အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၁၀ ဒီဇင်ဘာ ၂၀၁၅

၁၃:၁၂:၃၆
724077

ဒီချုပ်အနိုင်ရပြီးနောက် အမေရိကန်-မြန်မာ တပ်မတော်ချင်း ဆက်ဆံရေးတိုးမြှင့်ရန် ကန်ဗိုလ်ချုပ်ကြီး လိုလား

ရွေးကောက်ပွဲတွင် ဒေါ် အောင်ဆန်းစုကြည်၏ ဒီချုပ်ပါတီ အပြတ်အသတ် အနိုင်ရရှိပြီး နောက် အမေရိကန်-မြန်မာ တပ် မတော်ချင်း ပိုမိုရင်းနှီးစွာဆက် ဆံရန် အမေရိကန်တပ်မတော် က စိတ်အားထက်သန်နေကြောင်း အာရှ - ပစိဖိတ်ဒေသ ဆိုင်ရာ အမေရိကန်စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ဗင်းဆင့်ဘရွတ်ခ်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အမေရိကန်၏ အာရှ−ပစိဖိတ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗင်းဆင့်ဘရွတ်ခ်(ယာ)နှင့် တရုတ်ရေတပ်စစ်ဦးစီးချုပ်(၀ဲ) တို့ကို အတူတွေ့ရစဉ် (Asia Maritime Transparency Initiative)



ရွေးကောက်ပွဲတွင် ဒေါ် အောင်ဆန်းစုကြည်၏ ဒီချုပ်ပါတီ အပြတ်အသတ် အနိုင်ရရှိပြီး နောက် အမေရိကန်-မြန်မာ တပ် မတော်ချင်း ပိုမိုရင်းနှီးစွာဆက် ဆံရန် အမေရိကန်တပ်မတော် က စိတ်အားထက်သန်နေကြောင်း အာရှ - ပစိဖိတ်ဒေသ ဆိုင်ရာ အမေရိကန်စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ဗင်းဆင့်ဘရွတ်ခ်က ပြောကြားသည်။

ဒီဇင်ဘာ ၈ ရက်က ၀ါရှင် တန်မြို့တွင်ပြုလုပ်ခဲ့သော ကာ ကွယ်ရေးဆိုင်ရာ စာရေးဆရာ များ မျက်နှာစုံညီ စားပွဲဝိုင်းဆွေး နွေးပွဲ၌ ဗိုလ်ချုပ်ကြီး ဗင်းဆင့် ဘရွတ်ခ်က ယင်းကဲ့သို့ ပြော ကြားခဲ့ကြောင်း ရိုက်တာသတင်း ဌာနက ဖော်ပြသည်။

ထို့အပြင် အရှေ့တောင် အာရှရှိ မြန်မာနိုင်ငံ၏ မိတ်ဆွေ နိုင်ငံများမှ တပ်မတော်အကြီးအ ကဲများကလည်း ဤကဲ့သို့မြန်မာနှင့် အမေရိကန်ဆက်ဆံရေးတိုးချဲ့မှုကို မြင်လိုနေကြသည်ဟု ဘရွတ်ခ်ကဆိုသည်။

၂၀၁၄ က ကျင်းပခဲ့သော အာဆီယံ ကာကွယ်ရေးဝန်ကြီး များနှင့် အစည်းအဝေး တစ်ခုတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အ ပျက်ကိုလည်း ၎င်းကပြန်ပြောင်း ပြောပြသည်။

‘‘တခြားတပ်မတော်တွေက ခေါင်းဆောင်တွေက ကျွန်တော့် ကို လက်ကဆွဲပြီး အဲဒီမှာရှိနေတဲ့ မြန်မာဗိုလ်ချုပ်ကြီးဆီကို ဆွဲခေါ်သွားကြတာကို ကြုံခဲ့ရတယ်။ဒီဒေသဟာ အမေရိကန် ပြည် ထောင်စုနဲ့ မြန်မာ ဆက်ဆံရေးပူးပေါင်းပြီး ရှေ့ဆက်သွားနိုင် အောင် ကူညီပေးဖို့ တကယ်လို လားကြတာ’’ ဟု ဗိုလ်ချုပ်ကြီး ဗင်းဆင့်ဘရွတ်ခ်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီချုပ် ပါတီ တောင်ပြိုကမ်းပြို အနိုင်ရခြင်းသည် အမေရိကန် တပ်မ တော် အနေဖြင့် ရှေ့ဆက်သွားနိုင်ရေး အဆင်သင့် ဖြစ်လာစေ ကြောင်း ၎င်းကပြောသည်။ ထိုသို့ အမေရိကန်-မြန်မာ နှစ်နိုင်ငံ စစ် ဘက် ဆက်ဆံရေး တိုးမြှင့်ရန် အမေရိကန်အစိုးရ၏ မူဝါဒ ဆုံး ဖြတ်ချက်တစ်ခုကို စောင့်ရဦးမည် ဟု ဆိုသည်။

