အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္လာနေ့

၇ ဒီဇင်ဘာ ၂၀၁၅

၁၅:၃၅:၀၄
723549

အကြမ်းဖက်ဆန့်ကျင်ရေး အမေရိကန်မွတ်စလင်များ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု ကန်ဆက်စ်မြို့ အရှေ့မြောက်ဖက်တွင် မွတ်စလင် ဒါဇင်ပေါင်းများစွာမှာ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အကြမ်းဖက်ဝါဒကို ရှုတ်ချကြောင်း စနေနေ့က လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အမေရိကန်ပြည်ထောင်စု ကန်ဆက်စ်မြို့ အရှေ့မြောက်ဖက်တွင် မွတ်စလင် ဒါဇင်ပေါင်းများစွာမှာ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အကြမ်းဖက်ဝါဒကို ရှုတ်ချကြောင်း စနေနေ့က လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

၎င်းတို့မှာ Not in my Name ခေါင်းစဉ်ဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များကလည်း လူမှုကွန်ရက်များပေါ်တွင် အစ္စလာမ်သာသနာသည် ငြိမ်းချမ်းသောသာသနာဖြစ်သည်ဆိုသော သတင်းစကားကို ပျံ့နှံ့စေမည့် ကမ်ပိန်းတစ်ခု စတင်ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးအတွက် ဒီရောက်နေကြတာပါ၊ ကျွန်တော်တို့ IS ကို ဆန့်ကျင်ပါတယ်။ ကျွန်တော်တို့ဟာ ပန်းပျိုးလက်တွေပါ။ ဗုံးထုတ်တဲ့လက်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းမှုကို မြတ်နိုးပါတယ်။ ကျွန်တော်တို့ဟာ အမေရိကန်နိုင်ငံသားကောင်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်ပြီး အခွန်ဆောင်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ အီရတ်နဲ့ ဆော်ဒီနွယ်ဖွားတွေပါဝင်တဲ့ အဖွဲ့အစည်း သေးသေးလေးတစ်ခု သာဖြစ်ပါတယ်။ အပြစ်မဲ့ အသတ်ခံရတဲ့ လူတိုင်းအတွက် ကျွန်တော်တို့ ဒီရောက်နေခြင်းဖြစ်ပါတယ်’ ဟု မူကြိုကျောင်းဆရာဖြစ်သူ ဟူဒါအလီဆာဝီက ပြောကြားခဲ့သည်။

လမ်းလျှောက်မှုကို ကက်ဆလာဥယျာဉ်တွင် စတင်ခဲ့ပြီး အလ်ကာ့ဖ်အစ္စလာမ့်စင်တာတွင် အဆုံးသတ်ခဲ့သည်။

အမေရိကန်တွင် လူဖြူအစွန်းရောက်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ IS နှင့် အလ်ကိုင်းဒါးတို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် သေဆုံးမှုများထက် ပိုမိုများပြားသည်ဟု စစ်တမ်းများအရ သိရသည်။

Ref: IINA News

===========================

251 / End