အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၆ နိုဝင်ဘာ ၂၀၁၅

၀၀:၁၂:၂၂
720051

အာလင်မ် များ (သာသနာ့ပညာရှင်များ ) ထံ မချင်းကပ်ခြင်း၏ ဆိုးကျိုး

အဗ်နာ ။ ။ အာလင်မ် များ (သာသနာ့ပညာရှင်များ ) ထံ မချင်းကပ်ခြင်း၏ ဆိုးကျိုး နှင့်ပတ်သက်ပြီး ကိုယ်တော်မြတ် (ဆွ) ၏ အောက်ပါဟဒီးစ်တော် မွန်အားလေ့လာပြီး သိရှိ နိုင်ပါသည်။

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မိန့်တော်မူ၏။

(( ခေတ်ကာလတစ်ခု ရောက်ရှိလာပေလိမ့်မည်။ (ထိုခေတ်ကာလတွင်) သိုးမှဝံပုလွေကိုတွေ့ လျှင် ပြေးသည်ပမာ လူထုအနေဖြင့်လည်း အာလင်မ် များ (သာသနာ့ပညာရှင်များ ) ကို တွေ့လျှင် ထွက်ပြေးကြပေမည်။ ထိုအချိန်တွင် အလ္လာဟ် အရှင်မြတ် သည် သုံးခု သော် ဘေးဒုက္ခ နှင့် ဒဏ်ခတ်တော်မူပေမည်။

၁။ ၎င်းတို့၏ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု များမှ ဗရ်ကသ်ကို ရုပ်သိမ်းတော်မူမည်။

၂။ ၎င်းတို့အပေါ် ရက်စက်ယုတ်မာ ၊ညှဉ်းပန်းသည့် အစိုးရ ကို အုပ်ချုပ်စေတော်မူမည်။

၃။ ၎င်းတို့သည် ဤလောက မှ အီမာန် မပါပဲ ကွယ်လွန်သေဆုံးကြမည် ဖြစ်ပါသည်။ ))

စဖီးနသိုလ်ဗေဟာကျမ်း အတွဲ ၂ ၊စာမျက်နှာ ၂၂၀