အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၃၀ နိုဝင်ဘာ ၂၀၁၅

၁၉:၃၄:၂၁
722372

အိမ်ထောင်သည်များ အတွက် ဟဒီးစ်တော် များ အပိုင်း (၁)

အဗ်နာ။ ။ ဤကဏ္ဍတွင် အိမ်ထောင်သည်များ နှင့်သက်ဆိုင်သည့် ဟဒီးစ်တော် များ ကို ကြိုးစား ဖော်ပြသွားဖြစ်ပါတယ်။

(၁) မဟာတမန်တော်မြတ် ကြီး (ဆွ) မိန့်တော်မူသည်။

 

အကယ်၍ အကြင်သူ တစ်ဦးတစ်ယောက်သည် မိုဟ်သလင်းမ် (အိမ်မက်တွင် သုတ်ရည်ထွက်ခြင်း) ဖြစ်မည်ဆိုလျှင် ဂိုစ်(ဂိုစ်လေဂျနာဗာသ်) မပြုပဲ မိမိဇနီးသည်နှင့် လိင်ဆက်ဆံ ခြင်းသည် မက်ူ (လုပ်လျှင် အပြစ် မရှိ ၊မလုပ် လျှင်စဝါးဗ်ရ) ဖြစ်ပါသည်။အကယ်၍ ဂိုစ်( ဂိုစ်လေ ဂျနာဗာသ်) မပြုပဲ မိမိဇနီး သည်နှင့် လိင် ဆက်ဆံခဲ့ မည်ဆိုလျှင် ကလေးတည်သွားပါက အူးမွေးလာမည်ဖြစ်ပါသည်။ (ဤကဲ့သို့ဖြစ်လာလျှင်) မိမိကိုယ်သာ အပြစ်တင် ရပေမည်၊ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ အပြစ်မတင်သင့်ချေ။

ကျမ်းကိုး - شیخ حر عاملی : وسائل الشیعه ، ج 20 ، صفحه 139

 

 

(၂)အေမာမ်မိုဟမ္မဒ် ဘာကဲရ် (အ.စ) မိန့်တော်မူသည်။

 

မိမိဇနီးည်ကို နှစ်ကိုယ်တည်းတွေ့ဖို့လာချိန် ဝဇူပြုလာဖို့ မေတ္တာ ရပ်ခံပါလေ။ အသင်လည်း ၎င်းထက် အလျှင် ဝဇူပြုလုပ်ထား ပါလေ။ ပြီးမှ လိင်ဆက်ဆံမှု ကိုပြုကြပါလေ။ ( ဇနီးနှင့်ခင်ပွန်း နှစ်ဦးစလုံး ဝဇူ နှင့် လိင်ဆက်ဆံကြရန် ဆိုလိုထားခြင်းဖြစ်ပါသည်။ )

ကျမ်းကိုး - شیخ حر عاملی : وسائل الشیعه ، ج 20 ، صفحه 115

 

 

(၃)အမီးရ်ရ်ွမိုအ်မေနီး အလီ (အ.စ) မိန့်တော်မူသည်။

 

မိမိဇနီးသည်နှင့် လိင်ဆက်ဆံမှု ပြုရန် ရည်ရွယ်ချိန်တွင် (ဤဒိုအာလေးကို ) ဖတ်ရွတ်ရပါမည်။ ((အလ္လာဟ် ဟို အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏ ။ အိုအလ္လာဟ် ဟို အရှင်မြတ် သခငှ်ိုင်တွာန် ကို ကျွန်တော်မျိုးတို့ နှစ်ဦး နှင့် အလ္လာဟ် ဟို အရှင်မြတ် သခင်ချီးမြင့်မည့် သား(သို့)သမီး တို့နှင့်ဝေးကွာ စွာ ထားတော်မူပါ။ )) အကယ်၍ ဤကဲ့သို့ ဒိုအာ ပြုခဲ့မည်ဆိုလျှငှ်ိုင်တွာန် သည် အသင်တို့၏ သား သမီး များကို မည်သည့်အခါမှ ဆုံှးုံး မှုနှင့် တွေ့ရ အောင်လုပ် ဆောင်နိုင်မည် မ ဟုတ်ချေ။

ကျမ်းကိုး - شیخ حر عاملی : وسائل الشیعه ، ج 20 ، صفحه 136

 

(၄) အေမာမ်ဆွာဒစ် (အ.စ) မိန့်တော် မူသည်။

 

အသင်တို့ အနေဖြင့် ကေဗ်လာရှိရာအရပ် (အနောက်ဖက်) သို့ မျက်နှာမူ၍ သော်လည်းကောင်း ကျော ပေး၍ သော်လည်းကောင်း မိမိဇနီးသည်များ နှင့် လိင်မဆက်ဆံ ကြပါလေနှင့် ။

ကျမ်းကိုး - علامه طبرسی ، مکارم الاخلاق ، صفحه 255

 

(၅) အေမာမ်ဆွာဒစ် (အ.စ) မိန့်တော် မူသည်။

 

အရာအကြောင်းအရာ ၃ခုသည် မနုဿလူသား၏ ကိုယ်ခန္ဓာ ကိုယ်ကာယ ကိုဖျက်စီးစေပါသည်။ ယုတ်စွ အသက်ပင် ဆုံးရ သည့်အထိ ဖြစ်တတ်ပါသည်။ (၎င်း အကြောင်း အရာ ၃ခု မှာ)

၁။ ဗိုက်ပြည့်နေချိန် ရေချိုးခြင်း

၂။ ဝမ်းဗိုက်ပြည့်နေချိန် မိမိဇနီး နှင့် ကာမစပ်ယှက်ခြင်း

၃။ အဖွားကြီးများ နှင့် လိင်ကူးလူးခြင်း တို့ ဖြစ်ပါသည်။

ကျမ်းကိုး - شیخ حر عاملی : وسائل الشیعه ، ج 20 ، صفحه 255

==========================

251/End