အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၇ နိုဝင်ဘာ ၂၀၁၅

၂၀:၂၅:၅၅
718993

ဟဇရသ် အေမာမ် ဇိုင်နွလ်အာဗေဒီး (န) (အ.စ) ၏ ဟဒီးစ်တော်များ

ဟဇရသ် အေမာမ် ဇိုင်နွလ်အာဗေဒီး (န) (အ.စ) ၏ ရှဟဒသ်ခံယူတော်မူသည့်အချိန်အခါ တွင် အေမာမ် (အ.စ) ၏ ဟဒီးစ်တော်များမှ အနည်းငယ် ကို တင်ပြလိုက်ပါတယ်။ မွတ်စလင်မ်များ အားလုံး အထူးသဖြင့် ရှီအာ မွတ်စလင်မ် များ အားလုံးကို ပိုရ်စာ ပေးပါတယ်။ အထူးဝမ်းနည်းကြေကွဲ ကြောင်း ပြောကြားလိုပါတယ်။

၁။ မိုအ်မင်တစ်ဦးတစ်ယောက်အနေဖြင့် မိမိ၏ သာသနာ့ ညီနောင် မိုအ်မင် ၏ မျက်နှာအား အချစ် မေတ္တာ နှင့် ကြည့်ခြင်းသည် အေဗါဒသ်ဖြစ်ပါသည်။

ကျမ်း - تحف العقول ص 282

၂။ ထိုသူအပေါ် ဝန်း(လ်) ဖြစ်ပါသည်။၎င်း၏ ဂိုနာ များသည် ၎င်း ၏ ကုသိုလ်များထက် များနေလေသည်။

ကျမ်း - بحار الانوار ج 68 ص 243

၃။ အလ္လာဟ် ဟို အရှင်မြတ် သခင်သည် (အနှိုင်းမဲ့ ) စွမ်းအားရှင် ဖြစ်သဖြင့် ကြောက်ရွံ့ ပါလေ။ ထိုအရှင်မြတ်သည် အသင်နှင့် (လုံးဝ) အနီးကပ်ဆုံး တွင်ရှိနေသဖြင့် ရှက်ပါလေ၊သိက္ခာ ထိန်းပါလေ။

ကျမ်း - بحار الانوار ج 75 ص 160

၎။ ပစ္စည်းဥစ္စာ ၏ ရပိုင်ခွင့် အခွင့်အရေး (ထမ်းဆောင်ပေးရမည့် တာဝန်) ဆိုသည်မှာ သမ္မာအာဇီဝ နည်းဖြင့် ရှာဖွေ ပြီး ၊ တရားတော်မှ ခွင့်ပြုသည့် လမ်းတွင် သုံးစွဲ လှူဒါန်းပေး ခြင်း ဖြစ်ပါသည်။

ကျမ်း - الخصال ص 569

၅။ ကြီးသည်မုသားဖြစ်စေ ငယ်သည်မုသားဖြစ်စေ (မုသား) အားလုံးမှ ရှောင်ကြဉ်ပါလေ။ ယုတ်စွအဆုံး အတည် လိမ်ညာမုသားဆိုသည်ဖြစ်စေ ၊ ဟာသလုပ် လိမ်ညာမုသားဆိုသည်ဖြစ်စေ ရှောင်ကြဉ်ရပေမည်။

ကျမ်း - الکافی ج 2 ص 338

 

==================

251 / End