒတွင် အမေရိ ကန်၏အားနည်းချက် ကြီးမားစွာ ရှိခဲ့သည် ဆိုသော ဟာကွက်ကြီး ကို ဖုံးဖိနိုင်မည် မဟုတ်ချေ။ အို ဘားမားသည် အမေရိကန် ပါဝင် ပတ်သက်ခဲ့သည့် အီရတ်နှင့် အာ ဖဂန်နစ္စတန် စစ်ပွဲများမှ ဆုံးရှုံးမှု များကို သင်ခန်းစာယူကာ နိုင်ငံ ခြား တိုင်းပြည်တစ်ခုတွင် အမေရိ ကန်၏ စစ်တပ်များ ခြေကုပ်ယူ စွက်ဖက်မှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်က ဆီးရီးယားအရေးကို အမေရိကန် မှန်ကန်သော နည်းလမ်းဖြင့် ဝင် ရောက် ဖြေရှင်းရမည့် အခြေအ နေနှင့် ဝေးကွာသွားစေခဲ့သည်။

‘‘တကယ်တော့ ဒီအချက်ကို အစောကြီးကတည်းက ကျွန်တော်တို့အားလုံး မြင်ခဲ့ပြီးသားပါ’’ဟု ဥရောပ နိုင်ငံတစ်ခု၏ သံအရာရှိ တစ်ဦးက အမည်မဖော်ပြဘဲ မှတ် ချက်ပေးသည်။

‘‘အိမ်ဖြူတော်က ပြဿနာ တစ်ခုခုကို ရှုမြင်တဲ့အခါ ရှေ့က ဖြစ်ပျက်ခဲ့တာတွေကို ဥပမာယူလွန်းတယ်။ နိုင်ငံတကာ မူဝါဒနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စစ် အင်အားကို ထုတ်သုံးရင် ပို ကောင်းလာနိုင်ပါ့မလားဆိုတဲ့ သံ သယကို ဆုပ်ကိုင်ထားတယ်။ ပိုဆိုးသွားနိုင်တယ်ဆိုတဲ့ အဆိုး မြင် ရှုထောင့်ကို ပိုစိုးရိမ်ခဲ့ပုံပဲ’’ ဟုလည်း ၎င်းက ပြောကြားခဲ့ သည်။

ဆီးရီးယားအရေးတွင် အ မေရိကန်၏ လက်ရှောင်နေမှုကို အိမ်ဖြူတော် ပြောရေးဆိုခွင့်အရာရှိ ဂျော့ရှ်အားနက်စ်က ယခုကဲ့သို့ ကာကွယ်ပြောဆိုခဲ့သည်။

‘‘သမ္မတက အရှေ့အလယ် ပိုင်းမှာ အမေရိကန်က ထဲထဲဝင် ဝင် ဆင်နွှဲမယ့် နောက်ထပ်ပြည် တွင်းစစ်တစ်ခု အစပြုဖို့ဆိုတာ နိုင်ငံအတွက် မှန်ကန်တဲ့ခြေလှမ်း လို့ မယုံကြည်ဘူး။ ဒါဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအ တွက် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ဘူး။ နောက်ပြီး ဆီးရီးယား မှာ အမေရိကန် စစ်တိုက်ခဲ့မယ် ဆိုရင် လက်ရှိဥရောပမှာကြုံနေ တဲ့ ရွှေ့ပြောင်းဒုက္ခသည်ပြဿနာမျိုး ပေါ်မလာနိုင်ဘူးဆိုတဲ့ ကောက် ချက်တွေကလည်း လက်တွေ့မ ကျပါဘူး’’ဟု အားနက်စ်က ဆို သည်။

