အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၁၀ ဒီဇင်ဘာ ၂၀၁၅

၁၄:၁၉:၃၈
724094

ဓာတ်ပုံတစ်ပုံကို Like နှိပ်ပြီး မျှဝေမိသဖြင့် ထောင် ၃၂ နှစ်ကျခံရမည့်အရေး ကြုံနေရသည့် ထိုင်းအမျိုးသား

Facebookပေါ်မှ ဓာတ်ပုံတစ်ပုံကို Like နှိပ်ပြီး Share မိခြင်းကြောင့် ထိုင်းနိုင်ငံတွင် အမျိုးသားတစ်ဦး ထောင်ဒဏ် ၃၂ နှစ်ထိ ချမှတ်ခံရမည့်အရေးနှင့် ကြုံနေရသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

Facebookပေါ်မှ ဓာတ်ပုံတစ်ပုံကို Like နှိပ်ပြီး Share မိခြင်းကြောင့် ထိုင်းနိုင်ငံတွင် အမျိုးသားတစ်ဦး ထောင်ဒဏ် ၃၂ နှစ်ထိ ချမှတ်ခံရမည့်အရေးနှင့် ကြုံနေရသည်။

ဆာမွတ်ပရာကန်တွင်နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် သာနာကွန်သီရိပိုင်ဘွန်သည် ထိုင်းဘုရင်မင်းမြတ်၏ပုံရိပ်ကို ကွန်ပျူတာဖြင့် ပြုပြင်ဖန်တီးထားသည့် ဓာတ်ပုံတစ်ပုံကို Like နှိပ်ပြီး သူငယ်ချင်းများထံ ဝေမျှခဲ့ခြင်းကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တော်ဝင်မိသားစုကို စော်ကားမှု၊ ဆိုက်ဘာရာဇဝတ်မှု စွဲချက်များဖြင့် စစ်ဆေးခံနေရသည်။

ထိုင်း၏ စစ်တပ်အာဏာသိမ်းအစိုးရဖြစ်သည့် အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီမှ ဥပဒေရေးရာအရာရှိ ဗိုလ်မှူးကြီး ဘာရင်သွန်ရာပိုင်က “ဒီဇင်ဘာ ၂ ရက်မှာ သာနာကွန်ဟာ လုပ်ကြံဖန်တီးထားတဲ့ ဘုရင်မင်းမြတ်ဓာတ်ပုံကို Like နှိပ်ခဲ့ပါတယ်။ ပြီးတော့ သူငယ်ချင်း ၆၀၈ ယောက်ကို မျှဝေခဲ့တယ်”ဟု AFP သို့ ပြောကြားခဲ့သည်။ ကားဝပ်ရှော့အလုပ်သမားတစ်ဦးဖြစ်သည့် သာနာကွန်ကို ဆာမွတ်ပရာကန်ရှိ နေအိမ်တွင်ပင် ရဲများက ဖမ်းဆီးခဲ့ပြီး လက်ရှိစွဲချက်များသာ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပါက ထောင်ဒဏ် ၃၂ နှစ်ထိ ကျခံရမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ်၊ မိဖုရားကြီး၊ သားတော်သမီးတော်များနှင့် တော်ဝင်မိသားစုကို စော်ကားခြင်းသည် ကြီးလေးသည့် အပြစ်ဖြစ်ပြီး ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်ခွင့် ရှိနေသည်။ အတိုက်အခံ ရှပ်နီအင်အားစု
 ထောက်ခံသူတစ်ဦးလည်းဖြစ်သည့် သာနာကွန်သည် လက်ရှိစစ်အစိုးရက ဦးဆောင်တည်ဆောက်နေသည့် ဘတ်ငွေဘီလီယံနှင့်ချီတန်ဖိုးရှိသော ရာဇာဟတ္တိပန်းခြံစီမံကိန်းနှင့် ပတ်သက်၍ နှောင့်နှေးမှုများ၊ မလိုအပ်ဘဲ
 ငွေကြေးအကုန်အကျများနေမှုများ၊ အဂတလိုက်စားမှုများ ရှိနေခြင်းကို ထောက်ပြထားသည့် ရုပ်ပုံအညွှန်း ဓာတ်ပုံကိုလည်း Facebook ပေါ်တွင် မျှဝေခဲ့သေးသည်။

“ဒီရုပ်ပုံအညွှန်းကို ရန်စလှုံ့ဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ Facebookပေါ် တင်ခဲ့တယ်လို့ သူက ဝန်ခံထားပါတယ်”ဟု ဗိုလ်မှူးကြီး ဘာရင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လကလည်း အဆိုပါ ပန်းခြံ၏ ရုပ်ပုံအညွှန်းကို မျှဝေသည့် အမျိုးသမီးတစ်ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲချက်တင်ခံရပြီးနောက် ရဲစခန်းတွင် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့သည်။ သူမကို လတ်တလောတွင် စစ်ဆေးနေဆဲဟု သိရသည်။

Ref: Bangkok Post


======================
251 /End