အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
အင်္ဂါနေ့

၁၇ နိုဝင်ဘာ ၂၀၁၅

၁၉:၄၃:၅၇
720345

ပဲရစ်ဂယက်ကြောင့် ဆီးရီးယားဒုက္ခသည်များကို အမေရိကန်မှ ပြည်နယ်များ လက်မခံလိုကြ

ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း အစ္စလာမ်ကြောက်ရာဂါ မြင့်တက်လာသည့်အချိန်တွင် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ ပြည်နယ်များတွင် ဆီးရီးယားဒုက္ခသည်များကို နေရာချထားပေးမည်မဟုတ်ဟု ပြောကြားလိုက်သည်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း အစ္စလာမ်ကြောက်ရာဂါ မြင့်တက်လာသည့်အချိန်တွင် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ ပြည်နယ်များတွင် ဆီးရီးယားဒုက္ခသည်များကို နေရာချထားပေးမည်မဟုတ်ဟု ပြောကြားလိုက်သည်။

လက်ယာယိမ်း ရီပက်ဘလစ်ကန်ပါတီမှ အနည်းဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူး ၁၆ ဦးက တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပဲရစ်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူတစ်ဦး၏ အလောင်းနားတွင် ဆီးရီးယား နိုင်ငံကူးလက်မှတ် တွေ့ရှိရမှုကို ထောက်ပြခဲ့ကြသည်။

ဆီးရီးယားဒုက္ခသည်များအား လက်မခံလိုသည့် ပြည်နယ်များမှာ တက္ကဆက်၊ ဂျော်ဂျီယာ၊ အိုဟိုင်းယိုး၊ မက်ဆာချူးဆက်၊ အလာဘားမား၊ မီချီဂန်၊ လူဝီစီယားနား၊ အင်ဒီယားနား၊ ဖလော်ရီဒါ၊ မစ္စစီပီ၊ အရီဇိုနား၊ အီလီနွိုက်စ်၊ မြောက်ကယ်ရိုလိုင်းနား၊ ၀စ်ကွန်ဆင်နှင့် အာရကန်းနက်စ် ပြည်နယ်များ ဖြစ်ကြသည်။

ဒုက္ခသည်များအား ၎င်းတို့၏ ပြည်နယ်များအတွင်း နေရာချထာပေးရေးကို ပြည်နယ်အစိုးရက တာဆီးနိုင်သည့် အခွင့်အာဏာ မရှိသော်လည်း ဒေသတွင်းရှိ ဒုက္ခသည်အရေး ဆောင်ရွက်နေသည့် အဖွဲ့များကို ဖက်ဒရယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အမိန့်ပေးနိုင်သည်။

သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ကမူ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ ထိုကဲ့သို့ ကြေငြာမှုမှာ အမေရိကန်ရှိ လူများစုကြားတွင် အစ္စလာမ်ကြောက်ရောဂါ ကြီးထွားလာမှုကို ညွှန်ပြနေခြင်းဖြစ်သည်ဟု ဆိုသည်။

အမေရိကန်မှာ ယနေ့အချိန်အထိ ဆီးရီးယားဒုက္ခသည် ၁၅၀၀ ကိုသာ လက်ခံရသေးပြီး အိမ်ဖြူတော်ကမူ လာမည့် ၁၂ လတာ ကာလအတွင်း နောက်ထပ် ၁၀၀၀၀ ကို ထပ်မံလက်ခံမည်ဟု ယခုနှစ် အစောပိုင်းက ပြောကြားခဲ့သည်။ အချို့သော ရီပက်ဘလစ်ကန် တာဝန်ရှိသူများကမူ အမေရိကန်အနေဖြင့် ဆီးရီးယားမှ ခရစ်ယာန်ဒုက္ခသည်များကိုသာ လက်ခံသင့်သည်ဟု ဆိုသည်။

လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့သည့် ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ဥရောပတွင် ဒုက္ခသည်ဆန့်ကျင်ရေး သဘောထားများ ပိုမိုကြီးထွားလာခဲ့ပြီး ပြင်သစ်တွင် ဆီးရီးယားဒုက္ခသည်များ၏ စခန်းများကို မီးရှို့မှုပင် ဖြစ်ပွားခဲ့သည်။

Ref: Aljazeera

========================
251 / End