အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၂၃ စက်တင်ဘာ ၂၀၁၅

၀၃:၁၆:၀၃
711913

အာဏာသိမ်း ကိုယ်ရံတော်တပ်ကို နှိမ်နင်းရန် ဘာကီနာဖာဆိုစစ်တပ် မြို့တော်သို့ ချီတက်

အာဏာသိမ်းယူမှုကို နှိမ်နင်းရန်အတွက် ဘာကီနာဖာဆို စစ်တပ်သည် မြို့တော် အူဂါဒါဂူသို့ ဝင်ရောက် နေရာယူထားပြီ ဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သမ္မတ၏ ကိုယ်ရံတော်တပ်သည် လက်ရှိ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားသလို ဝန်ကြီးချုပ် အိုင်ဆက်ဇီဒါကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ယခုအခါ စစ်တပ်သည် အာဏာသိမ်း ကိုယ်ရံတော်တပ်နှင့် ညှိနှိုင်းမှုများ စတင်ပြုလုပ်နေပြီဟု လုံခြုံရေးကဏ္ဍနှင့် နီးစပ်သူများက ဆိုသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အာဏာသိမ်းယူမှုကို နှိမ်နင်းရန်အတွက် ဘာကီနာဖာဆို စစ်တပ်သည် မြို့တော် အူဂါဒါဂူသို့ ဝင်ရောက် နေရာယူထားပြီ ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သမ္မတ၏ ကိုယ်ရံတော်တပ်သည် လက်ရှိ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားသလို ဝန်ကြီးချုပ် အိုင်ဆက်ဇီဒါကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ယခုအခါ စစ်တပ်သည် အာဏာသိမ်း ကိုယ်ရံတော်တပ်နှင့် ညှိနှိုင်းမှုများ စတင်ပြုလုပ်နေပြီဟု လုံခြုံရေးကဏ္ဍနှင့် နီးစပ်သူများက ဆိုသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂီးလ်ဘတ် ဒီယန်ဒရီက မိမိအနေဖြင့် ဒေသတွင်း နိုင်ငံခေါင်းဆောင်များက အာဏာသိမ်းရန် အားထုတ်သူများအတွက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး ကူညီ အာမခံပေးလျှင် ဘေးဖယ်ပေးမည်ဟု ပြောကြားခဲ့သည်။

ဘာကီနာဖာဆို နိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီး ဂီးလက်စ် သီဘော့တ်က ကိုယ်ရံတော်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ဘာကီနာဖာဆို သမ္မတ မိုက်ကယ် ကာဖန်ဒိုမှာမူ ယခုအခါ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး သံအမတ် အိမ်တော်တွင် ခိုအောင်းနေကြောင်း အတည်ပြု ကြေညာခဲ့သည်။

ဗိုလ်ချုပ်ကြီး ဒီယန်ဒရီသည် အာဏာသိမ်းမှုကို စနစ်တကျ အကောင်အထည် ဖော်ခဲ့သော်လည်း နိုင်ငံတကာ ဖိအားများအပြင် ပြည်သူလူထု၏ အုံကြွကန့်ကွက်မှုများကြောင့် ၎င်း၏ ခြေလှမ်းကို နောက်ပြန်ဆုတ်ရန် စတင်နေပြီဟု ဘာကီနာဖာဆိုအရေး စောင့်ကြည့်သူများက ဆိုသည်။

လတ်တလောတွင် ဒီယန်ဒရီက မြို့တော်ထိ ချီတက်လာသည့် စစ်တပ်နှင့် ညှိနှိုင်းနေပြီး အာဏာသိမ်းရန် ကြိုးပမ်းသည့် တပ်ဖွဲ့အားလုံး လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝ ရရှိရေးကို အဓိကထား တောင်းဆိုနေကြောင်း သိရသည်။ ထို့အပြင် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ယခင်သမ္မတဟောင်း ဘလာစီ ကမ်ပိုရီ၏ အမတ်လောင်းများကို ပါဝင်ယှဉ်ပြိုင်ခွင့် ပေးရန်လည်း ၎င်းက အဆိုပြုထားသည်။

ကမ်ပိုရီသည် ဒီယန်ဒရီ၏ အဓိက မဟာမိတ် တစ်ဦးဖြစ်ပြီး ပြည်သူအများ၏ အုံကြွမှုကြောင့် ရာထူးမှ နုတ်ထွက်ပြီး ပြည်ပသို့ တိမ်းရှောင်နေရသူ ဖြစ်သည်။ လျှို့ဝှက်နေရာ တစ်ခုမှတစ်ဆင့် သတင်းထုတ်ပြန်ရာတွင် ဒီယန်ဒရီက “လက်နက်ချဖို့ အဆင်သင့် ဖြစ်ပြီလား ဆိုရင်တော့ ကျွန်တော်တို့ အသင့် မဖြစ်သေးပါဘူး။ ရှေ့ဆက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့ အနောက်အာဖရိက ဒေသဆိုင်ရာ အဖွဲ့ကြီးရဲ့ ခေါင်းဆောင်တွေ ဘယ်လို ဆုံးဖြတ်မယ် ဆိုတာကိုလည်း စောင့်ကြည့်ချင်သေးတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့်အပေါ် ဘာကီနာဖာဆို ပြည်သူများအား တောင်းပန်စကား ပြောခဲ့ပြီး “တောင်းပန်တယ်ဆိုတာ လောလောဆယ် ကျွန်တော်တို့ လုပ်နိုင်သမျှပါပဲ”ဟုလည်း ဖွင့်ဟခဲ့သည်။ ဘာကီနာ ဖာဆိုတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီး သီတင်းတစ်ပတ်မျှအတွင်း အုံကြွလာသည့် ပြည်သူများနှင့် ကိုယ်ရံတော်တပ်ဖွဲ့၏ သစ္စာခံများ အကြိမ်ပေါင်း ၁၀၀ မျှ ထိပ်တိုက်တွေ့သည့် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
     
---------------------------------------
251 / End