အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၈ နိုဝင်ဘာ ၂၀၁၅

၂၀:၂၄:၄၈
722040

ကျဲဟ်လွန်မ် အဇါဒါရီ ပြုနေသည့် နိုင်ဂျီးရီးယား နိုင်ငံသားများတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား / photos

နိုဝင်ဘာလ ၂၇ ရက်နေ့ သောကြာနေ့ တွင် နိုင်ဂျီးရီးယား နိုင်ငံ အရှေ့ မြောက်ပိုင်း တွင် ကျဲဟ်လွန်မ် အဇါဒါရီ ပြုနေသည့် နိုင်ဂျီးရီးယား နိုင်ငံသား ရှီအာ မွတ်စလင်မ် များ အကြား တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၂၁ ဦး ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အစွန်းရောက် အကြမ်းဖက်သမား စစ်သွေးကြွ တစ်ဦးမှ အေမာမ် ဟိုစိန် (အ.စ) ၏ အဇါဒါရီ ပြုနေသည့် လူ အုပ်ထဲတွင် ဝင်ရောက်ပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ပါတယ်။ ဤတိုက်ခိုက်မှုကြောင့် ၂၁ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အမြောက်အများ ဒဏ်ရာ ရခဲ့ပါတယ်။

ဤလူမဆန်သူ မှာ နိုင်ဂျီးရီးယား နိုင်ငံ ကာနို ပြည်နယ် နေ ရှီအာ မွတ်စလင်မ် များ အကြား ဝင်ရောက် ပြီး မိမိ ဝတ်ထားတဲ့ ခါးပတ်မှ ဗုံးကိုခွဲပြီး အသေခံ တိုက်ခဲ့ ခြင်း ဖြစ်ပါတယ်။

အဇါဒါရီ ပြုနေသည့် လူ အုပ်ကြီးမှာ အေမာမ် ဟိုစိန် (အ.စ) ၏ ကျဲဟ်လွန်မ် အတွက် အဇါဒါရီ ပြုနေခြင်း ဖြစ်ပါတယ်။

နိုင်ဂျီးရီးယား အစ္စလာမ်မီလှုပ်ရှားမှု အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ (မိုဟမ္မဒ်သူရီ ) သည် ဤ အဇါဒါရီ အုပ်စု ၏ခေါင်းဆောင် ဖြစ်ပါတယ်။ ၎င်းအနေဖြင့်ဤ အဖြစ်ဆိုး ဖြစ်ပွားသည့်နေရာ ရှိ သတင်းထောက်များ နှင့် စကားပြောဆိုရာ တွင် ပြောဆိုခဲ့ပါတယ်။ ၂၁ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အမြောက်အများ ဒဏ်ရာ ရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီးပြောကြားပါတယ်။ ကျနော်တို့ ကို အခုလို တိုက်ခိုက်တဲ့ ကိစ္စ ကို မအံ့သြပါဘူး။ဘာအတွက်ကြောင့် လည်းဆိုရင် တနိုင်ငံလုံး မှာ ဤ အခြေအနေ ရှိနေလို့ပါဟု ပြောကြားခဲ့ပါတယ်။

ဤတိုက်ခိုက်မှု ဟာ သာသနာတာဝန် များ ကို ထမ်းဆောင်မှု အတွက် အဟန့်အတား အတားဆီး မဖြစ်နိုင်ကြောင်း ကိုလည်း သူအနေနှင့် ပြောကြားခဲ့ပါတယ်။ ယုတ်စွ ကျနော်တို့အားလုံး အသတ်ခံရလျှင်လည်း နောက်ဆုံး အသက်ကျန်မည်သူ ဟာ ၎င်းရဲ့ သာသနာ့ တာဝန် ကို လက်တွေ့ ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

၎င်းမှဆက်လက်ရှင်းလင်းပြောဆိုပါတယ်။ ကျနော်တို့ အဇါဒါရီပြုလာတဲ့ လမ်းဟာ သွေးများ နှင့် စွန်းထင်း သွားခဲ့ပါတယ်။ ဒါပေမဲ့ အဇါဒါရီ ပြုသူတွေကတော့ ဆက်လက် ရှေ့ ကို ချီတက်ခဲ့ပါတယ်။