လက်တွေ့ အချက်အလက် များအရမူ ဆီးရီးယားပြည်တွင်း စစ်သည် ပြဿနာအားလုံး၏ မြစ်ဖျားခံရာ ဖြစ်နေသည်ကို ငြင်းပယ် စရာ မရှိချေ။ ဆီးရီးယား သမ္မတ ဘာရှား အယ်လ်အာဆတ်ကို ဆန့်ကျင်သည့် သူပုန်အဖွဲ့များ အတွင်း၌ ဂျီဟတ်ဒ်ဝါဒီများ ပါဝင် ခဲ့သကဲ့သို့ အယ်လ်ကိုင်ဒါ အကြမ်း ဖက်အဖွဲ့က စိမ့်ဝင်ဝါဒဖြန့်လာ နိုင်ခဲ့သည်။ ထို့နောက်တွင်မူ အိုင် အက်စ်အဖွဲ့လည်း အင်အားကြီး ထွားလာသည်။ ဆီးရီးယားအစိုး ရကို တော်လှန်ရာမှ အစပြုခဲ့ သည့် အိုင်အက်စ်သည် ယခုအခါ ဆီးရီးယားသာမက အမေရိကန် ၏ စစ်မဟာမိတ် အီရတ်နိုင်ငံ မြောက်ပိုင်း ဒေသအများအပြား ကိုပါ သိမ်းပိုက်ထားလိုက်ပြီဖြစ် သည်။

အိုင်အက်စ်တို့ စတင် အင် အားကောင်းလာချိန်တွင် အမေရိ ကန်သည် အဆိုပါ စစ်သွေးကြွ များကို လေကြောင်းမှ အကန့် အသတ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုစဉ်က အိုဘား မားက ၎င်း၏ မဟာဗျူဟာကို ရှင်း လင်း ပြောကြားခဲ့သည်။

‘‘အမေရိကန်ရဲ့ မဟာဗျူဟာ က စစ်သွေးကြွတွေကို တဖြည်း ဖြည်း အင်အားဆုတ်ယုတ်သွား အောင် လုပ်ဆောင်ဖို့ပါ။ လေ ကြောင်း စစ်ဆင်ရေးတွေကို ရေ ရှည် ဆင်နွှဲသွားမှာဖြစ်ပြီး နောက် ဆုံးမှာတော့ အကြမ်းဖက်သမား တွေကို အမြစ်ဖြတ် ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်’’ ဟု အိုဘားမားက ဆိုသည်။

၎င်းက ဆီးရီးယားသို့ အမေ ရိကန်၏ ခြေလျင်တပ်များ စေ လွှတ်ရန် တောင်းဆိုမှုများကို ခေါင်းမာမာဖြင့် ငြင်းဆိုခဲ့သည်။

ယခုအခါ ဆီးရီးယား ပြည် တွင်းစစ် လေးနှစ်ထိ ကြာမြင့်လာ ပြီ ဖြစ်သလို အိုင်အက်စ်တို့သည် လည်း ယခင်ကထက်ပင် ပိုမိုအင် အားတောင့်တင်းစွာ ရပ်တည်နေ ပြီ ဖြစ်ရာ အိုဘားမား၏ မဟာ ဗျူဟာ အောင်မြင်ခဲ့ခြင်း ရှိ၊ မရှိ ထင်ရှား မြင်သာလာသည်။

အိုဘားမား လက်ထက်တွင် အိမ်ဖြူတော်၏ နိုင်ငံခြားရေးမူဝါဒ သည် ကမ္ဘာတစ်လွှားမှ အကျပ်အ တည်း အမျိုးမျိုးကို အမေရိကန် က ဦးဆောင်ဖြေရှင်းခြင်းကို ပိုမို လက်ရှောင်လာသည်။ ဒေသအ လိုက် ဖြစ်ပေါ်နေသည့် ပြဿနာ များကို ၎င်းတို့၏ မဟာမိတ်များက ဦးဆောင်ကိုင်တွယ် ဖြေရှင်းမှုမျိုး ကို အမေရိကန်က ပိုမိုလိုလား လာဟန်ရှိသည်။ ယီမင်တွင် ရှီး ဟိုက်မွတ်စလင်များ ထကြွပုန်ကန် မှုကို ဆော်ဒီအာရေးဗီးယားက ဦး ဆောင်တိုက်ခိုက်နေချိန်၊ ဂရိကြွေး မြီ ပြဿနာနှင့် ယူကရိန်း ပဋိ ပက္ခတို့ကို ဂျာမနီက ဦးဆောင်ပြီး ဖြေရှင်းနေချိန်တွင် အမေရိကန် က ဘေးထွက်ထိုင်သကဲ့သို့ ရှိနေ သည်။

