အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m - m edia
အင်္ဂါနေ့

၂၀ အောက်တိုဘာ ၂၀၁၅

၁၉:၄၃:၁၇
716101

မီဒီယာများ၏ ဘက်လိုက်ဖော်ပြမှုက မွတ်စလင်များအပေါ် ပြောင်းလဲစေသည်ဟု အမေရိကန် မွတ်စလင်ပညာရှင်တစ်ဦး ပြော

အစ္စလာမ်နှင့်ပတ်သက်သည့် ယူဆချက်အမှားများကို ဖြေရှင်းနေသည့် ထင်ရှားသော မွတ်စလင် ပညာရှင်တစ်ဦးဖြစ်သူ ဖိုင်ဆယ် အဘ်ဒူလ်ရာအွဖ်က မွတ်စလင်ကမ္ဘာအပေါ် အမေရိကန်များ၏ ရှုမြင်မှုများကို ဘက်လိုက်သော မီဒီယာများက ပုံဖော်နေပြီး မွတ်စလင်ဆန့်ကျင်ရေး သဘောထားများ မြင့်တက်လာစေသည်ဟု ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အစ္စလာမ်နှင့်ပတ်သက်သည့် ယူဆချက်အမှားများကို ဖြေရှင်းနေသည့် ထင်ရှားသော မွတ်စလင် ပညာရှင်တစ်ဦးဖြစ်သူ ဖိုင်ဆယ် အဘ်ဒူလ်ရာအွဖ်က မွတ်စလင်ကမ္ဘာအပေါ် အမေရိကန်များ၏ ရှုမြင်မှုများကို ဘက်လိုက်သော မီဒီယာများက ပုံဖော်နေပြီး မွတ်စလင်ဆန့်ကျင်ရေး သဘောထားများ မြင့်တက်လာစေသည်ဟု ပြောကြားခဲ့သည်။

“အစ္စလာမ်နဲ့ပတ်သက်ပြီး အမေရိကန်တွေရဲ့ နားလည်မှုကို ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ မီဒီယာတွေက ပုံဖော်နေပါတယ်။ ကမ္ဘာတစ်ဝှမ်း မွတ်စလင်တွေနဲ့ မွတ်စလင်မဟုတ်သူတွေရဲ့ ဆက်ဆံရေးက ကောင်းမွန်နေချိန်မှာ သတင်းတွေမှာပါလာတဲ့ ဟာတွေက ကျွန်တော်တို့အပေါ် အမြင်တွေကို ပြောင်းလဲစေပါတယ်” ဟု နယူးယောက်ရှိ မတ်စဂျစ်ဒ် အလ်-ဖာရာ ဗလီဝတ်ကျောင်းတော်မှ
ရှေ့ဆောင်အီမာမ်ဟောင်းဖြစ်သူ အဘ်ဒူလ် ရာအွဖ်က ဆိုသည်။

Moving the Mountain: Beyond Ground Zero to a New Vision of Islam in America စာအုပ် အပါအ၀င် စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည့် ရာအွဖ်မှာ မွတ်စလင်ကမ္ဘာနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးကောင်းများ ဖြစ်ထွန်းရန် ဆယ်စုနှစ်ချီ၍ ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။

အစ္စလာမ်သာသနာမှာ အကြမ်းဖက်မှုကို အားမပေးသော်လည်း မီဒီယာများက မွတ်စလင်လူတစ်စု၏ ရက်စက်ယုတ်မာမှုကိုသာ မီးမောင်းထိုးပြနေသည်ဟု သူက ဆိုသည်။

“တရားပွဲမှာ လူ ၃၀ ပြည့်အောင်တောင်မရှိတဲ့၊ ဧ၀ံဂေလိအသင်းတော်က ဘယ်သူမှမသိတဲ့ (ခရစ်ယာန်) တရားဟောဆရာ တစ်ယောက်က ကုရ်အာန်ကို မီးရှို့မယ်လည်း လုပ်လိုက်ရော ကမ္ဘာကျော်သွားတာပါပဲ။ ပြီးတော့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကလည်း အမေရိကန်တွေအားလုံးက ဒီလိုလုပ်ချင်တဲ့သူတွေလို့ ထင်သွားကြပါရော။ ဒါမျိုးတွေက နှစ်ဖက်စလုံးကို ပုံသွင်းနေတာဗျ။ ဒါတွေကို တတ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ တိုက်ထုတ်ရမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အချို့သော အကြမ်းဖက်သမားများက ၎င်းတို့၏ မကောင်းဆိုးဝါး အစီအစဉ်များအား အစ္စလာမ်အမည်တပ်၍ ဆောင်ရွက်နေကြသည်ဟုလည်း အဘ်ဒူလ် ရာအွဖ်က ထည့်သွင်းပြောကြားချဲ့သည်။ မွန်တားနား ကမ္ဘာ့ရေးရာကောင်စီမှ ယခုလအတွင်း မစ်ဆိုလာ၌ ပြုလုပ်မည့် အစီအစဉ်တစ်ခုတွင် အဘ်ဒူလ် ရာအုဖ်မှာ “မွတ်စလင်၊ မွတ်စလင်မဟုတ်သူများနှင့် မီဒီယာ” ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဖြစ်သည်။

Ref: Onislam