သက်ဆိုင်ရာ ရဲ အရာ ရှိ တစ်ဦး မှ ဤ အခင်းဖြစ်ပွား မှုနှင့် ပတ်သက်ပြီး ကြေညာ ခဲ့ပါတယ်။ ဤတိုက်ခိုက် မှုဟာ မွန်းတည်း ပြီးနောက် ဒေသစံတော်ချိန် ၂ နာရီ ခန့် တွင် ဖြစ်ပွားခဲ့ကြောင်း ၊ ဗုံးအား ဟာ အတော် ပြင်းထန်ကြောင်း ၊လက် ရှိ အခြေအနေထိမည်သည့် အစွန်းရောက် အဖွဲ့ မှ တာဝန် မယူ သေးကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

သက်သေအထောက်အထားများ အရ အသေခံဗုံးခွဲသူ မှာ အခြား အဇါဒါရီ ပြုလုပ်သူများ ပမာ အမဲရောင် အဝတ်ကို ဝတ်ဆင်ထားကြောင်း သိရပါတယ်။ ၎င်း နှင့်အတူ ပါလာသူ ကို ဖမ်းချုပ် နိုင်ခဲ့ပါတယ်။ဖမ်းချုပ်ခံရသူ မှ ၎င်းတို့ကို Boko Haram အဖွဲ့မှ စေလွတ်ခဲ့ကြောင်း ဝန်ခံ ပြောကြားထားပါတယ်။

မိုဟမ္မဒ်သူရီ ၏ ပြောကြားချက်အရ ၎င်း အသေခံ ဗုံးခွဲသူနှင့် ပါလာသူ ၎င်းတို့ ၂ဦးဟာ Boko Haram အဖွဲ့မှ တောထဲ သို့ ဖမ်းခေါ် သွားပြီး စစ်ရေး သင်ကြားခြင်းခံထားသူများမှ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒီလူ၂ဦး ကို Boko Haram အဖွဲ့မှ ၁၁ရက်အရင်ကတည်း က ကာနိုပြည်နယ်သို့ ပို့ထားပြီး အထူးသဖြင့် တိုက်ခိုက်မှု ကြို

အသေခံဗုံးခွဲ ခဲ့သည့် လူယုတ်မာ လအ်နသ်သွလ္လာဟ် ပုံ

ပု နိုင် ရန် နေအိမ် တစ်ခုံး ကိုလည်း စီစဉ်ထားပေး ကြောင်း ပြောကြားခဲ့ပါတယ်။

အသေခံ ဗုံးခွဲတိုက်ခိုက်သူမှာ ၎င်း နှင့်ပါလာသူအား ဖမ်းမိပြီးနောက် မိမိကို အသေခံ ဗုံးခွဲ ခဲ့ကြောင်း ၊အစွန်းရောက် အကြမ်းဖက်သမား အဖွဲ့ Boko Haram အဖွဲ့မှ သူတို့လုပ်ခိုင်းတာ မှန်ကြောင်းကို ဝင်ခံထားပြီး ဖြစ်ကြောင်း မိုဟမ္မဒ်သူရီ မှ ပြောပြခဲ့ပါတယ်။

Boko Haram အဖွဲ့သည် နိုင်ဂျီးရီးယား နိုင်ငံ ၏ ငြိပ်ဝပ်ပိပြား မှု လုံခြုံမှု ကို ပျက်ပြားစေခဲ့ပြီး အသေခံ တိုက်ခိုက်မှု များဖြင့် မြောက်များစွာ သော မြို့သူမြို့ သားများ နှင့် လုံခြုံရေး တပ်သားများ ကိုလုပ်ကြံ ခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့သည့် နှစ် မဟော်ရမ် ၉ ၇က်နေ့  ကလည်း (ပီစ်သီကိုမ် ) မြို့ နေ အဇါဒါရီ ပြုသူများကို အသေခံ တိုက်ခိုက်ခဲ့ရာ နိုင်ဂျီးရီးယား ရှီအာ မွတ်စလင်မ် အယောက် ၂၀ ရှဟီးဒ် ဖြစ်ခဲ့ပြီး အယောက် ၅၀ ဒဏ်ရာ ရခဲ့ပါတယ်။

======

251/ End