အမေရိကန်က ကမ္ဘာ့အရေး များတွင် တက်ကြွလှုပ်ရှားမှု နည်း ပါးနေချိန်တွင် တစ်ချိန်က လူ့သ မိုင်း၌ အကြီးကျယ်ဆုံး အင်ပါယာ များအဖြစ် ရပ်တည်ခဲ့ဖူးသည့် တရုတ်၊ အီရန် (ပါရှား)၊ ရုရှားနှင့် တူရကီတို့က ၎င်းတို့၏ တစ်ချိန် က လွှမ်းမိုးကြီးစိုးနိုင်စွမ်းမျိုး တစ် ကျော့ပြန် ပိုင်ဆိုင်လာရန် အင် တိုက်အားတိုက် လှုပ်ရှားလာကြ သည်။

အမေရိကန်က ဆီးရီးယား အရေးတွင် တုဏှိဘောဖြစ်နေချိန်တွင် ရုရှားက သမ္မတအာဆတ် အစိုးရဘက်မှ ပေါ်ပေါ်ထင်ထင် ရပ်တည်လာသည်။ ဆီးရီးယားသို့ ရုရှားက စစ်လက်နက်များ တင်ပို့ ပြီး အရှေ့အလယ်ပိုင်းတွင် ၎င်း တို့၏ ဩဇာကို ဖြန့်ကြက်ရန် ခြေ လှမ်း ပြင်လာခဲ့သည်။ အီရန်က ဒေသတွင်းရှိ ရှီးဟိုက်မွတ်စလင် များကို ထောက်ပံ့ပြီး အမေရိကန် ၏ မဟာမိတ် ဆွန်နီမွတ်စလင် နိုင်ငံများ၏ တည်ငြိမ်မှုကို နှောင့် ယှက် ခြိမ်းခြောက်လာသလို ၎င်း တို့၏ ရပ်တည်မှု ပိုမိုကျယ်ပြန့် အောင် ကြိုးစားလာခဲ့သည်။

အမေရိကန်သည် ဆီးရီးယား အရေးတွင် အကန့်အသတ်၊ အ တိုင်းအတာတစ်ရပ်ဖြင့်သာ ကြား ဝင်ရန် ဆန္ဒရှိသော်လည်း အဆိုပါ လုပ်ဆောင်မှုများသည်ပင် အရှုံး နှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့ သည့် လပိုင်းက အိုင်အက်စ်တို့ ကို တိုက်ခိုက်ရန် အမေရိကန် က သင်တန်းပေး စေလွှတ်လိုက် သည့် ဒေသခံ ပြောက်ကျားများ သည် စစ်သွေးကြွများ၏ စီးနင်း တိုက်ခိုက်မှုကြောင့် အကြီးအ ကျယ်အထိနာပြီး အသေအ ပျောက်များစွာဖြင့် ဆုတ်ခွာခဲ့ရ သည်။

ထို့နောက်ပိုင်းတွင် ပထမအသုတ် စေလွှတ်လိုက်သည့် တိုက် ခိုက်ရေးသမားများသည် ကွင်း ဆင်းတိုက်ပွဲများအတွက် အတွေ့ အကြုံ နည်းလွန်းသေးကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာသည်။

ဆီးရီးယားတွင် အချိန်ကာလ ရှည်ကြာစွာ ဖြစ်ပေါ်နေသည့် စစ်မီး တောက်လောင်မှုကြောင့် နိုင်ငံသား အမြောက်အမြားသည် အန္တရာယ် ကြီးမားလှသည့် မြေထဲ ပင်လယ် ရေလမ်းခရီးကို စွန့်စား ကျော်ဖြတ်ကာ ဥရောပ ကမ်းခြေ သို့ သွေးရူးသွေးတန်း ခိုလှုံဝင် ရောက်ရန် ကြိုးစားနေသည်။

ယခုနှစ်တွင် စံချိန်တင် ဒုက္ခသည် အရေအတွက် ဝင်ရောက်လာမှုသည် ဥရောပတိုက်အတွက် ခေါင်းခြောက်စရာ အကောင်းဆုံး နိုင်ငံတကာ စိန်ခေါ်မှုတစ်ခု ဖြစ် လာခဲ့သည်။