၎င်း၏ဗိုလ်ချုပ်ကြီးများအ နက် တစ်ဦးသည် မြန်မာစစ်တက္က သိုလ်တွင် စကားပြောခွင့်ရခဲ့ပြီး ဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင်ကိုယ် ကျ တိုက်ရိုက်ဆက်ဆံရေးပိုမြှင့် တင်လိုကြောင်းလည်း မစ္စတာ ဘ ရွတ်ခ်ကပြောသည်။ အုပ်ချုပ် ရေး၊ မီဒီယာနှင့် ဆက်ဆံရေး၊ အ များပြည်သူနှင့်အရပ်သားအစိုးရ ဆိုင်ရာတို့နှင့်ပတ်သက်၍ အမေ ရိကန်တပ်မတော်၏ ပရော်ဖက် ရှင်နယ်ကျကျ ကျွမ်းကျင်လိမ္မာမှု များကို မျှဝေလက်ဆင့်ကမ်းပေး နိုင်မည့် အခွင့်အရေးတစ်ခုအဖြစ် အမေရိကန်ပြည်ထောင်စုက မြင် သည်ဟုဆိုသည်။

၂၀၁၅ နိုဝင်ဘာတွင် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၀ါရှင်တန်ပို့စ်သတင်းဌာနတို့ အင်တာဗျူး၌ နှစ်နိုင်ငံစစ်ဘက်ဆ က်ဆံရေးကောင်းမွန်လာရန် မျှော်လင့်ကြောင်း တပ်ချုပ်က ပြောကြားခဲ့သည်။

‘‘၈၈ နောက်ပိုင်းကျမှသာ ကျွန်တော်တို့ဆက်ဆံရေးအခြေ အနေက အလှမ်းဝေးသွားတာ ပါ။ အခု အခြေအနေမှန်ပေါ် ပြန် ရောက်ဖို့အတွက် လမ်းကြောင်း မှန်ပေါ် ကျွန်တော်တို့ရောက်နေပါ ပြီ။ နောက်ကျလို့ရှိရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တပ်မတော်ကြား ယုံ ကြည်မှုအပေါ် မူတည်ပြီးတော့ ဆက်ဆံရေးလည်း ကောင်းလာ လိ့မ်မယ်လို့ ယုံကြည်ပါတယ်’’ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဖြေကြားခဲ့သည်။

ထို့အပြင် စစ်လက်နက် ပစ္စည်းများ အမေရိကန်ကရောင်း  မည်ဆိုလျှင် အသုံးတည့်ပါက၀ယ်ယူမည်ဟု တပ်ချုပ်ကပြောခဲ့ သည်။ အမေရိကန်ပြည်ထောင်စု က မြန်မာနိုင်ငံကိုစစ်လက်နက် ရောင်းဝယ်ကုန်သွယ်မှု ပိတ်ပင် အရေးယူထားသည်မှာ အနှစ်၂၀  ကျော်လာပြီဖြစ်သည်။ ဤ အတောအတွင်း တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်းများ အဓိက ၀ယ်ယူအသုံးပြုနေကြောင်း  ဗိုလ် ချုပ်မှူးကြီးက ဆက်လက်ပြော ကြားခဲ့သည်။

၁၉၈၈ ဒီမိုကရေစီအရေး တော်ပုံတွင် ဆန္ဒထုတ်ဖော်သူများ ကို စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်း မှုဖြစ်ပွားခဲ့ပြီးနောက်တွင် အမေ ရိကန်ဥပဒေပြုလွှတ်တော်အမတ် များသည် မြန်မာအပေါ် ပိတ်ဆို့မှု များစတင်ဆောင်ရွက်ခဲ့သည်။ အ ကြမ်းဖက်မှုအပေါ် တုံ့ပြန်ရန် ထို အချက်က အမေရိကန်သမ္မတ ရော်နယ်ရေဂင်အစိုးရအဖွဲ့ကို ကွန်ဂရက်က တောင်းဆိုခဲ့သည်။ ထို့နောက် ကန်သမ္မတ ရေဂင် သည် မြန်မာနိုင်ငံရှိ မူးယစ်ဆေး ၀ါးတိုက်ဖျက်ရေးအစီအစဉ်များ အပါအ၀င် အမေရိကန် အကူ အညီအားလုံးကို ဆိုင်းငံ့လိုက်ပြီး လက်နက်ရောင်းချမှုအားလုံးကို ရပ်တန့်ခဲ့သည်။ ထို့နောက်ဂျော့ရှ် အိတ်ခ်ျဒဗလျူဘုရှ်၊ ဘီလ်က လင်တန်၊ ဂျော့ရှ်ဒဗလျူဘုရှ် စသည့် အဆက်ဆက်သမ္မတများ နှင့် ကွန်ဂရက်သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို တုံ့ပြန်အရေးယူသည့် အနေ ဖြင့် ၎င်းတို့၏ ပိတ်ဆို့မှုများ တောက်လျှောက်တင်းကျပ်ခဲ့ကြ သည်။ သမ္မတဦးသိန်းစိန်လက် ထက် ပြုပြင်ပြောင်းလဲရေး အစ ပြုပြီးနောက် ၂၀၁၂ တွင် မြန်မာ အပေါ် စီးပွားရေးကုန်သွယ်မှုများ ကို ဖြေလျှော့ချလိုက်သော်လည်း လက်နက်ရောင်းချမှုကိုမူ ဆက် လက်ပိတ်ပင်ထားသည်။

============================
251/End