အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္ဂနွေနေ့

၄ အောက်တိုဘာ ၂၀၁၅

၀၀:၂၅:၃၃
713482

ဘာကီနာဖာဆို၏ အာဏာသိမ်း လှုပ်ရှားမှုခေါင်းဆောင် အစိုးရထံတွင် လက်နက်ချ အဖမ်းခံ

ဘာကီနာ ဖာဆိုနိုင်ငံ၏ အာဏာသိမ်း လှုပ်ရှားမှုခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂီလ်ဘတ် ဒီယန်ဒရီသည် ယခုအခါ အစိုးရထံ လက်နက်ချ အဖမ်းခံခဲ့ပြီဟု သတင်းရရှိသည်။ ဘာကီနာဖာဆို၏ ရွေးကောက်ပွဲ မတိုင်မီ ကြားဖြတ် အစိုးရ အဖွဲ့နှင့် နီးစပ်သူများက ဒီယန်ဒရီသည် ဗာတီကန် သံရုံးတွင် ခိုလှုံနေရာမှ အောက်တိုဘာ ၁ ရက်တွင် အာဏာပိုင်များနှင့် ဆက်သွယ်ကာ အဖမ်းခံခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခင် အာဏာရှင် သမ္မတ ဘလာဆီ ကွမ်ပိုရီ လက်ထက်က ထောက်လှမ်းရေးဌာန အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် ဒီယန်ဒရီသည် ယခုလက်ရှိ သမ္မတ၏ ကိုယ်ရံတော်တပ်ဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူ ထမ်းဆောင်နေသူ ဖြစ်သည်။ သို့သော်လည်း စက်တင်ဘာလလယ်တွင် အစိုးရအဖွဲ့ အစည်းအဝေး တစ်ရပ်၌ ၎င်းက သမ္မတ မိုက်ကယ် ကာဖန်ဒို၊ ဝန်ကြီးချုပ် ယာကူဘာ အိုင်ဆက် ဇီဒါတို့နှင့် ဝန်ကြီးအချို့ကို ဖမ်းဆီးကာ အာဏာသိမ်းရန် အားထုတ်ခဲ့ခြင်း ဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဘာကီနာ ဖာဆိုနိုင်ငံ၏ အာဏာသိမ်း လှုပ်ရှားမှုခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂီလ်ဘတ် ဒီယန်ဒရီသည် ယခုအခါ အစိုးရထံ လက်နက်ချ အဖမ်းခံခဲ့ပြီဟု သတင်းရရှိသည်။

ဘာကီနာဖာဆို၏ ရွေးကောက်ပွဲ မတိုင်မီ ကြားဖြတ် အစိုးရ အဖွဲ့နှင့် နီးစပ်သူများက ဒီယန်ဒရီသည် ဗာတီကန် သံရုံးတွင် ခိုလှုံနေရာမှ အောက်တိုဘာ ၁ ရက်တွင် အာဏာပိုင်များနှင့် ဆက်သွယ်ကာ အဖမ်းခံခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခင် အာဏာရှင် သမ္မတ ဘလာဆီ ကွမ်ပိုရီ လက်ထက်က ထောက်လှမ်းရေးဌာန အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် ဒီယန်ဒရီသည် ယခုလက်ရှိ သမ္မတ၏ ကိုယ်ရံတော်တပ်ဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူ ထမ်းဆောင်နေသူ ဖြစ်သည်။ သို့သော်လည်း စက်တင်ဘာလလယ်တွင် အစိုးရအဖွဲ့ အစည်းအဝေး တစ်ရပ်၌ ၎င်းက သမ္မတ မိုက်ကယ် ကာဖန်ဒို၊ ဝန်ကြီးချုပ် ယာကူဘာ အိုင်ဆက် ဇီဒါတို့နှင့် ဝန်ကြီးအချို့ကို ဖမ်းဆီးကာ အာဏာသိမ်းရန် အားထုတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း စစ်တပ်က အစိုးရကို သစ္စာခံပြီး အူဂါဒူဂူ မြို့တော်ထိ ချီတက်ခဲ့သလို ပြည်သူလူထုကလည်း အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် သမ္မတ ကိုယ်ရံတော်တပ်ဖွဲ့၏ အကြံအစည် မအောင်မြင်ဘဲ ဒီယန်ဒရီလည်း ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။ ယခုအခါတွင်မူ အဘက်ဘက်မှ ဖိအားများကြောင့် ပြေးပေါက်ပိတ်သည့် အခြေအနေ ဖြစ်လာပြီး ဒီယန်ဒရီသည် အစိုးရထံ အညံ့ခံခဲ့ခြင်း ဖြစ်သည်။

“အခုတော့ သူ့ကို ဘာကီနာဖာဆို အာဏာပိုင်တွေက ထိန်းသိမ်းထားလိုက်ပါပြီ”ဟု လက်ရှိ ကြားဖြတ် အစိုးရ၏ တရားရေးဌာနနှင့် နီးစပ်သူ တစ်ဦးက ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် ဇီဒါက ဒီယန်ဒရီ၏ အသက်ရှင်ခွင့်ကို အလေးထား စောင့်ရှောက်မည်ဟု ဗာတီကန် သံရုံးထံ မိမိတို့ ကတိပြုထားကြောင်း အစောပိုင်းက ကြေညာသည်။ ဒီယန်ဒရီက အာဏာပိုင်များထံ အညံ့ခံခဲ့ပြီးနောက် ၎င်းကို လုံခြုံရေး ထူထပ်စွာ ချထားသည့် ယာဉ်တန်းဖြင့် ခေါ်ထုတ်ကာ စစ်တန်းလျား တစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဒီယန်ဒရီ၏ မဟာမိတ် တစ်ဦးဖြစ်ပြီး သမ္မတဟောင်း ကွမ်ပိုရီ လက်ထက်က နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူဖူးသည့် ဂျီဘရီလ် ဘက်စ်ဆိုလီသည်လည်း ယခုအရှုပ်အထွေးတွင် ဖမ်းဆီး ခံခဲ့ရသည်။ ဘာကီနာဖာဆို စစ်တပ်က ဘက်စ်ဆိုလီသည် သမ္မတ ကိုယ်ရံတော်အဖွဲ့ကို ဖျက်သိမ်းသည့် လုပ်ဆောင်မှုကို နှောင့်ယှက်ရန် အားထုတ်ခဲ့သလို နိုင်ငံခြား တပ်ဖွဲ့များ၊ အစ္စလာမ်မစ် စစ်သွေးကြွများ၏ အကူအညီကို ရယူကာ အာဏာသိမ်းမှုကို ဆက်လက် အထမြောက်အောင် အားထုတ်ခဲ့ကြောင်း စွပ်စွဲထားသည်။
---------------------------------------
251 / End