အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
တနင်္လာနေ့

၂၈ စက်တင်ဘာ ၂၀၁၅

၀၆:၄၅:၁၂
712675

ဗဟိုအာဖရိကနိုင်ငံ မြို့တော် တိုက်ခိုက်မှုများအတွင်း လူ ၂၁ ဦး သေဆုံး

ဗဟိုအာဖရိကနိုင်ငံ မြို့တော်ဘန်ဂူးတွင် ဖြစ်ပေါ်သော တိုက်ခိုက်မှုများအတွင်း ဒဏ်ရာရရှိသွားသူတစ်ဦးအား အထွေထွေဆေးရုံကြီးသို့ သယ်ဆောင်နေစဉ် ဗဟိုအာဖရိကနိုင်ငံ မြို့ တော် ဘန်ဂူး၏ ခရစ်ယာန်ဘာ သာဝင် အများစုနေထိုင်ရာ ရပ်ကွက်တစ်ခုကို မွတ်စလင်များက တိုက်ခိုက်ခဲ့သောကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံအရာရှိများနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူ တစ် ဦးက ပြောကြားသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဗဟိုအာဖရိကနိုင်ငံ မြို့တော်ဘန်ဂူးတွင် ဖြစ်ပေါ်သော တိုက်ခိုက်မှုများအတွင်း ဒဏ်ရာရရှိသွားသူတစ်ဦးအား အထွေထွေဆေးရုံကြီးသို့ သယ်ဆောင်နေစဉ်

 ဗဟိုအာဖရိကနိုင်ငံ မြို့ တော် ဘန်ဂူး၏ ခရစ်ယာန်ဘာ သာဝင် အများစုနေထိုင်ရာ ရပ်ကွက်တစ်ခုကို မွတ်စလင်များက တိုက်ခိုက်ခဲ့သောကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံအရာရှိများနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူ တစ် ဦးက ပြောကြားသည်။


မွတ်စလင်အမျိုးသားတစ်ဦး အသတ်ခံရကာ ၎င်း၏အလောင်း ကို ဘန်ဂူးမြို့ လေဆိပ်အနီးရှိ လမ်းတစ်လမ်းတွင် ပစ်ထားသည် ကို တွေ့ရှိခဲ့ပြီးနောက် မွတ်စလင် များက လက်တုံ့ပြန်ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင် သက်သေများက ပြောသည်။

ပြင်သစ်နှင့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ ၀င်များ လုံခြုံရေးတာဝန်ယူထားသည့် ဘန်ဂူးမြို့တွင် ယခု တိုက်ခိုက်မှုမှာ ယခုနှစ်အတွင်း အဆိုးရွားဆုံးဖြစ်သည်။

မွတ်စလင် ဆီလီကာသူပုန် များက ခရစ်ယာန်ဘာသာဝင် အ များစု နေထိုင်ရာ ဗဟိုအာဖရိက နိုင်ငံ၏ အာဏာကို ၂၀၁၃ အ တွင်း သိမ်းပိုက်လိုက်ပြီးနောက် စတင်ဖြစ်ပေါ်ခဲ့သော ၂ နှစ်ကြာ အကြမ်းဖက် တိုက်ခိုက်မှုများအ တွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အခြားထောင်ပေါင်းများစွာ အိုးအိမ်များ စွန့်ခွာထွက်ပြေးခဲ့ရသည်။

ဘန်ဂူးမြို့၏ အမှတ်(၃)ရပ်ကွက် အမာခံနယ်မြေမှ မွတ်စလင်များက စက်တင်ဘာ ၂၆ ရက်က ခရစ်ယာန်အများစုနေထိုင်ရာ အမှတ်(၅)ရပ်ကွက်ကို အော်တို မက်တစ် သေနတ်များ၊ ယင်း ထက်ပိုကြီးသော လက်နက်များ၊ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ ကြသည်။       

---------------------------------------
251 / End