အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : eleven media
ကြာသပတေးနေ့

၃ ဒီဇင်ဘာ ၂၀၁၅

၁၉:၂၁:၅၈
722908

ကယ်လီဖိုးနီးယားတွင် အားလပ်ရက် ပါတီ၌ သေနတ်သမားနှစ်ဦး ပစ်ခတ်မှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

ကယ်လီဖိုးနီးယားတွင် အားလပ်ရက် ပါတီတစ်ခုကို သေနတ်သမားနှစ်ဦးက ၀င်ရောက် ပစ်ခတ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂ ရက် က လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့သည်။ တိတ်ဆိတ်သော လူနေရပ်ကွက်အတွင်း ကျင်းပသော ပါတီကို အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုတွင် သေနတ်သမားနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

လော့စ်အိန်ဂျလိရှိ KABC TV မှ ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုမှ ရိုက်ကူးထားသည့် ဓာတ်ပုံတွင် တွေ့ရသော ဒီဇင်ဘာ ၂ ရက် ပစ်ခတ်မှု မြင်ကွင်း



ကယ်လီဖိုးနီးယားတွင် အားလပ်ရက် ပါတီတစ်ခုကို သေနတ်သမားနှစ်ဦးက ၀င်ရောက် ပစ်ခတ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂ ရက် က လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့သည်။ တိတ်ဆိတ်သော လူနေရပ်ကွက်အတွင်း ကျင်းပသော ပါတီကို အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုတွင် သေနတ်သမားနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

သေနတ်သမား သုံးဦးဟု သံသယ ရှိခဲ့သော်လည်း ပစ်ခတ်သူ နှစ်ဦးသာ ရှိခဲ့ကြောင်း နောက်တစ်ဦး လွတ်မြောက်နေသည်ဟု မသတ်မှတ်နိုင်တော့ကြောင်း ဆမ်ဘာနာဒီနိုမြို့ ရဲမှူးက ပြောကြားခဲ့သည်။ ပထမ တရားခံသည် အသက် ၂၈ နှစ်အရွယ် ဖာရွတ်ဆိုသူ အမေရိကန်ဖွား တစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ရဲမှူး ဂျာယော့ဘာဂန်က ပြောကြားခဲ့သည်။ အမေရိကန်တွင် သုံးနှစ်အတွင်း အဆိုးရွားဆုံးသော အစုပြုံလိုက် အသတ်ခံရမှုကြောင့် သမ္မတ ဘာရက်အိုဘားမားက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန် ပိုမိုတင်းကျပ်သည့် သေနတ် ထိန်းချုပ်ရေး ဥပဒေကို ခွင့်ပြုပေးရန် ကွန်ဂရက်အား ထပ်မံ တိုက်တွန်းခဲ့သည်။

သေနတ် သမားများသည် စစ်ဘက်ပုံစံ ၀တ်ဆင်ခဲ့ကြပြီး မသန်စွမ်းသူများအတွက် စင်တာရှိ စုဝေးခန်းမတွင်းသို့ ၀င်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ၁၄ ဦး သေဆုံးခဲ့ပြီး ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည့်အပြင် ၁၀ ဦးသည် ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။

လော့အိန်ဂျလိ အရှေ့ဘက်သို့ တစ်နာရီခန့် ကားမောင်းသွားရသည့် နေရာတွင်ရှိသော ဆမ်ဘာနာဒီနိုမြို့ရှိ မသန်စွမ်းသူများ စင်တာတွင် နှစ်ကုန် အားလပ်ရက် ပါတီ၌ လူသတ်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သေနတ်သမား ဖာရွတ်သည် ပြည်သူ့ကျန်းမာရေးဌာန၌ သဘာဝ ပတ်ဝန်းကျင်ရေးရာ အထူးကျွမ်းကျင်သူအဖြစ် ငါးနှစ် လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း ရဲမှူး ဘာဂန်က ပြောကြားခဲ့သည်။

အငြင်းပွားမှုကြောင့် စိတ်ပျက်ပြီး ပါတီမှ ထွက်ခွာသွားသော အလုပ်သမားတစ်ဦးနှင့် ပစ်ခတ်မှု ဆက်နွှယ်နေနိုင်ကြောင်း ပြောကြားမှုများကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေသည်။ သေနတ်သမား ဖာရွတ်သည် ပါတီ၌ ရှိနေခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ကယ်လီဖိုးနီးယား အခြေစိုက် အမေရိကန် အစ္စလာမ္မစ် ဆက်ဆံရေး ကောင်စီက သေနတ် ပစ်ခတ်မှုကြောင့် သေဆုံးရမှုများကို ရှုတ်ချခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ကွန်နက်တီကက်ပြည်နယ် နယူးတောင်းမြို့ရှိ ဆန်ဒီဟု အခြေခံပညာကျောင်း၌ လူငယ်တစ်ဦးက လူ ၂၆ ဦးကို ပစ်ခတ်ခဲ့မှု နောက်ပိုင်း ယခု ပစ်ခတ်မှုသည် အမေရိကန် သမိုင်း၌ အဆိုးရွားဆုံး ဖြစ်သည်။

ကော်လိုရာဒိုတွင် မိသားစု စီမံကိန်း ဌာနတစ်ခု၌ လူသုံးဦး သေဆုံးခဲ့ပြီးနောက် သေနတ် ထိန်းချုပ်မှုကို အရေးယူ ဆောင်ရွက်ရန် သမ္မတ အိုဘားမားက ပြီးခဲ့သည့် တစ်ပတ်ပင် တောင်းဆိုခဲ့သည်။ ဒီမိုကရက်တစ် သမ္မတ ကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန်ကလည်း ယခု ပစ်ခတ်မှုကို သာမန်ကိစ္စအဖြစ် လက်ခံရန် ငြင်းဆိုကြောင်း Twitter တွင် ရေးသားခဲ့ပြီး သေနတ် ထိန်းချုပ်မှုအတွက် အရေးယူ ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။

အောက်တိုဘာလကတည်း သေနတ်သမား တစ်ဦးသည် အော်ရီဂွန်ပြည်နယ်တွင် ကောလိပ်တစ်ခု၌ လူလေးဦးကို သတ်ဖြတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်။

အမေရိကန်တွင် ယခုနှစ်အတွင်း အစုအပြုံလိုက် ပစ်ခတ်မှုများကြောင့် သေဆုံးသူ ၃၅၂ ဦးထိ ရှိလာပြီးဖြစ်ကြောင်း Mass Shooting Tracker က ဖော်ပြခဲ့သည်။ လူလေးဦးထက် ပို၍သေဆုံးသော ဖြစ်ရပ်များကို အစုံအပြုံလိုက် ပစ်ခတ်မှုအဖြစ် သတ်မှတ် ဖွင့်ဆိုသည်။

Ref : AFP
============================
251 / End