‘‘အိုဘားမားရဲ့ အစိုးရဟာ ဆီးရီးယားပြဿနာမှာ နက်နက် ရှိုင်းရှိုင်း ပါဝင်ပတ်သက်ရမှာကို ဆက်ပြီး ရှောင်လွှဲနေဆဲ ဖြစ်ပါ တယ်။ လက်ရှိ အနေအထားမှာ တော့ ဆီးရီးယားအရေးနဲ့ ပတ် သက်ရင် အမေရိကန်ဆီက ပိုပြီး ပြင်းထန်ထိရောက်တဲ့မူဝါဒမျိုး လိုအပ်နေပါပြီ။ ဒါပေမဲ့ အမေရိ ကန်စစ်သည်တွေနဲ့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်စားချေ တိုက်ခိုက်မှုတွေ ကြုံတွေ့လာမှာ ကိုလည်း စိုးရိမ်နေပုံရပါတယ်’’ ဟု နိုင်ငံတကာ ပဋိပက္ခ စောင့် ကြည့်ရေးအဖွဲ့မှထုတ်ပြန်သည့် နောက်ဆုံး အစီရင်ခံစာ၌ ထည့် သွင်းဖော်ပြထားသည်။

အမေရိကန်၏ မူဝါဒ အ ပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ် မြောက်မလာသရွေ့ ဆီးရီးယား ပဋိပက္ခ ပြေလည်စရာအကြောင်း မရှိဟုလည်း အဆိုပါ အစီရင်ခံ စာတွင် ရေးသားထားသေးသည်။

အမေရိကန် အစိုးရ အဖွဲ့ အတွင်းတွင်ပင် ဆီးရီးယားအရေး နှင့် ပတ်သက်၍ အစိုးရက အင် အားသုံး ဖြေရှင်းမှုမျိုး ပြုလုပ်ရန် မဖြစ်မနေ လိုအပ်လာသည်ကို သတိပြုမိစေလိုကြောင်း ပုဂ္ဂိုလ် ရေး အမြင်ဖြင့် ထုတ်ဖော်ဝန်ခံ သူများ ရှိနေသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည် ငြိမ်ရေးကို ဘက်မျှအောင် ထိန်း သိမ်းရာတွင် ရံဖန်ရံခါ၌ အမေ ရိကန်၏ စစ်အင်အားကို ထုတ် သုံးခြင်းသည် မှန်ကန်သည့် အ ဖြေတစ်ခုဟု ထောက်ခံသူများစွာ ရှိနေသည်။

အိုဘားမား အနေဖြင့်မူ ရာ ထူးသက်တမ်း တစ်လျှောက်လုံး နိုင်ငံတကာ ပြဿနာများကို သံ တမန်ရေးရာဖြင့်သာ ထိန်းသိမ်း ဖြေရှင်းသော၊ အမေရိကန်စစ် သည်များကို အခြားနိုင်ငံများ၏ ပဋိပက္ခများအတွက် အဆုံးရှုံးမခံ သော သမ္မတအဖြစ် မှတ်တမ်းဝင် ရပ်တည်သွားရန် လိုလားနေဆဲ ဖြစ်ဟန်ရှိသည်။

၎င်း၏ သမ္မတသက်တမ်း ပြီး ဆုံးရန် တစ်စထက်တစ်စ နီးကပ် လာချိန်ထိ ဆီးရီးယား ပြဿနာ အပေါ် ပိုမိုလက်တွေ့ကျသည့် ကိုင်တွယ်မှုမျိုး ပြောင်းလဲကျင့် သုံးမည့် လက္ခဏမျိုး မတွေ့ရ ချေ။

‘‘အိုဘားမားကတော့ သမ္မ တ သက်တမ်းမှာ အောင်မြင်မှု တွေ အများကြီး ရခဲ့သူပါ။ ဒါပေမဲ့ ဆီးရီးယားကိစ္စကို ပြောဖြစ်တိုင်း သူ့ရဲ့ သမိုင်းကြောင်းမှာ အမည်း စက်တစ်ခုအဖြစ် အမှတ်ရနေကြ မယ် ဆိုတာကတော့ သေချာပါ တယ်’’ ဟု နိုင်ငံတကာ သံတမန် ရေးရာ အသိုက်အဝန်းမှ ပုဂ္ဂိုလ် တစ်ဦးက မှတ်ချက်ပြု ပြောကြား သွားသည်။   
---------------------------------------
251 / End